၂၀၂၃ ခုနှစ်မှာ Workout မယ်မယ်ရရ ပြုလုပ်ဖြစ်ပါရဲ့လား။ ကွီးတို့ အဖြေက “Yes” ဆိုရင်တော့ အခုအချိန်မှာ ကွီးတို့ရဲ့ ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နေပြီဆိုတာ ရဲရဲကြီး အာမခံရဲပါတယ်။ ၂၀၂၃ ခုနှစ်မှာ Workout တွေ တစိုက်မတ်မတ် ပြုလုပ်ခဲ့တဲ့အတွက်ကြောင့်လည်း ဘယ်လေ့ကျင့်ခန်းအမျိုးအစားက ဘယ်ကြွက်သားအတွက် အထောက်အကူ ဖြစ်စေနိုင်သလဲဆိုတာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သိနေလောက်ပါပြီ။

ကွီးတို့ ဒီတစ်နှစ်တာလုံး ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေ အများအပြားရှိတဲ့အနက် ဘယ်လေ့ကျင့်ခန်းအမျိုးအစားက ဒီတစ်နှစ်တာလုံးအတွက် လူကြိုက်အများဆုံး လေ့ကျင့်ခန်းတွေလဲဆိုတာကိုရော သိပြီးပါပြီလား။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

Photo : Menshealth

လူကြိုက်အများဆုံး နံပါတ် (၁) လေ့ကျင့်ခန်းကတော့ Pullups လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ရင်အုပ်ကြွက်သားနဲ့ လက်မောင်းကြွက်သားများအတွက် အထူးကောင်းမွန်ပါတယ်။ ဒီလေ့ကျင့်ခန်းက Beginner သမားများအစ ကျွမ်းကျင်သမားများအဆုံး လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့အတွက်ကြောင့် နံပါတ် (၁) လူကြိုက်အများဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်နေရခြင်း ဖြစ်ပါတယ်။ ကွီးတို့က ဒီလေ့ကျင့်ခန်းကို ပြုလုပ်မယ်ဆိုရင်တော့ ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ စုစုပေါင်း ၄ ကျော့ ဆော့ကစားပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

၂၀၂၃ Workout

Photo : Inspire US

ဒုတိယ လူကြိုက်အများဆုံး လေ့ကျင့်ခန်းကတော့ Barbell Back Squat လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားတွေဖြစ်တဲ့ တင်ပါးကြွက်သား၊ ခြေသလုံးကြွက်သား၊ ပေါင်ကြွက်သားများအတွက် အထူးကောင်းမွန်ပါတယ်။

ဒီလေ့ကျင့်ခန်း ပြုလုပ်ရမယ့် အကြိမ်အရေအတွက်ကလည်း စောစောက လေ့ကျင့်ခန်းနဲ့ အတူတူပါပဲ။ ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

Photo : HASfit

နောက်ထပ် လူကြိုက်အများဆုံး Workout လေ့ကျင့်ခန်းကတော့ Knee Raises လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၄ ကြိမ်၊ ၈ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ကြွက်သားများကို သန်မာလာစေပြီး ဝမ်းဗိုက်ကြွက်သားများကိုလည်း ကျစ်လျစ်သွားစေဖို့ ကူညီပေးပါလိမ့်မယ်။

လေ့ကျင့်ခန်း (၄)

၂၀၂၃ Workout

Photo : Jefit

နောက်ထပ် လူကြိုက်များတဲ့ လေ့ကျင့်ခန်းကတော့ Weighted Decline Situp with Twist လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်ရုံသာမကဘဲ ကွီးတို့ ခန္ဓာကိုယ် အနေအထားကို မှန်ကန်အောင် ကူညီပေးနိုင်ပါတယ်။ ခါးကုန်းတတ်တဲ့ ကွီးတို့၊ လက်ပျဥ်ကုန်းတတ်တဲ့ ကွီးတို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင်တော့ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၅)

၂၀၂၃ Workout

Photo : Pccblog.dragondoor

နံပါတ် (၅) နေရာမှာ ရပ်တည်နေတဲ့ လူကြိုက်အများဆုံး Workout လေ့ကျင့်ခန်း အမျိုးအစားကတော့ One-Arm Pullup လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ Pullups လေ့ကျင့်ခန်းနဲ့ ဆင်တူပါတယ်။ မတူတဲ့ အချက်ကတော့ ဒီလေ့ကျင့်ခန်းမှာ ကွီးတို့က လက်တစ်ဖက်တည်းနဲ့ လေ့ကျင့်ခန်း ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ အကြိမ် အရေအတွက်ကတော့ ကွီးတို့ လုပ်နိုင်တဲ့အထိ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ဒီတစ်နှစ်တာလုံး ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေထဲမှာ ဘယ်လေ့ကျင့်ခန်းတွေကို အကြိုက်ဆုံးပါလဲ။

Source: Menshealth

Featured Image: Onnit