ကွီးတို့က ဝိတ်တင် ဖို့ ကြိုးစား နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် လျှို့ဝှက်ချက်များကို သိထားသင့်ပါတယ်။

ဝိတ်တင်ချင်တဲ့ ကွီးတို့က အစားအစာများဆိုရင် ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်သား၊ ငါး၊ အနီရောင်ရှိသော အသားများ၊ ဥအမျိုးမျိုး၊ အဆီဓာတ် ကြွယ်ဝသော သစ်သီးများ (ဥပမာ ထောပတ်သီး)၊ အစေ့အဆံများ၊ နို့နှင့် နို့ထွက် ပစ္စည်းများ အစရှိတဲ့ အစားအစာများကို များများ မှီဝဲသင့်ပါတယ်။

လေ့ကျင့်ခန်းများ ပြုလုပ်တဲ့အခါမှာလည်း အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ဦးစားပေး ပြုလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

ပထမဦးဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ဒိုက်ထိုးလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ပုံပါအတိုင်း နည်းစနစ် မှန်မှန်နဲ့ ဒိုက်ထိုးဖို့ လိုအပ်ပါတယ်။ အသက်ကိုလည်း ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ်ဖို့ မမေ့ပါနဲ့။

အကြိမ်အရေအတွက်ကတော့ ကွီးတို့ နည်းစနစ် မှန်မှန်နဲ့ ပြုလုပ်နိုင်တဲ့အထိ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ အကြိမ်ရေ များများ လုပ်နိုင်ဖို့က အဓိက မကျပါဘူး။ နည်းစနစ် မှန်မှန်နဲ့ ပြုလုပ်ဖို့က အဓိက ကျတယ်ဆိုတာကို မှတ်ထားပေးပါ။

လေ့ကျင့်ခန်း (၂)

ဝိတ်တင် ကြိုးစား

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Pullups လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

ဘားတန်းပေါ်မှာ တွဲလွဲခိုပြီး လက်မောင်းအားကို အသုံးပြုကာ ဘားတန်းအပေါ်သို့ မြင့်တက်လိုက်၊ နိမ့်ဆင်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရပါမယ်။

အကြိမ်အရေအတွက်ကတော့ ကွီးတို့ နည်းစနစ် မှန်မှန်နဲ့ ပြုလုပ်နိုင်တဲ့အထိ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ဝိတ်တင် ကြိုးစား

Squat ထိုင်ခြင်း လေ့ကျင့်ခန်းကလည်း ဝိတ်တင်ချင်တဲ့ ကွီးတို့အတွက် အခြေခံအကျဆုံး လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ Squat ထိုင်တဲ့အခါ တင်ပါးနဲ့ ကြမ်းပြင်က မျဥ်းပြိုင်ပုံစံ ဖြစ်သွားသည်အထိ Squat ထိုင်ပေးရမှာပါ။

အကြိမ်အရေအတွက်ကတော့ ကွီးတို့ နည်းစနစ် မှန်မှန်နဲ့ ပြုလုပ်နိုင်တဲ့အထိ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ဝိတ်တင် ကြိုးစား

လေ့ကျင့်ခန်း (၄) အတွက်ကတော့ Lunges လေ့ကျင့်ခန်းကို ပြုလုပ်ရမှာပါ။ ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားများကို ဝိတ်တင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

အကြိမ်အရေအတွက်ကတော့ ကွီးတို့ နည်းစနစ် မှန်မှန်နဲ့ ပြုလုပ်နိုင်တဲ့အထိ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဝိတ်တင် ကြိုးစား

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Bench Press လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ စစချင်း ဆော့ကစားတဲ့အချိန်မှာ အလေးတုံးကို ခပ်ပေါ့ပေါ့သာ ရွေးချယ်ရပါမယ်။ ကွီးတို့ရဲ့ တားဂတ်က ဝိတ်တင်ဖို့ ဖြစ်တဲ့အတွက်ကြောင့် အရမ်းကြီး လောလို့ မရပါဘူး။

လေ့ကျင့်ခန်း (၆)

ဝိတ်တင် ကြိုးစား

နောက်ဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Overhead Press လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ဆော့ကစားတဲ့အခါမှာ အရင်ဦးဆုံး အလေးတုံး မထည့်ပဲ ဆော့ကစားပါ။ ထို့နောက် စောစောက လေ့ကျင့်ခန်းလိုပဲ အလေးတုံး အပေါ့ဆုံးကို ဖြည်းဖြည်းချင်းစီ ထည့်သွားကာ ဆော့ကစားပေးလိုက်ပါ။

ဝိတ်တက်တဲ့ ကွီးတို့အနေနဲ့ ရှောင်ကြဥ်ရမယ့် လေ့ကျင့်ခန်း အမျိုးအစား နှစ်ခုရှိပါတယ်။ ထိုလေ့ကျင့်ခန်းများကတော့ အေရိုးပစ် လေ့ကျင့်ခန်းများနဲ့ Cardio လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းများက ခန္ဓာကိုယ်ရှိ ကယ်လိုရီနှင့် အဆီပိုများကို လောင်ကျွမ်းစေနိုင်တဲ့အတွက်ကြောင့် ဝိတ်တင်ချင်သူတွေအတွက် မသင့်တော်ပါဘူး။

ဒီအချက်များကတော့ ဝိတ်တင် ဖို့ ကြိုးစား နေတဲ့ ကွီးတို့အတွက် အသုံးတည့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Healthline

Featured Image: Rafflesmedicalgroup