ကွီးတို့ဆီမှာ ကြီးမား ကျယ်ပြန့်တဲ့ ရင်အုပ် မျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကွီးတို့သည် ဆွဲဆောင်မှု တိုးမှာ အမှန်ပါပဲ။ ရင်အုပ်ကြွက်သား တောင့်တင်းဖို့အတွက် တစ်ရက် နှစ်ရက်တည်း ဆော့ကစားပေးရုံနဲ့ လုံလောက်မယ်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။
တစ်ရက် နှစ်ရက်လောက်ပဲဆော့ရင်နဲ့ အလွယ်လေး ရသွားမယ်ဆိုရင်တော့ အမျိုးသားထုကြီးအားလုံး ကြီးမား ကျယ်ပြန့်တဲ့ ရင်အုပ် တွေ ပိုင်ဆိုင်ထားတော့မှာပေါ့။
ပြောချင်တာကတော့ ကွီးတို့သည် လမ်းတစ်ဝက်မှာ လက်လျော့လိုက်လို့မရပါဘူး။ တစ်စိုက်မတ်မတ်နဲ့ ကိုယ် လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ အရောက်သွားဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ ရှော်တီလေး ခိုနားဖို့အတွက် ကြီးမား ကျယ်ပြန့်တဲ့ ရင်အုပ် တစ်စုံ ပိုင်ဆိုင်နိုင်မှာပါ။
လေ့ကျင့်ခန်း (၁)
ပထမဦးဆုံး ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းကတော့ Dips လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ရင်အုပ် ကြွက်သားများသာမက လက်မောင်းကြွက်သားများပါ ကျစ်လျစ်သန်မာလာမှာ အာမခံပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်တော့ ကုလားထိုင်၊ သေတ္တာ သို့မဟုတ် ခုံတန်းလျား တစ်ခုရှိရုံနဲ့ ပြုလုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း (၂)
ခန္ဓာကိုယ် အပေါ်ပိုင်းရဲ့ အဓိက ကြွက်သားများဖြစ်တဲ့ ရင်အုပ်ကြွက်သားနဲ့ လက်မောင်းကြွက်သားများ ကျစ်လစ်သန်မာ ကြည့်ကောင်းစေဖို့ ဆိုရင် ဒီလေ့ကျင့်ခန်းက အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်ရာမှာ ပုံတွင်ပြထားသည့်အတိုင်း အလေးတုံးများ ပြန်ချသည့်အချိန်မှာ ရင်ဘတ်ကို ဆန့်ထုတ်ထားရပါမယ်။
လေ့ကျင့်ခန်း (၃)
ခန္ဓာကိုယ်အပေါ်ပိုင်းကို ခုံတန်းရှည်ပေါ်မှာ တင်ထားပါ။ ထို့နောက် လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။ ထို့နောက် အလေးတုံးကို အပေါ်သို့ ဆွဲမလိုက်၊ ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Pec-Deck Flye ပဲဖြစ်ပါတယ်။ အရင်ဦးဆုံး ပြုလုပ်မယ့် စက်ပေါ်မှာ ထိုင်ပြီး အသင့်အနေအထားပြင်ပါ။ ထို့နောက် ပုံပါအတိုင်း လက်နှစ်ဖက်ကို ကားလိုက်၊ ပြန်စုလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပါ။
လေ့ကျင့်ခန်း (၅)
အရင်ဆုံး ခန္ဓာကိုယ်ကို မှောက်လျက်အနေအထား ကြမ်းပြင်ပေါ်တွင် လှဲချလိုက်ပြီး လက်နှစ်ဖက်ကို ပခုံးထက် အနည်းငယ်ကျယ်အောင် ထားပြီး ထောက်ထားပါ။ ကျောနဲ့ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားပါ။ ထို့နောက် ရင်ဘတ် ကြမ်းပြင်နှင့် ထိလုနီးပါးအထိ ခန္ဓာကိုယ်ကို နှိမ့်ချပါ။ ပြီးနောက် ခန္ဓာကိုယ်ကို ပြန်တွန်းတင်ပါ။ ထိုကဲ့သို့ ဆက်တိုက်ပြုလုပ်သွားပါ။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းများအားလုံးကို ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တစ်ပတ်လျှင် ၂ ကြိမ်လောက် မှန်မှန် ဆော့ပေးမယ်ဆိုရင်တော့ အမြန်ဆုံးဆို ၃ လအတွင်း ရလာဒ်တွေ သိသိသာသာ တိုးတက်လာမှာပဲဖြစ်ပါတယ်။ ကွီးတို့က စိတ်ရှည်ပြီး လုံ့လ ဝီရိယ စိုက်ထုတ်ဖို့ လိုအပ်ပါလိမ့်မယ်။
ကွီးတို့ရော စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ဖို့ ရယ်ဒီပဲလား။
Source: Menshealth
Featured Image: Gq