ကိုယ့်ရဲ့ အဖိုးတန်ပစ္စည်းကို တစ်ကိုယ်ရည် သန့်ရှင်းရေးရှိအောင် ဂရုစိုက်ပေးခြင်းသည် အရေပြား ယားယံခြင်းနှင့် အခြားသော ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ ကွီးတို့က ကိုယ့် ညီလေး ရဲ့ အရေပြား ကို ဂရုစိုက်ဖို့ မေ့နေမယ်ဆိုရင်တော့ ယားယံခြင်းနဲ့ အရေပြား ပြဿနာတွေက တရစပ် ဝင်ရောက်လာမှာပဲ ဖြစ်ပါတယ်။

ကွီးတို့က ကိုယ့် ညီလေး ရဲ့ အရေပြား ကျန်းမာရေးကို အမှန်တကယ် အလေးထားတယ်ဆိုရင်တော့ အခုဖော်ပြမယ့် အချက်များကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။

(၁) နေ့တိုင်း ဆေးကြော သန့်စင်ပါ

နေ့တိုင်း ဆေးကြော သန့်စင်ပါ

ကိုယ့်ရဲ့ အဖိုးတန်ပစ္စည်းကို နေ့တိုင်း ဆေးကြောဖို့ လိုအပ်ပါတယ်။ ဆေးကြောတဲ့အခါမှာလည်း ညင်သာစွာ ဆေးကြောပေးဖို့ လိုပါတယ်။ ဘယ်လိုပုံစံနဲ့ ဆေးကြောရမလဲဆိုရင် အဖိုးတန်ပစ္စည်းရဲ့ အပေါ်ယံအလွှာကို အနောက်သို့ ဖြည်းဖြည်းချင်းစွာ ဆွဲယူကာ အောက်က အရေပြားကို ဆေးကြော သန့်စင်ပေးပါ။ အပေါ်ယံ အရေပြားကို အနောက်သို့ လှန်ထားတဲ့ အနေအထားနဲ့ပဲ အဖိုးတန်ပစ္စည်းရဲ့ ထိပ်ပိုင်းကို ဆပ်ပြာနဲ့ ဆေးကြောပေးနိုင်ပါတယ်။ ထိုနေရာက နူးညံ့ပြီး အထိမခံတဲ့ နေရာဖြစ်တာကြောင့် အကြမ်းပတမ်း Scrub တိုက်လို့ မရပါဘူး။

(၂) ဆပ်ပြာ အပြင်းစားများ အသုံးမပြုပါနဲ့

ဆပ်ပြာ အပြင်းစားများ အသုံးမပြုပါနဲ့

ဆပ်ပြာ အသုံးပြုလို့ရပါတယ်။​ ဒါပေမဲ့ ဆပ်ပြာ အပြင်းစားတွေ အသုံးပြုလို့ မရပါဘူး။ ဆပ်ပြာနဲ့ ကြိမ်ဖန်များစွာ ဆေးကြောပေးမယ်ဆိုရင်လည်း ဆိုးကျိုးအနေနဲ့ အရေပြား ယားယံတတ်တာကြောင့် ဆပ်ပြာ အပျော့စားက အကောင်းဆုံးပါပဲ။

(၃) ရေ မခြောက်သေးဘဲနဲ့ အတွင်းခံ ဘောင်းဘီ ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်ပါ

ညီလေး အရေပြား

ရေခြောက်အောင် သုတ်တဲ့အခါမှာလည်း စောစောက နည်းအတိုင်းပါပဲ။ အပေါ်ယံ အရေပြားကို အနောက်သို့ ဆွဲထားပြီး အောက်အရေပြားရဲ့ ထိပ်ပိုင်းကို ခြောက်အောင် ခပ်ဖွဖွလေး သုတ်ပေးရပါမယ်။ ပြီးမှ အပေါ်ယံ အရေပြားနဲ့ ဖြည်းညှင်းစွာ ပြန်အုပ်ထားပြီး အဖိုးတန်ပစ္စည်းတစ်ခုလုံးကို ခြောက်သွားအောင် ခပ်ဖွဖွလေး ပုတ်ကာ ပုတ်ကာဖြင့် သုတ်ပေးရပါမယ်။ ပြီးမှ အဝတ်အစားများ ဝတ်ဆင်ပေးလိုက်ပါ။

(၄) အတွင်းခံ ဘောင်းဘီများကို သေချာ လျှော်ဖွပ်ပါ

ညီလေး အရေပြား

ကွီးတို့ရဲ့ အောက်ခံ အတွင်းခံက အဝတ်လျှော် ဆပ်ပြာဖြင့် သေချာစွာ ပွတ်တိုက်ကာ လျော်ဖွပ်ပါ။ ပြီးရင် နေရောင် ကောင်းကောင်းရတဲ့ နေရာမှာ လှန်းထားပြီး သေချာခြောက်အောင် ပြုလုပ်ရပါမယ်။ ဘောင်းဘီ မခြောက်ဘဲနဲ့ ဝတ်စရာ မရှိလို့ စိုစိ စိုစိ ဘောင်းဘီကြီးကို ဝတ်လိုက်ရတယ် ဆိုတာမျိုး မဖြစ်ပါစေနဲ့။

(၅) ညီလေးကို ကိုင်တွယ်ထိတွေ့တော့မယ်ဆိုရင် လက်ဆေးဖို့ မမေ့ပါနဲ့

ညီလေး အရေပြား

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် ညီလေးကို ကိုင်တွယ်တော့မယ်ဆိုရင် လက်သေချာ ဆေးဖို့ လိုအပ်ပါတယ်။ ဥပမာ အပေါ့သွားခါနီး ညီလေးကို ကိုင်တဲ့အခါ၊ တစ်ယောက်တည်း လက်သိုင်းကျင့်တဲ့ အခါမျိုးတွေမှာ လက်ကို စင်ကြယ်အောင် ဆေးကြောပြီးမှ ကိုင်တွယ်သင့်ပါတယ်။ ငရုတ်သီး ကိုင်ထားတဲ့ လက်နဲ့ ညီလေးကို ကိုင်လိုက်တဲ့အခါ ဘာဖြစ်သွားမလဲဆိုတာ ကွီးတို့အားလုံး သိကြတယ် ဟုတ်။ အဲ့ဒါကြောင့်မို့လို့ လက်ကို အရင် ဆေးခိုင်းရတာပါ။

ကွီးတို့ရော ကိုယ့် ညီလေး ရဲ့ အရေပြား ကို ဘယ်လို ဂရုစိုက်ပါသလဲ။

Source: Healthdirect.gov.au

Featured Image: Honehealth