ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေ သန်မာလာအောင် ကြိုးစားအားထုတ်နေပါသလား။ ဒါဆိုရင်တော့ Medicine Ball ပစ္စည်း ကိရိယာက ကွီးတို့ရဲ့ လေ့ကျင့်ခန်းအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ တစ်ကိုယ်လုံးက ကြွက်သားများ ထိမိ စေဖို့နဲ့ သန်မာစေဖို့အတွက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Medicine Ball လေ့ကျင့်ခန်းများကို လိုက်လုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း (၁)
Photo : Greatist
Push-Ups လေ့ကျင့်ခန်းနဲ့ ကွီးတို့အားလုံး ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကတော့ Medicine Ball အသုံးပြုထားတဲ့ Push-Ups လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဘောလုံးကို ရင်ဘတ်အောက်မှာ ထားထားပြီး ဒိုက်ထိုးရမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၂)
Photo : Greatist
Medicine Ball အသုံးပြုကာ Russian Twist လေ့ကျင့်ခန်းကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် အနေအထားကို ပုံပါအတိုင်း ပြုလုပ်ပြီးနောက် ဘောလုံးကို ဘယ် ညာ တစ်လှည့်စီ လှည့်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)
Photo : Sidea
ဘောလုံးကို ဘယ်ဘက်သို့ လှိမ့်လိုက်၊ ဒိုက်ထိုးလိုက်၊ တစ်ခါ ညာဘက်သို့ လှိမ့်လိုက်၊ ဒိုက်ထိုးလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဘယ် ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၄)
Photo : Greatist
အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပြီး ဒူးနှစ်ဖက် ထောင်ထားပါ။ လက်နှစ်ဖက်က Medicine Ball ကိုင်ထားကာ အပေါ်သို့ ဆန့်တန်းထားပါ။ ထို့နောက် ညာခြေကို အပေါ်သို့ ဆန့်တန်းပြီးနောက် တင်ပါးကို ကြွလိုက်ပါ။ စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်ပါ။
၁၂ ကြိမ် ပြည့်တဲ့အခါ ဘယ်ခြေ ပြောင်းကာ ၁၂ ကြိမ် ဆက်လက် ပြုလုပ်ပါ။ ၁ ကျော့ ပြည့်သွားပါလိမ့်မယ်။
စုစုပေါင်း ၃ ကျော့ ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၅)
Photo : Greatist
ဒီလေ့ကျင့်ခန်းကတော့ နောက်ဆုံးအဆင့် ပြုလုပ်တဲ့နေရာမှာ အပိတ်လေ့ကျင့်ခန်းအနေနဲ့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကွီးတို့က အားကစား ပြုလုပ်တဲ့ မိတ်ဆွေရှိရင်တော့ နှစ်ယောက်သား ပစ်လိုက်၊ ဖမ်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်း ဆော့လည်း ရပါတယ်။ ဘောလုံးကို နံရံဆီသို့ ပစ်ပြီး ပြန်ကန်ထွက်လာတဲ့ ဘောလုံးကို သေချာ ဖမ်းလိုက်ရုံပါပဲ။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။
ကွီးတို့ရော ကိုယ့်ရဲ့ ခန္ဓာကိုယ် ကြွက်သားများ အားလုံး ထိမိ ပြီး ကျစ်လျစ်သွားဖို့အတွက် Medicine Ball လေ့ကျင့်ခန်းများကို ပြုလုပ်ချင်ရဲ့လား။
Source : Mensjournal
Featured Photo : Mensjournal