အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ ဖေဖော်ဝါရီလလေးကို အချစ်သီချင်း ကောင်းကောင်းလေးတွေနဲ့ မဖြတ်သန်းချင်ကြဘူးလား။ ကွီးတို့ရဲ့ အချစ် ရပ်ဝန်းကို ပိုမို အသက်ဝင်လာစေမယ့် သံစဥ် လေးတွေ နားထောင်ရင်း ဖေဖော်ဝါရီလလေးကို ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒီသီချင်းတွေက အသင့်တော်ဆုံးပါပဲ။
(၁) Stand By Me By Ben E. King
၁၉၆၁ ခုနှစ်တုန်းက အင်မတန်မှကို လူကြိုက်များပြီး နာမည်ကြီးခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကွီးတို့လည်း သီချင်းဟောင်းလေးတွကို နှစ်သက်တယ်ဆိုရင်တော့ ဒီသီချင်းကိုလည်း ကြိုက်နှစ်သက်မှာ အမှန်ပါပဲ။
Source: Soulful Sounds
(၂) From This Moment On By Shania Twain
ကိုယ် ချစ်ရတဲ့သူအတွက် ဘာအန္တရာယ်တွေပဲ ကြုံလာလာ၊ ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ၊ အမြဲတမ်း ဘေးနားကနေ အသင့်ရှိနေပေးမယ်လို့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
Source: Shania Twain
(၃) Just The Way You Are By Billy Joel
သူ့ကောင်မလေးကို သူ့အရှိအတိုင်း ချစ်တယ်ဆိုတဲ့ အကြောင်းကို ရေးဖွဲ့ သီဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဘာမှ ပြောင်းလဲပစ်စရာမလိုဘူး၊ သူ့ရဲ့ ပင်ကိုယ် ပုံစံလေးကိုက ချစ်ဖို့ ကောင်းတာ ဆိုတဲ့ အကြောင်းကို သီဆိုထားတာပါ။
Source: Billy Joel
(၄) Can’t Take My Eyes Off You By Frankie Valli & The Four Seasons
ဒီသီချင်းကတော့ ၁၉၆၇ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ယနေ့ထိတိုင်လည်း လူကြိုက်များနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
Source: Frankie Valli & The Four Seasons
(၅) Like I’m Gonna Lose You By Meghan Trainor Ft. John Legend
Meghan Trainor ရဲ့ လူကြိုက်အများဆုံး သီချင်းတွေထဲမှာ ဒီသီချင်းကလည်း တစ်ပုဒ် အပါအဝင်ပါပဲ။ မြူးမြူးလေးနဲ့ နားဆင်ခံစားလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
Source: Meghan Trainor
(၆) Lover By Taylor Swift
ယနေ့ခေတ်ရဲ့ ရှိတ်စပီးယားလို့တောင် တင်စားခံရတဲ့ Taylor Swift က သူ့သီချင်းတွေမှာဆိုရင် အဓိပ္ပါယ် ပြည့်ဝတဲ့ စကားလုံးများကို ရွေးချယ်ပြီး သီချင်းစပ်ဆိုလေ့ရှိပါတယ်။ ဒီသီချင်းလေးထဲမှာလည်း ရိုမန့်တစ်ဆန်တဲ့ ဖီလင်မျိုးကို ထည့်သွင်းပြီး သီဆိုထားတာပဲဖြစ်ပါတယ်။
Source: Taylor Swift
(၇) Bloom By The Paper Kites
ဒီသီချင်းလေးကတော့ ရိုးရှင်းပြီး လှပတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ သူ့အကြောင်းကိုပဲ တစ်ချိန်လုံး စဥ်းစားနေမိကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။
Source: thepaperkitesband
(၈) Lovebug By The Jonas Brothers
Jonas Brothers ရဲ့ Lovebug သီချင်းကလည်း နှစ်တွေ ဘယ်လောက်ကြာကြာ နားထောင်လို့ ကောင်းနေဆဲပါပဲ။ ဒီသီချင်းလေးက ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Miley Cyrus ကို ရည်ရွယ်ပြီး ရေးဖွဲ့ခဲ့တာဖြစ်တယ်လို့ Nick Jonas က အင်တာဗျူးမှာ ဖြေကြားထားပါတယ်။
Source: Jonas Brothers
(၉) A Thousand Years By Christina Perri
နှစ်တွေ ဘယ်လောက်ကြာကြာ လူတစ်ယောက်ကို မပြောင်းမလဲဘဲ ချစ်ဖူးပါသလား။ ဒါဆိုရင်တော့ ဒီသီချင်းလေးကို နားဆင်ခံစားသင့်ပါတယ်။ အချစ်ရဲ့ စွမ်းအားတွေကြောင့် အတားအဆီးတွေ မှန်သမျှကို ကျော်ဖြတ်နိုင်မှာဖြစ်ကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။
Source: Christina Perri
(၁၀) Can’t Help Falling in Love By Elvis Presley
အချစ်ရူးတွေကသာ အချစ်နဲ့ ပတ်သက်လာရင် တဇွတ်ထိုး လုပ်လေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အချစ်နဲ့ တွေ့တဲ့ လူတိုင်းက အချစ်ရူးလေးတွေ ဖြစ်သွားကြတာကို ဒီသီချင်းလေးက သက်သေပြပေးနေပါတယ်။
Source: Elvis Presley
အခုဖော်ပြသွားတဲ့ သီချင်းလေးတွေကတော့ ရိုမန့်တစ် ဆန်ဆန်နဲ့ နားဆင်ခံစားလို့ကောင်းတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။ ချစ်သူကောင်မလေးနဲ့ နှစ်ယောက်တည်း ရှိတဲ့အချိန်လေးမျာ ဒီသီချင်းလေး နားဆင်ရင်း တန်ဖိုးရှိတဲ့အချိန်လေးကို အတူတူ ဖြတ်သန်းလိုက်ပါ။
ကွီးတို့ရော ကိုယ့်ချစ်သူ ကောင်မလေးနဲ့ နှစ်ယောက်တည်း ရှိတဲ့အချိန်ဆို ဘယ်လို သီချင်းလေးတွေကို နားဆင်လေ့ ရှိပါသလဲ။
Source : Thepioneerwoman
Featured Photo : Thedatingdivas