ကွီးတို့ ရှော်တီလေးနဲ့ အချိန် ကြာ ကြာ ချစ်တင်းနှော ဖို့ဆိုရင်တော့ သက်လုံကောင်းကာ အမောခံနိုင်ဖို့က အဓိက အကျဆုံးပါပဲ။ ဒီလိုမျိုး သက်လုံကောင်းဖို့ရန်အတွက်နဲ့ ကွီးတို့ ဖဲမွေ့ရာထက်မှာ အချိန် ကြာ ကြာ ချစ်တင်းနှော နိုင်ဖို့အတွက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများက အကောင်းဆုံးနဲ့ ထိရောက်မှု အရှိဆုံးပါပဲ။
အကောင်းဆုံး လေ့ကျင့်ခန်း အမျိုးအစား နံပါတ် (၁)
ကွီးတို့ကို အချိန် ကြာကြာ ချစ်တင်းနှော နိုင်ဖို့နဲ့ သက်လုံကောင်းဖို့ ကူညီပေးမယ့် လေ့ကျင့်ခန်း အမျိုးအစားကတော့ အလေးတုံးနဲ့ ဆော့ရတဲ့ Weight Lifting လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း အမျိုးအစားများက ကွီးတို့ရဲ့ ခန္ဓာကိုယ် ကြွက်သားများကို သန်မာလာစေရုံသာမကဘဲ ကွီးတို့ကို သက်လုံကောင်းစေကာ ချစ်တင်းနှော နေစဥ် တစ်လျှောက်လုံးမှာ အမောခံနိုင်အောင် ကူညီပေးပါတယ်။
ဒုတိယ အကောင်းဆုံး လေ့ကျင့်ခန်း အမျိုးအစား နံပါတ် (၂)
ဒုတိယ အကောင်းဆုံး လေ့ကျင့်ခန်း အမျိုးအစားများကတော့ Kegels လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းများကတော့ ကွီးတို့ရဲ့ သွေးလှည့်ပတ်မှုကို ကောင်းမွန်လာစေပြီး ကွီးတို့ ညီလေးဆီသို့ သွေးလှည့်ပတ် စီးဆင်းမှုကို အမြန်ဆုံးနဲ့ အချိန်ကြာကြာ စီးဆင်းနိုင်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ ညီလေးကလည်း အရွယ် ငယ် မသွားဘဲ အချိန်ကြာကြာ နိုးထနေမှာပဲ ဖြစ်ပါတယ်။
တတိယ အကောင်းဆုံး လေ့ကျင့်ခန်း အမျိုးအစား (၃)
ချွေးသံရဲရဲ လေ့ကျင့်ခန်းမျိုးတွေကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ သက်လုံကောင်းကာ အမောခံချင်တယ်ဆိုရင်တော့ ရွေးချယ်စရာတစ်ခုအနေနဲ့ ယောဂလေ့ကျင့်ခန်းများ ရှိပါတယ်။ ယောဂလေ့ကျင့်ခန်းများသည် ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို နူးညံ့ပျော့ပျောင်းအောင် ကူညီပေးရုံသာမကဘဲ ခန္ဓာကိုယ်မှာ စွမ်းအင်အပြည့် ဖြစ်နေအောင် ကူညီပေးပါလိမ့်မယ်။
စတုတ္ထု အကောင်းဆုံး လေ့ကျင့်ခန်း အမျိုးအစား
ဟားဗက်ဒ် သုတေသန ပညာရှင်များက အသက် ၅၀ အရွယ် အမျိုးသား ၃၁၀၀၀ ယောက်ကို သုတေသန ပြုလုပ်ထားတဲ့အနက် အေရိုးပစ် လေ့ကျင့်ခန်းများသည် ပန်းသေ ပန်းညှိုးခြင်းကို ၃၀ ရာခိုင်နှုန်းခန့် လျော့ကျပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အေရိုးပစ် လေ့ကျင့်ခန်းများအပြင် လမ်းမြန်မြန် လျှောက်ပေးခြင်းကလည်း ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကောင်းအောင် ကူညီပေးပြီး နှလုံးရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းကိုလည်း အထင်မသေးလိုက်ပါနဲ့။ ကွီးတို့ ညီလေးအတွက် အထောက်အကူဖြစ်စေတဲ့ လေ့ကျင့်ခန်းထဲမှာ သူလည်း ပါပါတယ်။
နောက်ဆုံး အကောင်းဆုံး လေ့ကျင့်ခန်း အမျိုးအစား
နောက်ဆုံး အမျိုးအစားကတော့ ရေကူးခြင်းပဲဖြစ်ပါတယ်။ တစ်ပတ်လျှင် မိနစ် ၃၀၊ ၃ ကြိမ်ခန့် ရေကူးခြင်းသည် ကွီးတို့ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ကျစ်လျစ်သွားစေရုံသာမကဘဲ ပန်းသေ ပန်းညှိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကွီးတို့ ခန္ဓာကိုယ်မှာ ကြွက်သားတွေနဲ့ ပိုမို ကြည့်ကောင်းလာတဲ့အတွက်ကြောင့် ကွီးတို့ ရှော်တီလေးရဲ့ မျက်လုံးထဲမယ် ဆွဲဆောင်မှုရှိနေမှာ အမှန်ပါပဲ။ ရေကူး အားကစားက ကွီးတို့ကို သက်လုံကောင်းကာ အမောခံနိုင်စေတဲ့ အတွက်ကြောင့် ဒီလေ့ကျင့်ခန်းကိုလည်း ကွီးတို့ စာရင်းထဲ ထည့်မှတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
ကွီးတို့ရော သက်လုံကောင်းကာ အမောခံနိုင်ဖို့အတွက် ဘယ်လို လေ့ကျင့်ခန်းမျိုးကို ပြုလုပ်နေပါသလဲ။
Source: Everydayhealth
Featured Image: Freepik