တချို့နေ့တွေမှာ အလုပ်လည်း အာရုံစိုက်မရ ၊ ဘာဆိုဘာမှ အာရုံကောင်းကောင်း စိုက်မရတဲ့ အချိန်မျိုးတွေ ကြုံဖူးကြမယ် ထင်ပါတယ်။ အတွေးတွေ လွင့်ပျံပြီး စိတ်ရဲ့ ကြည်လင်မှုတွေ ပျောက်ဆုံးလာတဲ့အခါ ဒီလိုပဲ အာရုံစိုက်လို့ မရတဲ့ ပြဿနာ ဖြစ်လာတက်ပါတယ်။ အကယ်၍ ကွီးတို့ရဲ့ တစ်နေ့တာအတွင်းမှာ ဘာကိုမှ ကောင်းကောင်း အာရုံစိုက်မရဘူး ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေ လုပ်ကြည့်ဖို့ ပြောပြပေးချင်ပါတယ်။

(၁) ပတ်ဝန်းကျင်ကို ရှင်းလင်းပါ

office space

Photo : Man Of Many

ကွီးတို့ရဲ့ အလုပ်စားပွဲ ၊ နေထိုင်တဲ့ ပတ်ဝန်းကျင် ဧရိယာတဝိုက်ဟာ ရှုပ်ယှက်ခတ် ပွေလီနေမယ်ဆိုရင် ဒါအခြေအနေဟာ စိတ်အာရုံအပေါ်ကိုလည်း သက်ရောက်မှု ရှိစေပါတယ်။ မယုံရင် စမ်းကြည့်ပါ။ ကွီးတို့ရဲ့ အလုပ်စားပွဲ ဒါမှမဟုတ် အိမ်ခန်းဟာ ရှုပ်ပွပွေလီ နေတယ်ဆိုရင်တော့စနစ်တကျနဲ့ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြင်ဆင်ပါ။ စိတ်ပါပြန်ကြည်လင်ပြီး အာရုံစူးစိုက်ရ ပြန်ကောင်းလာပါလိမ့်မယ်။

(၂) တိတ်ဆိတ်ငြိမ်သက်မှုကို ရှာဖွေပါ

Phone

Photo : Man Of Many

ဆူညံ့သံတွေဟာ အာရုံပျံ့လွင့်မှုကို ပိုဆိုးစေတဲ့ အဓိကတရားခံတွေပါပဲ။ စိတ်တွေလွင့်ပြီး ဘာမှ အာရုံစိုက်မရတဲ့အခါ တိတ်ဆိတ်ငြိမ်သက်မှုနဲ့ စိတ်အာရုံကို ပြန်လည်ဖမ်းစားဖို့ လိုပါတယ်။ ကွီးတို့ရဲ့စိတ်အာရုံကို ပျံ့လွင့်စေမယ့် တီဗီအသံတွေ ၊ ဆိုရှယ်မီဒီယာတွေကို အချိန်ခဏလောက် ပိတ်ဆို့ ဖြတ်တောက်ထားလိုက်ပါ။ ဆူညံရှုပ်ထွေးမှုတွေမရှိပဲ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ အချိန်ခဏလောက်နေခြင်းဖြင့် စိတ်ရောကိုယ်ပါ အေးချမ်းငြိမ်သက်မှုကို ပြန်လည်ရှာတွေ့ ပါလိမ့်မယ်။

(၃) တရားထိုင်ပါ

Meditate

Photo : Man Of Many

စိတ်ရဲ့ ရှုပ်ထွေးမှုတွေကို အကောင်းဆုံး ပြန်လည်ရှင်းလင်းစေမယ့် အလေ့အကျင့်တစ်ခုကတော့ တရားထိုင်တာပါ။ မိနစ်အနည်းငယ်လောက် တရားထိုင်းခြင်းဖြင့် စိတ်ဖိစီးမှုနဲ့ စိတ်ရဲ့ မတည်ငြိမ်မှုတွေကို လျှော့ပါးသက်သာစေမှာဖြစ်ပြီး အာရုံစူးစိုက်ကို ပိုကောင်းလာစေမှာဖြစ်သလို ကွီးတို့ရဲ့ Productivity ကိုလည်း Boost လုပ်ပေးပါလိမ့်မယ်။

(၄) ဦးနှောက်ကို လေ့ကျင့်ပေးပါ

Game

Photo : Man Of Many

ခန္ဓာကိုယ်မှာရှိတဲ့ မာဆယ်တွေ ကြီးထွားသန်မာလာအောင် လေ့ကျင့်ခန်း လုပ်ပေးသလိုပါပဲ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို ပိုထက်မြက်ပြီး ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ လေ့ကျင့်ပေးလို့ရပါတယ်။ အလွယ်ဆုံးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာဖြစ်စေမယ့် Jigsaw Puzzles ၊ Crossword Puzzles ၊ Sudoku ၊ Chess တို့လို ဂိမ်းလေးတွေ ဆော့ပေးတာပါ။ နောက်တစ်ခုက လေ့လာမှုတွေအရ မိနစ် ၂၀ ခန့် Doodle ဆွဲပေးမယ်ဆိုရင် အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းလာစေဖို့ ကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ ပျော်စရာကောင်းပြီး စိန်ခေါ်မှုရှိရုံသာမကဘဲ ဦးနှောက်ကို အလုပ်ပိုလုပ်နိုင်အောင် လေ့ကျင့်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Featured Photo : Teachmint Blogs