“ငါ့ဆီမှာ Six-Packs မရှိပေမယ့် One Pack တော့ ရှိတယ်” ဆိုပြီး ကြံကြံဖန်ဖန် ဂုဏ်ယူ နေတတ်တာ ကွီးတို့လား။ Six-Packs ရရှိအောင် ဖန်တီးရတာက ခက်သလောက် One Pack ကတော့ ကွီးတို့ မျက်စိတစ်မှိတ်အတွင်းမှာတင် ရရှိနိုင်ပါတယ်။ ကွီးတို့ တစ်ယောက်တည်းမှာပဲ ရှိတာ မဟုတ်လို့ ရှာကြံပြီး ဂုဏ်ယူ မနေပါနဲ့။

ကွီးတို့ ဗိုက်က အဆီပြင်ကြီးဖြစ်တဲ့ One Pack ကြီးကို ဖယ်ရှားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

ပထမဦးဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Reverse Crunch လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက် ကြွက်သားကို အားပြုကာ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းဖြစ်တာကြောင့် ကွီးတို့ရဲ့ ဝမ်းဗိုက် အဆီများကို ရက်ပိုင်းအတွင်း ကျသွားအောင် ကူညီပေးနိုင်ပါတယ်။

စုစုပေါင်း ၁၅ ကြိမ်မှ အကြိမ် ၂၀ ၊ ၃ ကျော့မှ ၄ ကျော့အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

နောက်တစ်ခု ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Russian Twist လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကို အလေးတုံးနဲ့လည်း ပြုလုပ်နိုင်သလို အလေးတုံး အလွတ်လည်း ပြုလုပ်နိုင်ပါတယ်။ ဝမ်းဗိုက် ကြွက်သားများကို အသုံးပြုကာ ဟိုဘက် လှည့်လိုက်၊ ဒီဘက် လှည့်လိုက် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

စုစုပေါင်း ၁၅ ကြိမ်မှ ၁၈ ကြိမ်၊ ၄ ကျော့မှ ၅ ကျော့အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

One Pack ဂုဏ်ယူ

ဝမ်းဗိုက်ရှိ အဆီများကို ဖယ်ရှားပေးမယ့် နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ Flutter Kick လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ဝမ်းဗိုက် အောက်ဘက်ခြမ်းရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။

အကြိမ် အရေအတွက်ကတော့ ကွီးတို့ နိုင်သလောက်အထိ ပြုလုပ်ပေးရပါလိမ့်မယ်။

လေ့ကျင့်ခန်း (၄)

One Pack ဂုဏ်ယူ

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Plank ထောက်ရမယ့် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ Plank လေ့ကျင့်ခန်းကိုမှ ကွီးတို့က ရိုးရိုး Standard Plank လည်း ထောက်နိုင်သလို Side Plank လည်း ထောက်လို့ရပါတယ်။ နှစ်မျိုးစလုံးကို တစ်လှည့်စီ ပြုလုပ်ပြီး ထောက်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ အချိန် အပိုင်းအခြားကတော့ ကွီးတို့ နိုင်သလောက်အထိ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ စစချင်းမှာတော့ စက္ကန့် ၃၀ ထက် ဘယ်သူမှ ပို မလုပ်နိုင်ကြပါဘူး။

လေ့ကျင့်ခန်း (၅)

One Pack ဂုဏ်ယူ

ကွီးတို့ရဲ့ ဝမ်းဗိုက်က One Pack ကို Bicycle Crunch လေ့ကျင့်ခန်းနဲ့ အဆီတွေ ချနိုင်ရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ လိုက်လို့ရပါပြီ။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ အဆီပိုများကို ထိထိရောက်ရောက် ဖယ်ရှားပေးဖို့ ကူညီပေးပါလိမ့်မယ်။ အကြိမ် အရေအတွက်ကတော့ ကွီးတို့ လုပ်နိုင်တဲ့ အကြိမ်အရေအတွက် အထိ ပြုလုပ်ပေးလိုက်ပါ။

ဒီလေ့ကျင့်ခန်းများကိုသာ နေ့စဥ် မှန်မှန် ပြုလုပ်ပေးလိုက်ပါ။ ကွီးတို့ရဲ့ ဝမ်းဗိုက် အဆီများ ပြုတ်ပြုတ်ပြုန်းပြီး ဝမ်းဗိုက် ကြွက်သားများ ကျစ်ကျစ်လျစ်လျစ် ဖြစ်သွားပါလိမ့်မယ်။

Source: Menshealth

Featured Image: Men’s Journal