Xiaomi ရဲ့ Brand အခွဲ Poco ကနေ အမိုက်စား စမတ်ဖုန်း အသစ်တစ်လုံးဖြစ်တဲ့ Poco X6 Neo ကို မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းက ရှေ့မှာထွက်ခဲ့တဲ့ Redmi Note 13R Pro မှာ မြင်ခဲ့ရတဲ့ ခပ်လွင့်လွင့် ရွှေရောင်ဒီဇိုင်းနဲ့ လာပါတယ်။ Poco X6 Neo က Redmi Note 13R Pro နဲ့ အရောင်တင် တူတာမဟုတ်ပဲ Hardware ပိုင်းလည်း တူညီပါတယ်။

 Poco X6 Neo

Photo : GSMArena.com

Poco ရဲ့ မျိုးဆက်ဖုန်းတွေထဲက ပထမဆုံး Neo မော်ဒယ်ဖြစ်တဲ့ Poco X6 Neo မှာ 5G ချိတ်ဆက်မှု ထောက်ပံ့ပေးထားပြီး Dimensity 6080 Chipset မောင်းနှင်ထားပါတယ်။ RAM / Storage အတွဲအစပ်ကတော့ 8 GB RAM / 128 GB Storage နဲ့ 12 GB RAM / 256 GB Storage ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လာပါတယ်။

Poco X6 Neo ရဲ့ Display ပိုင်းမှာ ၆.၆၇ လက်မ OLED မျက်နှာပြင်ကို အသုံးပြုထားပြီး Full HD+ Resolution နဲ့ 120 Hz Refresh Rate အထိ ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက် မျက်နှာပြင်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ 16 MP ဆယ်လ်ဖီကင်မရာတစ်လုံး ထည့်သွင်းပေးထားပြီး ကျောဘက်မှာတော့ 108 MP Main ကင်မရာနဲ့ 2 MP Depth Sensor တို့ကို တွဲဖက်တပ်ဆင် ပေးထားပါတယ်။

Poco X6 Pro တုန်းက Android 14 အခြေပြု HyperOS ကို သုံးခဲ့ပေမယ့် အခု Poco X6 Neo မှာတော့ Android 13 ကိုသာ သုံးထားပါတယ်။ ဘက်ထရီအနေနဲ့တော့ 33W Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ထည့်သွင်းပေးထားပြီး အောက်ခြေမှာ စပီကာတစ်လုံးသာ ပါရှိပါတယ်။

 Poco X6 Neo

Photo : GSMArena.com

Poco X6 Neo ကို Martian Orange (ရွှေရောင်) အပြင် Astral Black နဲ့ Horizon Blue ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်သလို ဈေးနှုန်းအနေနဲ့ကတော့ RAM / Storage အတွဲအစပ်ပေါ်မူတည်ပြီး ရူပီး ၁၅,၉၉၉ ( ဒေါ်လာ ၁၉၀ / ယူရို ၁၇၅ ) ကနေ ရူပီး ၁၇,၉၉၉ ( ဒေါ်လာ ၂၁၅ / ယူရို ၂၀၀ ) ကြား ကျသင့်မှာပဲ ဖြစ်ပါတယ်။ Poco X6 Neo ဖုန်းကို လာမယ့် မတ်လ ၁၈ ရက်နေ့ကနေစတင်ပြီး အိန္ဒိယနိုင်ငံမှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com