ပြီးခဲ့တဲ့ ရက်အနည်းငယ်က Poco ကနေ  Poco X6 Neo ရဲ့ Teaser ဓာတ်ပုံတစ်ခုကို အိန္ဒိယနိုင်ငံမှာ ထုတ်ဖော်ပြသလိုက်ပြီး ဒီနေ့မှာတော့ အဆိုပါ စမတ်ဖုန်းအသစ်ကို လာမယ့် မတ် ၁၃ ရက်မှာ တရားဝင် မိတ်ဆက်သွားမယ်လို့ ကုမ္ပဏီဘက်က ကြေညာသွားခဲ့ပါတယ်။

Poco X6 Neo

Photo : Gizmochina

Poco က ထုတ်ပြန်ခဲ့တဲ့ Teaser ဓာတ်ပုံအရ Poco X6 Neo ရဲ့ ဒီဇိုင်းဟာ Redmi Note 13R Pro နဲ့ ပုံစံတူတာကို တွေ့ရပါတယ်။ စမတ်ဖုန်းရဲ့ Camera Island ပေါ်မှာ Poco ရဲ့ အမှတ်တံဆိပ်စာတန်းကို ရေးထွင်းထားပြီး 108MP Primary ကင်မရာ ပါဝင်လာမယ်လို့လည်း အတည်ပြုထားပါတယ်။

Poco အနေနဲ့တော့ လက်ရှိမှာ X6 Neo ရဲ့ Specs အသေးစိတ် အတိအကျကို ဖော်ပြထားခြင်း မရှိသေးပေမယ့်လည်း အကယ်၍ Redmi Note 13R Pro နဲ့ ဆင်တူတယ် ဆိုရင်တော့ Redmi Note 13R Pro နည်းတူ Dimensity 6080 SoC ၊ ၆.၆၇ လက်မ 120Hz FullHD+ OLED မျက်နှာပြင်နဲ့ 33W အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Poco X6 Neo

Photo : 91 Mobiles

စမတ်ဖုန်းရဲ့ ဘေးဘက် ကိုယ်ထည်မှာတော့ Side-Mounted Fingerprint Scanner ပါရှိမှာဖြစ်ပြီး ကျောဘက်မှာ 108MP ပင်မကင်မရာနဲ့ 2MP Depth Unit ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ 16MP ဆယ်လ်ဖီ ကင်မရာကို အသုံးပြုလာမှာ ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို မကြာမီ ရက်ပိုင်းအတွင်း သိရမယ်လို့ မျှော်လင့်ပါတယ်။

Featured Photo : TudoCelular.com