အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ရေး ကိုယ်တာ သုံးဖို့ပဲဖြစ်ဖြစ် ကွာလတီကောင်းတဲ့ ပရင်တာ တစ်လုံး ဝယ် ယူဖို့ စီစဥ်နေပါသလား။ ကွာလတီကောင်းတဲ့ ပရင်တာ တစ်လုံး မ ဝယ် ခင်မှာ ဘာတွေကို အရင်ဆုံး လေ့လာထားသင့်သလဲ၊ သိထားသင့်သလဲဆိုတာကိုရော သိရဲ့လား။
ပရင်တာ တစ်လုံး မ ဝယ် ခင်မှာ သိထားသင့်တဲ့ အချက်များ

အရင်ဆုံး သိထားသင့်တာကတော့ ဈေးနှုန်းပေါ့။ ကွီးတို့က ဘတ်ဂျက် ဘယ်လောက် သုံးမလဲ၊ ကိုယ် ဝယ်ချင်တဲ့ မော်ဒယ်အမျိုးအစားက ဘယ်လောက် ကုန်ကျသလဲ စတာတွေကို လေ့လာထားဖို့ လိုအပ်ပါမယ်။ ကိုယ် သုံးမယ့် ဘတ်ဂျက်နဲ့ ပရင်တာရဲ့ အမျိုးအစားက တစ်ထပ်တည်း ထပ်တူကျရင်တော့ ဝယ်သင့်ပါတယ်။
နောက်တစ်ချက် စဥ်းစားသင့်တာကတော့ ပရင်တာအတွက် လိုအပ်တဲ့ မှင်နဲ့ ထိန်းသိမ်းမှု နည်းလမ်းပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကွာလတီပိုင်းပါ။ ပရင့်ထုတ်ပြီးတာနဲ့ ဘယ်လို ကွာလတီမျိုး ထွက်လာသလဲဆိုတာကိုလည်း သေချာ လေ့လာထားသင့်ပါတယ်။
နောက်တစ်ချက်ကတော့ အမြန်နှုန်းပါ။ ကွီးတို့ ဝယ်ယူမယ့် ပရင်တာက ဘယ်လို အမြန်နှုန်းနဲ့ ပရင့် ထုတ်ပေးနေသလဲဆိုတာကို သိထားသင့်ပါတယ်။ နောက်ဆုံး အရေးအကြီးဆုံးကတော့ ချိတ်ဆက်နိုင်မှုပါ။ များသောအားဖြင့် ပရင်တာ တော်တော်များများက ကြိုးနဲ့ ချိတ်ဆက်လို့ရပါတယ်။ တချို့မော်ဒယ်တွေ ကျပြန်တော့ ဝိုင်ဖိုင်တို့ ဘလူးတုစ်တို့နဲ့ပါ ချိတ်ဆက်လို့ရပါတယ်။ ကွီးတို့ ဝယ်မယ့် မော်ဒယ် အမျိုးအစားကရော ဘယ်လိုနည်းလမ်းနဲ့ ချိတ်ဆက်လို့ရသလဲဆိုတာကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။
အခုဆက်လက်ဖော်ပြပေးမှာကတော့ လူကြိုက်အများဆုံး ပေါ်ပြူလာဖြစ်နေတဲ့ ပရင်တာများပဲဖြစ်ပါတယ်။
(၁) HP OfficeJet Pro 9015e
![]()
ဒီပစ္စည်းလေးရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၄၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ ဘက်စုံသုံး ကွာလတီကောင်းတဲ့ ပရင်တာတစ်လုံးဖြစ်ပါတယ်။ စာရွက်ထည့်ထားလို့ရတဲ့ ဗန်းကလည်း အကြီးကြီးပါပဲ။ ဒါတင်မကသေးပါဘူး။ ပရင့် ထုတ်တာရော၊ စကန်ဖတ်တာရောက မေးနေစရာ မလိုအောင်ကို မြန်ပါတယ်။
(၂) Epson Workforce Pro WF-4830

ဒီမော်ဒယ်ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ပေးဝယ်ရမှာဖြစ်ပါတယ်။ Inkjet အမျိုးအစားဖြစ်ပြီး ဒီဇိုင်းပိုင်းကလည်း ကွီးတို့ ကြွေချင်စရာပါ။ ပရင့် ထုတ်တဲ့ အမြန်နှုန်းကလည်း တော်တော်လေးကို မြန်ပါတယ်။ ဒါပေမဲ့ စကန်ဖတ်ရင်တော့ စောစောက မော်ဒယ်လောက်တော့ မမြန်ပါဘူး။ ဈေးနှုန်း ကွာဟချက်ကြောင့် ကွာလတီလည်း အနည်းငယ် ကွာဟသွားတာပဲဖြစ်ပါတယ်။
(၃) Brother All-in-one J1010DW

ဘတ်ဂျက် ပရင်တာဆိုတော့ ဒေါ်လာ ၈၀ တည်းနဲ့ ဝယ်ယူနိုင်ပါတယ်။ ပရင်တာက ကောင်းသလောက် ပရင်တာရဲ့ နာမည်ကတော့ တော်တော်လေးကို ဂွမ်းပါတယ်။ ဒါပေမဲ့လည်း ကွီးတို့က မမှုဘူးဆိုရင်တော့ ရွေးချယ်သင့်တဲ့ အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။
(၄) Canon Pixma TR4720

Canon Pixma TR4720 ကလည်းပဲ ဘတ်ဂျတ် ပရင်တာတစ်လုံးပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ စောစောက အမျိုးအစားနဲ့ အတူတူပါပဲ။ ကာလာဖိုတိုက ရှယ်မိုက်နေတာကတော့ သူ့ရဲ့ အားသာချက်ပါပဲ။ ဒေါ်လာ ၈၀ တည်းနဲ့ ဒီလောက် ကောင်းတာမျိုး ရတာ ရှားပါတယ်။
(၅) HP Smart Tank 5101

ကွာလတီ အလယ်အလတ်အမျိုးအစားထဲမှာပါတဲ့ ပရင်တာတစ်လုံးဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၇၀ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။ Inkjet အမျိုးအစားဖြစ်ပြီး Test စမ်းသပ်ထားတဲ့ ရလဒ်တွေမှာလည်း အမှတ်ကောင်းကောင်း ရထားတဲ့ ပရင်တာ တစ်လုံးပဲဖြစ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ အမျိုးအစားထဲက ဘယ်အမျိုးအစားကို ဝယ်ချင်နေပါသလဲ။
Source: Cnet
Featured Image: Canon
