ယနေ့ခေတ်အတွက် နည်းပညာရဲ့ အခန်းကဏ္ဍသည် အင်မတန်မှ အရေးပါပါတယ်။ နည်းပညာသာ မရှိဘူးဆိုရင် ကျွန်တော်တို့ လူသားတွေက အခုလိုမျိုး လူနေမှု အဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်နိုင်မှာ မဟုတ်ပါဘူး။ နည်းပညာ အသုံးပြု မှသာလျှင် အလုပ် တွေက တွင်ကျယ်မှာ ဖြစ်ပါတယ်။ နည်းပညာ အသုံးမပြုတဲ့ အလုပ်တွေဆိုတာက မရှိသလောက်ပါပဲ။
နည်းပညာကို မဖြစ်မနေ အသုံးပြု နေရတဲ့ အလုပ် တွေက ဘယ်အလုပ်တွေ ဖြစ်မလဲ
ဆက်သွယ်ရေးပိုင်း
တစ်နေရာကနေ တစ်နေရာကို ဆက်သွယ်ရတဲ့အခါ နည်းပညာရဲ့ အခန်းကဏ္ဍက အင်မတန်မှ အရေးကြီးပါတယ်။ အီးမေးလ်နဲ့ ဆက်သွယ်မလား၊ စာတို ပေးပို့ပြီး ဆက်သွယ်မလား၊ ဒါမှမဟုတ် အွန်လိုင်းကနေ Chatting လုပ်ပြီး ဆက်သွယ်မလား စသည်ဖြင့် ဆက်သွယ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ထိုကဲ့သို့ ဆက်သွယ်ဖို့အတွက် နည်းပညာပိုင်းက အရေးတကြီး လိုအပ်လာပြီပဲ ဖြစ်ပါတယ်။
ရုံးပိုင်းဆိုင်ရာ အလုပ်တွေ
ရုံးပိုင်းဆိုင်ရာ အလုပ်များ လုပ်ကိုင်တဲ့အခါ Word File နဲ့ပဲ စာရေး မလား၊ ဒါမှမဟုတ် Digital Presentations တွေပဲ တင်ပြမလား၊ ဒီလိုမျိုး ရုံးပိုင်းဆိုင်ရာ အလုပ်တွေ လုပ်ဆောင်ဖို့အတွက် လက်ပ်တော့တွေသည် လိုအပ်လာပါပြီ။ ကွန်ပျူတာများ၊ လက်ပ်တော့များ ရှိမှသာလျှင် အလုပ်လုပ်ရတဲ့အခါ အလုပ်ပိုမို တွင်ကျယ်လာမှာပဲ ဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ ရှာဖွေမှုများ ပြုလုပ်တဲ့အခါ
ယနေ့ခေတ်မှာ တစ်စုံတစ်ခုကို သိချင်ရင် အလွယ်လေးပါပဲ။ အွန်လိုင်းတက်ပြီး Google ခေါက်လိုက်ရုံပါပဲ။ သိချင်တာတွေ အားလုံးကို တစ်နေရာတည်းမှာ သိရှိနိုင်ပါတယ်။ ဒီလိုမျိုး အွန်လိုင်းတက်ပြီး Google အသုံးပြုနိုင်ဖို့ဆိုရင် နည်းပညာ ရဲ့ အကူအညီ မရယူလို့ မရတော့ပါဘူး။
စက်ရုပ်တွေရဲ့ အခန်းကဏ္ဍ
တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံများက သူတို့ရဲ့ ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်ဖို့ရန်အတွက် စက်ရုပ်တွေကို အသုံးပြုလာကြပါတယ်။ စက်ရုပ်တွေကို အသုံးပြုနိုင်ဖို့အတွက် ကွန်ပျူတာရဲ့ ပရိုဂရမ် ရေးဆွဲခြင်းအပိုင်းက အရေးပါလာပါပြီ။ ဒါ့ကြောင့် နည်းပညာရဲ့ အထောက်အပံ့က အင်မတန်မှကို လိုအပ်တာပါ။
အခုဖော်ပြသွားတဲ့ အလုပ်တွေကတော့ ယနေ့ခေတ်မှာ နည်းပညာသည် မရှိမဖြစ် လိုအပ်ကြောင်း ဖော်ပြနေတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်။ အခြားအလုပ်တွေကလည်း နည်းပညာ ရှိမှကို လုပ်နိုင်မယ့် အလုပ်တွေ အများကြီးပါပဲ။
ကွီးတို့ရဲ့ ယနေ့ခေတ်အတွက် နည်းပညာရဲ့ အခန်းကဏ္ဍက ဘယ်လောက်တောင်မှ အရေးပါသလဲဆိုတာ သိပြီးပါပြီလား။
Source: Indiatoday.in
Featured Image: Paymentscardsandmobile