အသည်း ခိုက် အောင် ကြောက်ရတဲ့ ဇာတ်ကား မျိုးတွေကိုမှ ကြည့်ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ လူကြိုက်များ နာမည်ကြီးတဲ့ ဇာတ်လမ်းကောင်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ခုရှိတာက ဒီဇာတ်ကားတွေကို ကြည့်မယ်ဆိုရင်တော့ ညဘက်မှာ မကြည့်မိဖို့တော့ လိုပါလိမ့်မယ်။

(၁) Shaitaan

ဒီဇာတ်ကားကတော့ မကြာသေးခင်းကမှ ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ဇာတ်ကားမျိုးဖြစ်ပြီး ကြောက်စရာကောင်းတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပြည့်နေတာမို့လို့ အသည်းငယ်သူတွေအနေနဲ့ မကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: JioStudios

(၂) Damsel

ငယ်ရွယ်တဲ့ မိန်းမပျိုလေးတစ်ယောက်က ခန့်ညား ချောမောတဲ့ မင်းသားလေးနဲ့ လက်ထပ်လိုက်ပါတယ်။ ဒါပေမဲ့ သူ မသိလိုက်တာကတော့ အဲ့ဒီ့ လက်ထပ်ခြင်းရဲ့ နောက်ကွယ်မှာ ထောင်ချောက်တစ်ခုရှိနေတာပဲ ဖြစ်ပါတယ်။

Source: Netflix

(၃) Death Whisperer

ဒီဇာတ်ကားကတော့ မနှစ်က ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။​ အစ်ကို အကြီးဆုံး ဖြစ်သူသည် သူ့ရဲ့ မွေးရပ်မြေဆီသို့ ပြန်ရောက်လာခဲ့တဲ့အချိန်မှာ သူ့ရဲ့ အချစ်ဆုံး ညီမ အငယ်ဆုံးလေးက ထူးဆန်းတဲ့ ဝေဒနာကို ခံစားနေရတာဖြစ်ပြီး ထူးဆန်းတဲ့ အပြုအမူတွေကို ပြုမူနေတာပဲ ဖြစ်ပါတယ်။ သူ့ညီမကို ထိုအန္တရာယ်တွင်းထဲကနေ ကယ်နတ်ဖို့အတွက် သူ ဘယ်လို ဆက်လုပ်မလဲ။

Source: GVPictures

(၄) The Autopsy of Jane Doe

အသက်မဲ့နေတဲ့ အမည်မသိ မိန်းကလေး အလောင်းတစ်လောင်းကို ရင်ခွင်ဆေးစစ်ဖို့အတွက် မှုခင်း ဆရာဝန်နှစ်ဦးက အသည်းအသန် ကြိုးပမ်းကြပါတယ်။ ဒီလိုနဲ့ပဲ သူတို့သည် အဖြေကို သိနိုင်ဖို့အတွက် လက်မတင်လေး အလိုမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရပါတော့တယ်။

Source: IFC Flims

(၅) Sijjin

နောက်ထပ် အသည်း ခိုက် အောင် ကြောက်ရတဲ့ ဇာတ်ကား တစ်ကားကတော့ Sijjin ပဲဖြစ်ပါတယ်။​ သရဲကားဆိုရင် အင်ဒိုနီးရှား ဇာတ်ကားမှ ကြိုက်ကြတဲ့ ကွီးတို့အတွက် ဒီဇာတ်ကားကလည်း ရွေးချယ်သင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: GSC Movies

(၆) Insidious: The Red Door

Josh Lambert တစ်ယောက် သားဖြစ်သူကို ခါတိုင်းနေ့တွေလိုပဲ ကျောင်းသို့ လိုက်ပို့ခဲ့ပါတယ်။ ဒါပေမဲ့လည်း အတိတ်က မကောင်းဆိုးဝါးတွေက တစ်ဖန်ပြန်လည် အသက်ဝင်ခဲ့ပြီး သူတို့သားအဖ နှစ်ယောက်စလုံးကို ခြောက်လှန့်နေတဲ့ အခါမှာတော့…

Source:

(၇) The Possession of Hannah Grace

မိန်းကလေးငယ်တစ်ဦးသည် မမှန်ကန်တဲ့ အပနှင်ခြင်း နည်းလမ်းကြောင့် သူ(မ)ရဲ့ ခန္ဓာကိုယ်က အသက်မဲ့သွားပါတော့တယ်။ အသက်မဲ့သွားတဲ့ သူ(မ) ခန္ဓာကိုယ်ထဲသို့ မကောင်းဆိုးဝါးက ဝင်ရောက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ထိုမိန်းကလေးရဲ့ အလောင်းကို ရေခဲတိုက်သို့ ပို့ထားတာဖြစ်ပြီး ရေခဲတိုက်အစောင့်ကတော့ တစ်ချိန်က သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရတဲ့ ရဲအရာရှိဟောင်းတစ်ဦးပဲဖြစ်ပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်ရင်တော့ The Possession of Hannah Grace ဇာတ်ကားလေးကို အဆုံးထိ မျက်တောင်မခတ်တမ်း ကြည့်ရှုလိုက်ကြပါဦး။

Source: Sony Pictures Entertainment

အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်နှကားလောက်ကို ကြည့်ဖူးပါသလဲ။ ဒီဇာတ်ကားတွေကိုရော ညဘက်မှာ တစ်ယောက်တည်း ကြည့်ရဲရဲ့လား။ မကြည့်ရဲဘူး ဆိုရင်တော့ တစ်ယောက်တည်း ဒုက္ခခံမနေပါနဲ့တော့။

Source: Moviefone

Featured Image: Collider