ကွီးတို့ ခန္ဓာကိုယ်မှာ ခါးတုတ် တုတ်ကြီး ဖြစ်နေကာ ကြည့်မကောင်း ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေက ဘာတွေလဲဆိုတာ သိပါသလား။

အဓိက အကြောင်းအရင်းကတော့ ကွီးတို့ စားသုံးတဲ့ အစားအစာများကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာမှ ကွီးတို့က လေ့ကျင့်ခန်းလည်း မလုပ်ဘူး၊ တစ်နေကုန် အထိုင်များပြီး လှုပ်ရှားမှု မရှိရင် ပိုပြီး ခါးတုတ် လာကာ ကြည့်မကောင်း ဖြစ်လာပါလေရော။ ဒါ့အပြင် ကွီးတို့ရဲ့ အသက်အရွယ်က တဖြည်းဖြည်း ရလာတဲ့အခါ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဥ်ကလည်း တဖြည်းဖြည်း နှောင့်နှေးလာပြီး ဝိတ်မြန်မြန် တက်လာရခြင်းပဲဖြစ်ပါတယ်။ ဗိုက်နဲ့ ခါးမှာ အဆီတွေ စုနေလို့ရှိရင် ဖယ်ရှားရတာ အချိန်ပိုကြာပြီး ပိုခက်ပါတယ်။

ဒါ့ကြောင့် ကွီးတို့သာလျှင် ဗိုက်နဲ့ ခါးက အဆီပိုတွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လမ်းတစ်ဝက်မှာ လက်မလျော့ဘဲနဲ့ ဇွဲရှိဖို့တော့ လိုပါတယ်။​

လေ့ကျင့်ခန်း (၁)

men's workout

ခါးနဲ့ ဗိုက်အဆီတွေကို ပြုတ်ပြုတ်ပြုန်းအောင် အပီဖြုတ်ဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ Burpee ပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက တစ်ကိုယ်လုံးလှုပ်ရှားရတဲ့ ခန္ဓာကိုယ် ပြည့်လေ့ကျင့်ခန်းတစ်ခု ဖြစ်ပြီး ကယ်လိုရီတွေကိုလည်း လျင်လျင်မြန်မြန် လောင်ကျွမ်းစေပါတယ်။ ဒီလေ့ကျင့်ခန်းကို အခုမှစလုပ်မယ့် သူများအနေဖြင့် ကိုယ်ရဲ့ လုပ်နိုင်စွမ်းနဲ့ ခံနိုင်ရည်အလိုက် အကြိမ်ရေ အနည်းငယ်နဲ့ စတင်ပြီး နောက်ပိုင်းမှ ဖြည်းဖြည်းချင်း လေ့ကျင့်ခန်း အကြိမ်ရေကို တိုးသွားပါ။

လေ့ကျင့်ခန်း (၂)

men's workout

ချပ်ရပ်ပြီး ဗိုက်အဆီတွေကင်းဖို့ နောက်ထပ်ဖော်ပြပေးချင်တဲ့ လေ့ကျင့်ခန်း တစ်ခုကတော့ Slide Plank ပဲဖြစ်ပါတယ်။ Plank ရဲ့ နောက်ထပ် ကွဲပြားတဲ့ ပုံစံတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အား ညာဘက်ခြမ်း သို့မဟုတ် ဘယ်ဘက်ခြမ်းတွင် ထောက်ထားပြီး လက်နှင့်ခြေထောက်ကို တတ်နိုင်သမျှကြာကြာ ထိန်းထားရမဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ခါးဘေး ကြွက်သားများကို ထိရောက်စေတဲ့ လေ့ကျင့်ခန်း တစ်ခုလည်း ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကို တစ်ဖက်စီလျှင် စက္ကန့် (၆၀) ခန့် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၃)

ခါးတုတ် ကြည့်မကောင်း

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ ခါးနဲ့ ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားနိုင်ရုံသာမကဘဲ ကယ်လိုရီတွေ မြန်မြန် လောင်ကျွမ်းအောင်လည်း ကူညီပေးနိုင်ပါတယ်။​ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်တော့ အကြိမ် ၂၀၊ ၃ ကျော့ (သို့) ၄ ကျော့အထိ ပြုလုပ်ပေးနိုင်ပါတယ်။​

လေ့ကျင့်ခန်း (၄)

ခါးတုတ် ကြည့်မကောင်း

နောက်ထပ်ဆော့ကစားရမယ့် လေ့ကျင့်ခန်းကတော့ Hardstyle Plank လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ဆော့ကစားဖို့အတွက် ဘာအလေးတုံးမှ မလိုအပ်ပါဘူး။ ပြုလုပ်နည်းကလည်း ရိုးရှင်းပါတယ်။ အရင်ဦးဆုံး လက်နှစ်ဖက်ကို Plank ထောက်တဲ့ အနေအထားပြင်ပါ။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့်မှ စက္ကန့် ၂၀ အထိ တောင့်ထားပါ။ ထို့နောက် Plank ထောက်ရာကနေ ဒိုက်ထိုးရမှာ ဖြစ်ပါတယ်။ အကြိမ်အရေအတွက်ကတော့ ကွီးတို့လုပ်နိုင်တဲ့အထိ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ခါးတုတ် ကြည့်မကောင်း

ကြမ်းပြင်ပေါ်မှာ ခြေထောက်နှစ်ဖက်နဲ့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး လှဲလျောင်းနေပါ။ ခြေထောက်နဲ့ လက်နှစ်ဖက်က ကြမ်းပြင်နဲ့ ထိကပ်မနေရပါဘူး။  ထို့နောက် ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်ကနေ ကြွလိုက်ကာ လက်နှစ်ဖက်က ဒူးနှစ်ဖက်ကို ဆွဲယူလိုက်ပါ။ ထို့နောက် ပြန်လှဲလျောင်းကာ ၅ စက္ကန့်ခန့် တောင့်ထားပါ။ ထိုနည်းအတိုင်း မိမိလုပ်နိုင်တဲ့ အကြိမ်အရေအတွက်အထိ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

ခါးတုတ် ကြည့်မကောင်း

နောက်ဆုံး လေ့ကျင့်ရမယ့် လေ့ကျင့်ခန်းကတော့ Single-leg Knee Drive လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ပုံ (၁) အတိုင်း လက်နှစ်ဖက် ထောက်ထားကာ ညာဒူးကို ကွေးထားလိုက်ပါ။ ထို့နောက် ညာဒူးကို အပေါ်သို့ ဆန့်တန်းလိုက်ပါ။  ထို့နောက် မူလအနေအထားအတိုင်း ခြေထောက်ကို ပြန်ကွေးလိုက်ပါ။  စုစုပေါင်း ၁၂ ကြိမ်ခန့် ဆက်တိုက် ပြုလုပ်ပေးလိုက်ပါ။  ဘယ်ဒူးကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများအားလုံးကို ဇွဲရှိရှိနဲ့ ပြုလုပ်နိုင်ရဲ့လား။

Source: Menshealth

Featured Image: Dmoose