မန်ချက်စတာ စီးတီးအသင်းကတော့ မနေ့ညကပဲ တော့တင်ဟမ် ဟော့စပါးအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဆုအတွက် အနီးဆုံး ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်းထက် (၂)မှတ်အသာနဲ့ ဦးဆောင်လျက် ရှိနေပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် (၄)ရာသီဆက်တိုက် အမှတ်ပေး ချန်ပီယံ ဖြစ်လာဖို့ သေချာသလောက် ရှိနေရပြီ ဖြစ်ပါတယ်။

man city fc

Photo Credit: Goal

ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် လက်ရှိချန်ပီယံ မန်စီးတီး ၊ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ (၃)သင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပေမယ့်လည်း လီဗာပူးလ်က title race ထဲကနေ အရင်ဆုံး ထွက်ခွာခဲ့ရပြီး အာဆင်နယ်နဲ့ မန်စီးတီးတို့သာ ဆက်လက် ယှဉ်ပြိုင်နေခဲ့ရပါတယ်။ အခုတော့ မန်စီးတီးက သူတို့ရဲ့ လက်ကျန်ပွဲဖြစ်တဲ့ စပါးနဲ့ပွဲမှာ အာလင်း ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရလိုက်တာကြောင့် အမှတ်ပေးဇယားထိပ်ဆီ တက်လှမ်းသွားပြီး အာဆင်နယ်ကိုပါ (၂)မှတ်ဖြတ်လိုက်နိုင်ပါတယ်။

man city football club

Photo Credit: Manchester City Football News

ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာတော့ မန်စီးတီးက ဝက်စ်ဟမ်း ၊ အာဆင်နယ်ကတော့ အဲဗာတန်နဲ့ အိမ်ကွင်းပွဲစဉ်တွေအဖြစ် အသီးသီး ရင်ဆိုင်သွားရမှာဖြစ်ပြီး တကယ်လို့ မန်စီးတီးက ဝက်စ်ဟမ်းကို သရေကျသွားမှသာ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ရယူနိုင်မှာပဲ ဖြစ်ပါတယ်။ နှစ်သင်းလုံးက နိုင်ပွဲတွေ ရခဲ့မယ်ဆိုရင်တော့ မန်စီးတီးက ပရီးမီးယားလိဂ်ရဲ့ (၄)ရာသီဆက်တိုက် ချန်ပီယံပါ ဖြစ်လာပါလိမ့်မယ်။

manchester city football club

Photo Credit: Goal

ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် Treble Champions ပါ ဖြစ်လာခဲ့ရတဲ့ မန်စီးတီးက ဒီရာသီမှာတော့ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို လက်လွတ်ခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ ဘယ်အသင်းမှ မလုပ်ဆောင်ထားဖူးတဲ့ (၄)ရာသီဆက် ချန်ပီယံ ဖြစ်လာနိုင်ဖို့ ရှိနေသလို အက်ဖ်အေဖလားမှာလည်း လတ်တလော ခြေစွမ်းပိုင်းတွေ ကျဆင်းနေတဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာမို့ အက်ဖ်အေဖလားပါ ရယူနိုင်ဖို့ အခြေအနေ အတော်လေး ကောင်းနေရပါတယ်။

Featured Photo: Goal