အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့မှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်းကြီး ရော်ဘင် ဗန်ပါစီ ကို ဘောလုံး ဝါသနာရှင် ကွီးတို့အားလုံး သိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဗန်ပါစီဟာ ကောင်းမွန်တဲ့ နည်းစနစ်တွေ ၊ ဘောလုံးထိန်းသိမ်းမှုတွေ ၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကစားနိုင်မှုတွေ ၊ ဧရိယာထဲ နေရာယူနိုင်မှုတွေနဲ့ အဆုံးသတ်ကောင်းမှုတွေနဲ့ ကျော်ကြားခဲ့တဲ့ နယ်သာလန် ကစားသမားဟောင်း တိုက်စစ်မှူးဟောင်းကြီးပဲ ဖြစ်ပါတယ်။

man utd van persie

Photo Credit: The Sun

စီနီယာ ကစားသမားဘဝကို နယ်သာလန်ကလပ် ဖိုင်ယင်နော့အသင်းမှာ စတင်ခဲ့ရင်း ၂၀၀၄မှာ အာဆင်နယ်ဆီ ရောက်ရှိခဲ့တဲ့ ဗန်ပါစီက အာဆင်နယ်မှာ (၈)နှစ် ကျင်လည်ပြီးချိန် မန်ယူနိုက်တက်အသင်းဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တဲ့နှစ်မှာပဲ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့တဲ့ ဗန်ပါစီ ဟာ နောက်ပိုင်းနှစ်တွေထဲ ဖီနာဘာချီနဲ့ သူ့အသင်းဟောင်း ဖိုင်ယင်နော့တို့ဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။

netherlands van persie

Photo Credit: Eurosport

ဒါ့အပြင် ဗန်ပါစီဟာ နယ်သာလန် လက်ရွေးစင်အသင်း အတွက်ကိုလည်း ပွဲပေါင်း (၁၀၂)ပွဲအထိ ပါဝင်ကစားခဲ့ရင်း ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာပါ တတိယနေရာအထိ ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ဗန်ပါစီ ဟာ လက်ရှိအချိန်ထိ နယ်သာလန် လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သွင်းဂိုး (၅၀)နဲ့ ရပ်တည်လျက် ရှိလို့နေပါတယ်။

coach van persie

Photo Credit: Kanal Sportowy

အသက် (၃၆)နှစ်အရွယ်မှာ ဘောလုံးသမားဘဝကနေ တရားဝင် အနားယူလိုက်တဲ့ ဗန်ပါစီ က ဖိုင်ယင်နော့မှာ နည်းပြကြီး အက်ဗိုကတ်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောက်ရွှက်ခဲ့ရင်း ဖိုင်ယင်နော့မှာပဲ လူငယ်အသင်းတွေကို ဆက်တိုက် ကိုင်တွယ်ဖြစ်ခဲ့ပါတယ်။ အခုတော့ ဗန်ပါစီဟာ နယ်သာလန် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဟီရန်ဗင်းအသင်းရဲ့ နည်းပြချုပ်အဖြစ်ပါ တာဝန်ပေးခံလိုက်ရပြီ ဖြစ်ပါတယ်။ ဗန်ပါစီက ဟီရန်ဗင်း နည်းပြ မဖြစ်လာခင်က သူ့အသင်းဟောင်း ယူနိုက်တက်ဆီ သွားရောက်ပြီး နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ပါ တွေ့ဆုံကာ နည်းပြအတွေ့အကြုံတွေကို သင်ယူခဲ့တာရော ဖိုင်ယင်နော့မှာ လက်ထောက်နည်းပြ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ပါ ဟီရန်ဗင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖွယ်လည်း ရှိနေပါတယ်။

Featured Photo: SC Heerenveen