ကျောင်းတက် ဘွဲ့ရပြီး ကိုယ်လိုချင်တဲ့ အလုပ်ရလို့ ထိုဘဝမှာပဲ ကျေနပ်နေတာလား။ ကွီးတို့သည် ဝန်ထမ်း ဘဝ မှာပဲ ပျော်မွေ့နေမယ်ဆိုရင်တော့ သူဌေး တစ်ယောက် ဖြစ်မလာနိုင်ဘူး ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

အမှန်တကယ် ချမ်းသာ ကြွယ်ဝချင်တယ်ဆိုရင်တော့ ဝန်ထမ်းဘဝမှာပဲ ပျော်မွေ့မနေသင့် တော့ပါဘူး။

ကွီးတို့သည် ဝန်ထမ်း ဘဝ မှာပဲ ပျော်မွေ့နေချင်တယ်ဆိုရင် သူဌေး တစ်ယောက် ဖြစ်မလာနိုင်တဲ့အပြင် အခုဖော်ပြမယ့် ဆိုးကျိုးများကိုလည်း ခံစားရနိုင်ပါတယ်။

(၁) လုံလောက်တဲ့ ငွေကြေး ချမ်းသာ ကြွယ်ဝမှုကို မပိုင်ဆိုင်နိုင်

money

ကွီးတို့ ရတဲ့ ဝင်ငွေကို ကွီးတို့ သူဌေးကပဲ ပေးနေမှာပါ။ ကွီးတို့ ဝင်ငွေသည် ကွီးတို့ရဲ့ သူဌေးပေါ်မှာပဲ မူတည်နေတာပါ။ ငွေရေး ကြေးရေးအရလည်း တစ်ချိန်လုံး ပူပန်နေရတာမျိုးတွဗ ကြုံတွေ့ရနိုင်ပါတယ်။ လုံလောက်တဲ့ ငွေကြေး ချမ်းသာ ကြွယ်ဝမှုကို ဝန်ထမ်း ဘဝမှာ ဘယ်လိုမှ မရယူနိုင်ပါဘူး။

(၂) တစ်ခါတစ်ရံမှာ ကျွန်တစ်ယောက်လို ခံစားရနိုင်

man stressed

တချို့ အလုပ်ရှင်တွေ အထက်လူကြီးတွေက “ငါတို့အလုပ်က မိသားစု တစ်ယောက်တစ်လှည့် ဝိုင်းဝန်း ဖေးမပြီး လုပ်ကြတာ” ဆိုပြီး ပြောရင်တော့ ကွီးတို့ ဂျင်းအကြီးကြီး ကျွေးခံရပါပြီ။ မိသားစု ဆိုတဲ့ စကားလုံးရဲ့ နောက်မှာ ကွီးတို့ကို သူတို့ရဲ့ ကျွန်တစ်ယောက်လို ခိုင်းစားပါလိမ့်မယ်။ ကွီးတို့ အားလပ်ချိန်တွေ မရနိုင်လောက်အောင် နင်းကန် ခိုင်းနေမှာပါ။ ကံမကောင်းတဲ့ အလုပ်မျိုးနဲ့ တွေ့ရင် ပြောပါတယ်။ သဘောကောင်းတဲ့ သူဌေး၊ အထက်လူကြီးတွေနဲ့ တိုးရင်လည်း အလုပ်တော့ လုပ်ပေးနေရဦးမှာပါပဲ။ ကိုယ်က သူတို့ ပေးတဲ့ လစာကို ယူနေရတာ မဟုတ်လား။

(၃) သူဌေးနဲ့ အထက်လူကြီးတွေ သဘောကျ နေပေးရတဲ့ ရုပ်သေးရုပ်ပမာ

ဝန်ထမ်း ဘဝ သူဌေး

ဝန်ထမ်း ဘဝမျိုးမှာ သူဌေး၊ အထက်လူကြီးတို့နဲ့ ပနံ့သင့်အောင် နေထိုင်ရပါသေးတယ်။ ကိုယ်က သူတို့ မကြိုက်တာ တစ်ခုခုများ လုပ်ကြည့်ပါလား။ မျက်စိ စပါးမွှေးစူးပြီး မျက်မုန်း ကျိုးသွားပါလိမ့်မယ်။ လွန်လွန်ကျူးကျူး အမြင်ကပ်လာမယ် ဆိုရင်တော့ ကွီးတို့ကို အလုပ်က မထွက် ထွက်အောင် ဖိအားပေးနေမှာပဲ ဖြစ်ပါတယ်။

(၄) ကိုယ် ရသင့်သလောက် လစာကောင်းကောင်း မရနိုင်

ဝန်ထမ်း ဘဝ သူဌေး

တကယ်တော့ ကွီးတို့ရဲ့ ပါဖောမန့်စ်နဲ့ အလုပ်လုပ်နိုင်စွမ်းက ကွီးတို့ ထင်ထားတာထက် ပိုများပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို ဘယ်တော့မှ သံသယ မဝင်လိုက်ပါနဲ့။ ကွီးတို့ လုပ်ပြလိုက်တဲ့ ပါဖောမန့်စ်နဲ့ ကွီးတို့ ရတဲ့ လစာက တကယ်တော့ မမျှတပါဘူး။ ကွီးတို့သည် အမှန်တကယ် အရည်အချင်းရှိတာဆိုရင် ဒီ့ထက်တောင် ပိုရသင့်တယ် မဟုတ်လား။

(၅) အလုပ်ရှင် အများစုက ကွီးတို့ဘဝ တိုးတက်လာသလား၊ မတိုးတက်လာဘူးလားဆိုတာကို ဂရုမစိုက်အား

ဝန်ထမ်း ဘဝ သူဌေး

ဘယ်အလုပ်ရှင်ကများ ဝန်ထမ်းတွေရဲ့ ဘဝနဲ့ အရည်အချင်းများ တိုးတက်လာသလဲဆိုတာကို ဂရုတစိုက် ရှိပေးပါသလဲ။ ဒီသင်တန်းလေး သွားတက်လိုက်ပါဦး။ ရော့ အင့် ဆိုပြီး ပိုက်ဆံ ဘတ်ခနဲ ထုတ်ပေးတာမျိုးဆိုရင် ပိုလို့တောင် မမျှော်လင့်သင့်ပါဘူး။ ကွီးတို့ကို ထရိန်နင်တွေတော့ တစ်ခုပြီးတစ်ခု ပေးပါလိမ့်မယ်။ အလုပ်ရဲ့ လိုအပ်ချက်အရပေါ့။ ဒါပေမဲ့ ထိုထရိန်နင်တွေက ကွီးတို့ ဘဝ အမှန်တကယ် တိုးတက်လာအောင် အကူအညီ ပေးနိုင်ရဲ့လား။

ဒါဆိုရင်တော့ ကွီးတို့လည်း ဝန်ထမ်းဘဝမှာပဲ ဘာ့ကြောင့် တစ်ချိန်လုံး မနေသင့်သလဲဆိုတာကို သိသွားလောက်ပြီပေါ့။

Source: Medium

Featured Image: Forbes