လီဗာပူးလ် အသင်းကတော့ သူတို့ရဲ့ ပဲ့ကိုင်ရှင် နည်းပြကြီး ယာဂင် ကလော့ပ်ကို လက်လွတ်လိုက်ရပြီပဲ ဖြစ်ပါတယ်။ ဂျာမန်လူမျိုး နည်းပြကြီး ကလော့ပ်က လီဗာပူးလ်အတွက် ခမ်းနားလှတဲ့ အောင်မြင်မှုတွေကို ရယူခဲ့ပြီး အသင်းကိုလည်း သေသေချာချာ တည်ဆောက်ပေးခဲ့တာကြောင့် ကလော့ပ်လို နည်းပြမျိုးနဲ့ လက်တွဲဖြုတ်လိုက်ရတာက အသင်းအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်စေခဲ့ရပါတယ်။

coach slot

Photo Credit: Yardbarker

ဒါကြောင့်လည်း လီဗာပူးလ်က ကလော့ပ်နေရာမှာ အစားထိုးဖို့အတွက် ပထမဆုံး ဦးစားပေးအဖြစ် ကစားသမားဟောင်းလည်းဖြစ် လက်ရှိ လေဗာကူဆင်မှာလည်း အရမ်းကို လက်စောင်းထက်နေတဲ့ ဇာဘီ အလွန်ဆိုကို ပစ်မှတ်ထားခဲ့ပေမယ့် အလွန်ဆိုက လေဗာကူဆင်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အမော်ရင်ကို ပြောင်းလဲ ပစ်မှတ်ထားခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ရာကနေ နောက်ဆုံးမှာတော့ ဖိုင်ယင်နော့နည်းပြ အာနယ် ဆလော့ကိုပဲ ကြိုးပမ်းခဲ့ရာ အဆင်ပြေသွားခဲ့ပါတယ်။

liverpool new coach slot

Photo Credit: Sky Sports

ဆလော့ဆိုတာက ပြီးခဲ့တဲ့ ရာသီကတည်းက တော့တင်ဟမ် ဟော့စပါးအသင်း အသည်းအသန် လိုက်ခဲ့ရတဲ့ နည်းပြတစ်ဦးလည်း ဖြစ်သလို အေဂျက်စ်အသင်း နယ်သာလန် အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီမှာပါ အေဂျက်စ်နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ကို ကျော်လွန်ပြီး နယ်သာလန်ရဲ့ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နယ်သာလန်လိဂ်ရဲ့ အကောင်းဆုံး နည်းပြဆုကို (၂)ရာသီဆက်တိုက်အထိ ပိုင်ဆိုင်ထားခဲ့သူလည်း ဖြစ်တာကြောင့် လီဗာပူးလ် ဘက်က ဆလော့ကို ကလော့ပ်နေရာမှာ အစားထိုးဖို့အတွက် မျက်စိကျလာခဲ့တာပဲ ဖြစ်ပါတယ်။

slot vs ten hag

Photo Credit: TEAMtalk

အခုတော့ လီဗာပူးလ်က ဆလော့ကို သူတို့အသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင်ပါ ခန့်အပ်လိုက်ပြီပဲ ဖြစ်ပါတယ်။ လီဗာပူးလ် ပရိသတ် အမြောက်အများကတော့ နယ်သာလန်လိဂ်ကနေ ရောက်လာတဲ့ နည်းပြဖြစ်တာမို့ အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ရောက်လာတဲ့ အဲရစ် တန်ဟက်ဂ်လိုမျိုး မစွံတဲ့ နည်းပြမျိုး ဖြစ်နေလိမ့်မယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့် ဆလော့က တန်ဟက်ဂ်လို နယ်သာလန်လူမျိုး ဘောလုံးနည်းပြတစ်ဦး ဆိုပေမယ့်လည်း တန်ဟက်ဂ်နဲ့ type ချင်း မတူတဲ့ နည်းပြဖြစ်တဲ့အပြင် ဖိုင်ယင်နော့နဲ့ လက်တွဲခဲ့တဲ့ (၃)နှစ်တာ ကာလအတွင်းမှာလည်း အသင်းကို နှစ်တိုင်းလိုလို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Featured Photo: Sky Sports