ကွီးတို့က ကွီးတို့ရဲ့ ရှော်တီလေးထက် ပို အရပ်ရှည်ချင်ကြတာ မဟုတ်လား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ဇွဲရှိရှိနဲ့ ပြုလုပ်သင့်ပါတယ်။ အရပ် ရှည် ချင်တဲ့ အမျိုးသားထုကြီးအတွက်တော့ ဒီလေ့ကျင့်ခန်းများက မေ့ ထားလို့ မရတဲ့ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

Side Plank

ကွီးတို့ကို အရပ်ရှည်ဖို့အတွက် ကူညီပေးမယ့် ပထမဦးဆုံး လေ့ကျင့်ခန်းကတော့ Side Plank လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

အရင်ဦးဆုံး ခန္ဓာကိုယ်ကို ဘေးတစောင်း လှဲလျောင်းထားလိုက်ပါ။ ထို့နောက် ဘယ်တံတောင်ကို ကြမ်းပြင်မှာ ထောက်ထားပြီးနောက် ခန္ဓာကိုယ်ကို ခပ်စောင်းစောင်းလေး ပြုလုပ်လိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ မှ ၆၀ အထိ နေပါ။

သတ်မှတ်ချိန်ပြည့်ပါက ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့ ပြောင်းကာ ထိုအနေအထားအတိုင်း နောက်ထပ် စက္ကန့် ၃၀ မှ ၆၀ အထိ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတစ်ခုကတော့ Mountain Climbers ပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကိုတော့ စုစုပေါင်း ၂ မိနစ်၊ ၂ ကျော့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

အရပ် ရှည် မေ့

ဒီလေ့ကျင့်ခန်းလေးကတော့ ခြေထောက်တစ်ဖက်ကို ထောက်ထားကာ ခုန်ရမယ့် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဘယ်ဘက်ကို ၁၀ ကြိမ်၊ ညာဘက်ကို ၁၀ ကြိမ် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

အရပ် ရှည် မေ့

ဒီလေ့ကျင့်ခန်းကတော့ အရပ်ရှည်လာဖို့အတွက် ကူညီပေးတဲ့နေရာမှာ ထိရောက်မှုအရှိဆုံးနဲ့ အကောင်းဆုံး လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အရင်ဦးဆုံး ၇ ပေရှည်ပြီး ခိုင်ခံ့တဲ့ဘားတန်းတစ်ခု လိုအပ်ပါလိမ့်မယ်။

ထိုဘားတန်းပေါ်မှာ စက္ကန့် ၂၀ ခန့် တွဲလောင်းခိုနေပါ။ ၃ ကျော့ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

အရပ် ရှည် မေ့

ကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်ပြီးနောက် ခြေဖျားကို ၂ လက်မအမြင့်ခန့် ထောက်ပေးလိုက်ပါ။ ခြေဖျားထောက်လိုက် ခြေဖျားပြန်ချလိုက်ဖြင့် စက္ကန့် ၃၀ ခန့် ပြုလုပ်ပေးရပါမယ်။ တစ်နေ့လျှင် ၈ ကြိမ်မှ ၁၀ ကြိမ် ပြုလုပ်ပေးပါက လုံလောက်ပါပြီ။

လေ့ကျင့်ခန်း (၆)

အရပ် ရှည် မေ့

ကြိုးခုန်လေ့ကျင့်ခန်းသည်လည်း အရပ်ရှည်ဖို့အတွက် ကူညီပေးတဲ့ လွယ်ကူရိုးရှင်းသော လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကြိုးခုန်တဲ့အခါ သတိထားရမယ့်အချက်ကတော့ ခုန်လိုက်တဲ့အချိန်မှာ ခြေထောက်နှစ်ဖက်က ကြမ်းပြင်ပေါ်ကနေ ပြိုင်တူခုန်ပေးဖို့ လိုပါတယ်။

ကွီးတို့ရော အရပ် ရှည် ဖို့အတွက် အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို မ မေ့ မလျော့ဘဲ လေ့ကျင့်ခန်း ပြုလုပ်ဖို့ အဆင်သင့်ပဲလား။

Source: Menshealth

Featured Image: Truheightvitamins