အစစအရာရာ ဈေးတွေကြီးနေတဲ့ ခေတ်ကာလ အနေအထားမှာ သာမန်လက်လုပ်လက်စားနဲ့ အခြေခံလူတန်းစားတွေ အတွက်တော့ Gym Memberships ဖိုး တွေက အတော်လေး စဉ်းစားစရာပါ။ ကျန်းမာဖို့ ငွေကုန်ခံမှ ရမှာလား ဆိုရင်တော့ ဒီလိုလည်း မဟုတ်ပါဘူး။ ငွေအကုန်အ ကျ ချွေတာချင်လို့ပဲ ဖြစ်ဖြစ် ၊ Gym သွားဖို့ သီးသန့် အချိန်မပေးနိုင်လို့ပဲ ဖြစ်ဖြစ် ၊ အိမ်မှာပဲ ပေါ့ပေါ့ပါးပါးနဲ့ လူတိုင်းအလွယ်တကူ ဆော့ကစားလို့ ရမယ့် လေ့ကျင့်ခန်းတွေကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါမယ်။
(၁) Jump Rope

Photo : Men’s Journal
ကြိုးခုန်တာက Gym ဖိုး ကုန်စရာမလိုပဲ ကျန်းမာကျစ်လစ်တဲ့ ဘော်ဒီကို ရရှိစေမယ့် အကောင်းဆုံး အိမ်တွင်းလေ့ကျင့်ခန်း တစ်ခုပါ။ ကြိုးတစ်ချောင်း ရှိရုံနဲ့ အချိန်နေရာမရွေး ဆော့ကစားလို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းက ကယ်လိုရီလောင်ကျွမ်းစေပြီး နှလုံးကျန်းမာရေးနဲ့ သက်လုံစွမ်းအားကို တိုးတက်ကောင်းမွန် စေပါတယ်။
(၂) Push-up

Photo : Steel Supplements
အိမ်မှာ ရေချိုးခါနီးပဲ ဖြစ်ဖြစ် ၊ ဘယ်အချိန်မဆို အလွယ်ကူဆုံး ဆော့ကစားလို့ရတဲ့ လေ့ကျင့်ခန်းကတော့ ဒိုက်ထိုး ခေါ် Push-up ပါပဲ။ ဒိုက်ထိုး လေ့ကျင့်ခန်းက ကွီးတို့ရဲ့ ဘော်ဒီ Strength ကို တိုးတက်ကောင်းမွန်စေပြီး နောက်ကျော ၊ ရင်ဘတ်နဲ့ လက်မောင်းကြွက်သားတွေကို ကျစ်လစ်ကြံ့ခိုင်လာစေဖို့အတွက် အထောက်အကူ ပြုပါတယ်။
(၃) Pull-up
![]()
Photo : ProsourceFit
Pull-up ကတော့ ဘားခို လေ့ကျင့်ခန်းပါ။ ခိုင်ခံ့တဲ့ ဘားတန်းတစ်ခု ရှိရုံနဲ့ ဆော့ကစားလို့ ရပါတယ်။ ကျစ်လစ်သန်မာမှုအပြည့်နဲ့ မာဆယ်အဖုအထစ်တွေပေါ်နေတဲ့ တောင့်တောင့်တင်းတင်း အမိုက်စားဘော်ဒီ ဖြစ်စေဖို့ Gym ဖိုး ကုန်စရာမလိုပဲ Pull-up ကစားရုံနဲ့ ရရှိနိုင်ပါတယ်။
(၄) Body Weight Squats

Photo : Men’s Health
Body Weight Squats ကတော့ ခန္ဓာကိုယ်အောက်ပိုင်း မာဆယ်တွေအတွက် အထိရောက်ဆုံး လေ့ကျင့်ခန်း တစ်ခုပါပဲ။ ဘယ် အားကစားအကူကိရိယာမှ မလိုပဲ Body Weight သီးသန့်သုံးပြီး Squats ကစားလို့ ရပါတယ်။ အောက်ပိုင်းကြွက်သားတွေ တောင့်တောင့်ဖြောင့်ဖြောင့် ဖြစ်ဖို့ Gym ဖိုး အကုန်ခံပြီး ကစားဖို့ မလိုပါဘူး။ အိမ်မှာပဲ Squats ထိုင်ပေးရုံနဲ့ အဆင်ပြေပါတယ်။
(၅) Walking Lunges

Photo : Eat This Not That
နောက်ဆုံး ဖော်ပြပေးမယ့် လေ့ကျင့်ခန်းကလည်း အောက်ပိုင်းအတွက် အကောင်းဆုံး Walking Lunges လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းက ပေါင်ကြွက်သားတွေ ကြီးထွားဖွံ့ဖြိုးလာဖို့နဲ့ တင်ကြွက်သားတွေ ကျစ်လစ်သန်မာစေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးတဲ့ အစွမ်းထက် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ Hams ၊ Quads ၊ Glutes ၊ Lower Back နဲ့ Core ကြွက်သားတွေရဲ့ Strength ကိုလည်း တိုးတက်စေဖို့ အထောက်အကူ ပြုပါတယ်။
Source : magicpin
Featured Photo : Muscle & Fitness
