နိုင်ငံ တစ်နိုင်ငံရဲ့ အနုပညာ အဆင့်အတန်းကို ကြည့်လိုက်တာနဲ့ ထိုနိုင်ငံအကြောင်းကို တစ်စေ့တစ်စောင်း သိမြင်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံအသီးသီးက သူတို့ရဲ့ အနုပညာများကို ကမ္ဘာ့အဆင့်အတန်းမှီအောင် ကမ္ဘာကျော်အောင် ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ နိုင်ငံ အသီးသီးက သီချင်းတွေကလည်း ကမ္ဘာကျော်ကြတဲ့ အတွက်ကြောင့် လူကြိုက်များ ကြပါတယ်။ ကွီးတို့ကလည်း နိုင်ငံ အစုံက သီချင်း ကောင်းတွေကို တောင့်တ နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်းများကို နားဆင်ခံစားနိုင်ပါတယ်။

(၁) It’s My Life – Bon Jovi

ရော့ခ် သီချင်းအကောင်းစားတွေကို နားဆင်ခံစားချင်တယ်ဆိုရင်တော့ Bon Jovi ရဲ့ It’s My Life သီချင်းလေးကို နားဆင်ခံစားနိုင်ပါတယ်။

Source: Bon Jovi

(၂) Suzume

ဒီသီချင်းကတော့ လူကြိုက်များတဲ့ ဂျပန် Anime ကားထဲက ဇာတ်ဝင်တေး သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းရဲ့ နောက်ခံအသံက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Source: AniMelody – Anime Music

(၃) Bam Yang Gang By Bi Bi

သကြားလုံး မစားဘဲ သီချင်း နားထောင်ရုံနဲ့ ချိုမြိန်တဲ့ အရသာကို ခံစားချင်ကြတဲ့ ကွီးတို့ကတော့ ဒီသီချင်းကို နားဆင်ခံစား သင့်ပါတယ်။

Source: BIBI

(၄) Perfect By Ed Sheeran

သီချင်းအေးအေးလေးတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ Ed Sheeran ရဲ့ Perfect သီချင်းလေးကိုလည်း ရွေးပေးထားပါသေးတယ်။ ကွီးတို့ ရှော်တီလေးရှေ့မှာ အမှတ်ရချင်တယ် ဆိုရင်တော့ ဒါလေးကို ဆိုပြသင့်ပါတယ်။​

Source: Ed Sheeran

(၅) Sparkle

ဂျပန် Anime ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် My Name က သူတို့ရဲ့ နံပါတ် (၁) အကြိုက်ဆုံး သီချင်းတစ်ပုဒ် ဖြစ်နေမှာပါ။ ထိုရုပ်ရှင်ထဲက ဇာတ်ဝင်တေးသီချင်းကလည်း လူကြိုက်များပါတယ်။

Source: Tranquility

(၆) Symphony By Clean Bandit (Feat. Zara Larsson)

ဒီသီချင်းကတော့ ၂၀၁၇ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး Clean Bandit ရဲ့ နာမည်ကြီး သီချင်းတွေထဲက တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Source: Clean Bandit

(၇) La Vie En Rose By Edith Piaf

ပြင်သစ်တွေက အော်ပရာ သီချင်းတွေ Classic သီချင်းတွေကြောင့် နာမည်ကြီးပါတယ်။ ဒီသီချင်းကဆိုရင် ၁၉၄၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး ယနေ့ခေတ်မှာလည်း ဗားရှင်း အမျိုးမျိုး၊ ကာဗာအမျိုးမျိုး ပြန်လည် သီဆိုထားကြတာပဲ ဖြစ်ပါတယ်။

Source: Classical Music

(၈) Grain in Ear

ဒီသီချင်းရဲ့ အင်ထရိုက စောင်းသံလေးနဲ့ အစပြုထားတာပဲ ဖြစ်ပါတယ်။ ဒါက သူ့ရဲ့ ထူးခြားချက်ပါပဲ။ အဲ့အချက်ကြောင့်လည်း ပေါ်ပြူလာဖြစ်ခဲ့တာပါ။

Source: 音阙诗听

(၉) No Reason By Ryan.B/effie

ဒီသီချင်းက တစ်တော့မှာလည်း နာမည်ကြီးတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာ ဖြစ်ပေမယ့် ယနေ့အထိ လူကြိုက်များနေတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Source: Boba Beats

(၁၀) Bohemian Rhapsody By Queen

သီချင်းတစ်ပုဒ်တည်း နားထောင်ရုံနဲ့ အမိုက်စား ဖီလင်လ်အမျိုးမျိုးကို ခံစားချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးကိုသာ နားဆင်လိုက်ပါ။ ဒီသီချင်းက ၁၉၇၅ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ယခုထက်ထိ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။​

Source: Queen Official

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သီချင်းတွေထဲက ဘယ်သီချင်းတွေကို ပိုသဘောကျပါသလဲ။ ဘယ် နိုင်ငံ က သီချင်း တွေကို ပိုမို တောင့်တ နေပါသလဲ။

Featured Image: Sea.mashable