အသက်လက်တီကို မက်ဒရစ်အသင်းကတော့ သြဂုတ် (၆)ရက်နေ့ ညပိုင်းလောက်မှာပဲ သူတို့ ခေါ်ယူချင်နေတဲ့ ကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်နဲ့ ကွင်းလယ်ကစားသမား ကော်နာ ဂယ်လက်ဂါတို့ကို ခေါ်ယူသွားနိုင်ဖို့အတွက် သဘောတူညီမှုတွေ အသီးသီး ရရှိခဲ့ရင်းနဲ့ ကစားသမား (၂)ဦးလုံးနဲ့ Here We Go နိုင်ခဲ့ပါတယ်။

mbappe & endrick

Photo Credit: beIN SPORTS

ရီးယဲလ်မက်ဒရစ်က ဈေးကွက် အစောပိုင်းမှာပဲ ကီလီယန် အမ်ဘာပေနဲ့ အန်းဒရစ်တို့လို တိုက်စစ်ကစားသမားတွေကို စောစောစီးစီး ဖြည့်တင်းနိုင်ခဲ့ပြီး ဘာစီလိုနာကလည်း သြဂုတ် (၆)ရက်နေ့ ညနေပိုင်းမှာ သူတို့ အလိုရှိနေတဲ့ ကစားသမား (၂)ဦးထဲကမှ ဒါနီ အော်လ်မိုကို here we go နိုင်ခဲ့ပါတယ်။ လာလီဂါရဲ့ ထိပ်တန်းအသင်းနှစ်သင်းက အားရစရာကောင်းတဲ့ ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ အသက်လက်တီကို တော့ မိုရာတာကို အေစီမီလန် ရောင်းထားပြီး မန်ဖစ် ဒီပိုင်းက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတယ်။ ဂျာအို ဖီးလစ်နဲ့ အန်ထရန် ဂရီးဇ်မန်းတို့ရဲ့ အနာဂတ်ကလည်း ဝေဝါးနေပါတယ်။

atletico madrid new signings

Photo Credit: Atlético de Madrid

ဒါပေမယ့် ထူးခြားတာက အသက်လက်တီကိုရဲ့ ကစားသမား ဖြည့်တင်းမှုတွေပါ။ ပထမဆုံးအနေနဲ့ ခံစစ်ကစားသမား ရော်ဘင် လီနော်မန်ကို ဆိုစီဒက်ကနေ ခေါ်ယူတယ်။ နောက်ပြီးတော့ ဗီလာရီးယဲလ်က နော်ဝေ တိုက်စစ်မှူး ဆော်လော့သ်ကို ထပ်မံ ခေါ်ယူပြန်ပါတယ်။ ဒီကစားသမား (၂)ဦးအတွက် ယူရို (၆၆.၅)သန်း အသုံးပြုလိုက်ပါတယ်။ ဒါပေမယ့် အသက်လက်တီကို က တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းကို ထပ်ပြီး အားဖြည့်ဖို့လည်း လိုနေသေးတာမို့ တိုက်စစ်ပိုင်းအတွက် မန်စီးတီးက တိုက်စစ်ကစားသမား အဲလ်ဗာရက်ဇ်နဲ့ ကွင်းလယ်အတွက် ချယ်လ်ဆီး ကွင်းလယ်လူ ဂယ်လက်ဂါကို ကြိုးပမ်းနေခဲ့ရာ အခုတော့ သဘောတူညီမှုတွေလည်း ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

alvarez and gallagher altico

Photo Credit: Fabrizio Romano

အသက်လက်တီကိုက အဲလ်ဗာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်းနဲ့ အပိုဆုကြေး ယူရို သန်း(၂၀) စုစုပေါင်း ယူရို (၉၅)သန်း package နဲ့ here we go ခဲ့တာဖြစ်ပြီးတော့ ဂယ်လက်ဂါကိုတော့ ယူရို (၄၂)သန်းနဲ့ here we go ခဲ့ပါတယ်။ ကစားသမား (၂)ဦးလုံးနဲ့လည်း (၅)နှစ်စာချုပ်တွေ ချုပ်ဆိုသွားဖို့အတွက်ပါ သဘောတူညီခဲ့ပါသေးတယ်။ အခုဆိုရင် အသက်လက်တီကို ဟာ ကစားသမားသစ် (၄)ဦးနဲ့အတူ လာမယ့် ဘောလုံးရာသီ လာလီဂါမှာ ရီးယဲလ်တို့ ဘာစီလိုနာတို့အပြိုင် လာလီဂါ အမှတ်ပေးဖလားကြီးကို မျှော်မှန်းလာနိုင်မလားဆိုတာ…

Featured Photo: Fabrizio Romano