ကွီးတို့ရဲ့ ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးစရာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး စိတ်ဖိစီးစရာများ ခံစားနေရပြီး စိတ်ညစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ယောဂ ကျင့်စဥ် များနဲ့ စိတ်ဖိစီးစရာများကို ဖယ်ရှား နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ဆန့်တန်းကာ မတ်တပ်ရပ်လိုက်ပါ။

ထို့နောက် ခန္ဓာကိုယ် အရှေ့ပိုင်းကို အရှေ့သို့ ကိုင်းချပြီးနောက် ဖြည်းဖြည်းချင်းစီ ဒူးနှစ်ဖက်ဆီသို့ ထိကပ်အောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ထိုအချိန်တွင် ဒူးနှစ်ဖက်က မကွေးသွားစေဘဲ ဆန့်တန်းထားရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

မတ်တပ်ရပ်ကာ ခြေထောက်နှစ်ဖက်ကို ဘေးသို့ ကားထုတ်လိုက်ပါ။ လက်နှစ်ဖက်ကိုလည်း ဘေးသို့ ဆန့်တန်းထားပါ။ ထို့နောက် ညာဒူးကို ကွေးချပြီး ခန္ဓာကိုယ်ကို ညာဘက်သို့ ယိမ်းလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ပြုလုပ်ပါ။  တစ်ဖန် မူလအနေအထားအတိုင်း ပြန်နေပါ။ ဘယ်ဒူးကို ကွေးချပြီး ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ ယိမ်းလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်း (၃)

အရင်ဦးဆုံး ညာဒူးကို အရှေ့သို့ ကွေးချထားပြီး ဘယ်ခြေကို အနောက်သို့ ဆန့်တန်းကာ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ထားလိုက်ပါ။ ထို့နောက် ကြမ်းပြင်ပေါ်မှာ လှဲလျောင်းလိုက်ကာ ဘယ်ခြေကို အပေါ်သို့ ဆန့်တန်းလိုက်ပါ။ ထို အနေအထားအတိုင်း ၁ မိနစ် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

ယောဂ ဖယ်ရှား

အရင်ဦးဆုံး ယောဂဖျာပေါ်မှာ Plank ထောက်တဲ့ အနေအထားဖြင့် အစပြုပါ။ ထို့နောက် ပုံပါအတိုင်း ခန္ဓာကိုယ် အလယ်ပိုင်းကို အပေါ်သို့ တဖြည်းဖြည်းချင်းစီ မြှောက်ပေးလိုက်ရပါမယ်။ ထို့နောက် မြှောက်ထားတဲ့ အနေအထားအတိုင်း ၁ မိနစ်ခန့် တောင့်ထားလိုက်ပါ။

လေ့ကျင့်ခန်း (၅)

ယောဂ ဖယ်ရှား

ဒီကျင့်စဉ်ကို စတင်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ဒူးခေါင်းများကို တင်ပါးအနံကို အကွာအဝေး အတိုင်း ခွဲထားပါ။ ထို့နောက် အသက်ကိုရှုထုတ်ပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ပေါင်ပေါ်တွင် မှောက်လိုက်ပါ။ ကွီးတို့ရဲ့ လက်များကို ခန္ဓာကိုယ်နဲ့ကပ်လျက် ဖြေလျှော့ပြီးရှေ့သို့ ဆန့်ထုတ်ထားပါ။ ပခုံးများကိုလည်း ဖြေလျော့ထားပါ။ ကွီးတို့ရဲ့ ခေါင်းကိုမှောက်လျက် နဖူးက ကြမ်းပြင်ပေါ်တွင် ထိထားပါ။ ထို့နောက် ဖြည်းဖြည်းနှင့် မှန်မှန် အသက်ရှုသွင်းပါ။

လေ့ကျင့်ခန်း (၆)

ယောဂ ဖယ်ရှား

အရင်ဦးဆုံး မတ်တပ်ရပ်နေပါ။ ထို့နောက် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ တင်ပါးကို နောက်ပစ်ပြီး ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ပုံစံအတိုင်း ပြုလုပ်ပေးလိုက်ရပါမယ်။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်လောက် တောင့်ခံထားလိုက်ပါ။ အသက်ရှူသွင်း ရှူထုတ်ခြင်းကိုလည်း ပုံမှန်အတိုင်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

အခုဖော်ပြသွားတဲ့ ယောဂ ကျင့်စဥ် များနဲ့ ကွီးတို့ရဲ့ စိတ်ဖိစီးမှုများကို ဖယ်ရှား ပစ်ဖို့ ရယ်ဒီပဲလား။

Source: Menshealth

Featured Image: Mensyogajournal.com