ဒီဘက်ခေတ်မှာ ဖုန်းလေးတစ်လုံးရှိရုံနဲ့ နိုင်ငံအစုံက Pornography လို့ခေါ်တဲ့ လူကြီးကား အပြာရုပ်ရှင်တွေကို အလွယ်လေး ရှာကြည့်လို့ရနေပါပြီ။ အပြာရုပ်ရှင်တွေကို လိုတာထက်ပိုပြီး စွဲစွဲလမ်းလမ်း ကြည့်မိရင်တော့ ကွီးတို့ရဲ့ နေ့စဉ်ဘဝမှာရော စိတ်ရောကိုယ်အတွက်ပါ ဆိုးကျိုးတွေ များစွာ သက်ရောက်စေနိုင်ပါတယ်။ ကွီးတို့က မကြာခဏဆိုသလို လူကြီးကားတွေ ကြည့်ပြီး အာသာဖြေ မိနေတယ်ဆိုရင်တော့ အခုပြောပြမယ့် ဆိုးကျိုးအန္တရာယ်တွေကို ကြုံတွေ့ ခံစားရနိုင်ပါတယ်။

(၁) တစ်ကိုယ်ရည် အာသာဖြေခြင်းအပေါ် စွဲလမ်းလာမယ်

Man in bed

Photo : Maze Men’s Health

Pornography လို့ ခေါ်တဲ့ အပြာရုပ်ရှင် ၊ စာပေ ၊ ဓာတ်ပုံနဲ့ တခြားမီဒီယာတွေကနေတဆင့် ခံစားကြည့်ရှုရင်း တစ်ကိုယ်ရည် အာသာဖြေ ခြင်းဟာ စွဲလမ်းမှုဆီ ဦးတည်သွားတက်ပါတယ်။ အပြာကားတွေ မကြည့်ရ မနေနိုင်တာ ၊ တစ်ကိုယ်ရည် အာသာဖြေခြင်းကို အလွန်အကျွံလုပ်မိနေတာတွေဟာ စွဲလမ်းမှုနဲ့ ဆက်စပ်နေတဲ့ ပြဿနာတစ်ရပ်ပါ။ စွဲလမ်းတဲ့အဆင့်ကို‌ ရောက်သွားပြီဆိုရင်တော့ ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲမှာ အဘက်ဘက်ကနေ ဆိုးကျိုးတွေ ဝင်ရောက်လာပါလိမ့်မယ်။

(၂) လိင်စိတ်ဆန္ဒ ကျဆင်းစေတယ်

Bedtime Habit

Photo : New York Post

လူကြီးရုပ်ရှင်တွေနဲ့ တစ်ကိုယ်ရည် အာသာဖြေတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ တကယ့်လက်တွေ့ဘဝထဲက ဆက်ဆံရေးတွေပေါ်ပါ ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ လိင်စိတ်ဆန္ဒ ကျဆင်းလာပြီး ပါတနာအပေါ် စိတ်ပါဝင်စားမှု လျော့နည်းလာတာ ၊ အပြာရုပ်ရှင်ထဲကအတိုင်း ပြင်ပက ကိုယ့်ပါတနာအပေါ် လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ ထားမိတာ စတဲ့ အခြေအနေတွေ ရှိလာနိုင်ပြီး အပြာကားတွေကလွဲရင် လိင်စိတ်တက်ကြွမှု မရှိတော့တာ ၊ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို မလုပ်ချင်တော့တာ ၊ ပါတနာနဲ့ ဆက်ဆံရေး အဆင်မပြေတာ စတာတွေအထိ ဖြစ်နိုင်ပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ ဖျားနာလာနိုင်တယ်

Depression

Photo : Bay Psychiatric Associates

Mental Health နဲ့ ဆိုင်တဲ့ ပြဿနာတွေရဲ့ တစ်စိတ်တစ်ပိုင်းဟာ လူကြီးကား စွဲလမ်းမှု ၊ တစ်ကိုယ်ရည် အာသာဖြေခြင်း စွဲလမ်းမှုတွေနဲ့ ဆက်စပ်နေပါတယ်။ အပြာရုပ်ရှင်တွေကို အချိန်တော်တော်များများ ကြည့်မိနေတဲ့အခါ စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှုတွေ များစေသလို အထီးကျန်ခြင်း ၊ မိမိကိုယ်ကို လေးစားမှုလျော့ကျခြင်း ၊ အပြစ်ရှိသလို ခံစားရခြင်း စတဲ့ ရှုပ်ထွေးပြီး အပျက်သဘောဆောင်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဖြစ်ပေါ်ကြုံတွေ့ လာနိုင်ပါတယ်။

(၄) နေ့စဉ်ဘဝထဲက တာဝန်ဝတ္တရားတွေ ပျက်ကွက်လာမယ်

Depression
Photo : New Connections Counseling Center

လူကြီးကား တွေကို စွဲစွဲလမ်းလမ်း ဖြစ်လာပြီ ၊ အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေမိနေပြီဆိုရင် နေ့စဉ်ဘဝထဲက တာဝန်ဝတ္တရားတွေကို သေချာပေါက် ထိခိုက်လာမှာပါ။ အလုပ်ထဲမှာ စိတ်မနှစ်နိုင်တော့ပဲ လေလွင့်နေတာ ၊ လူမှုရေး / ပေါင်းသင်းဆက်ဆံရေး ကဏ္ဍတွေမှာ ပြဿနာရှိလာတာ စတဲ့ အခြေအနေတွေအပြင် အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် အချိန်တိုင်းနီးပါး ပင်ပန်းနွမ်းနယ်ခြင်း ၊ ခါးနာခြင်း ၊ လိင်အင်္ဂါ သန်စွမ်းကျန်းမာမှု လျော့ကျခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ကြုံတွေ့ ခံစားရနိုင်ပါတယ်။

Source : My Fit Brain

Featured Photo : Healthline