Mixed Martial Arts လို့ခေါ်တဲ့ MMA အားကစားကတော့ တိုက်ခိုက်ရေး ကစားနည်းတွေထဲမှာ အကြမ်းဆုံးလို့ ပြောရမှာပါ။ Striking ကောင်းကောင်းနဲ့ Stand Fight တစ်ခုတည်းမှာပဲ အားသာလို့ မရပါဘူး။ ပညာပါပါ လျင်မြန်တဲ့ ချုပ်ကွက် နည်းစနစ်တွေနဲ့ Grappling ပိုင်းမှာပါ ကျွမ်းကျင်ဖို့လိုသလို အခြေအနေ အချိန်အခါအပေါ်မူတည်ပြီး မတူညီတဲ့ တိုက်ခိုက်ရေး နည်းစနစ် အမျိုးမျိုးကို အသုံးပြု တိုက်ခိုက်တက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ MMA ကစားသမား တွေဟာ အခြား တိုက်ခိုက်ရေး နယ်ပယ်ထဲက ကစားသမားတွေထက် ပိုကြံ့ခိုင်သန်မာနေဖို့ လိုအပ်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေနဲ့ နည်းစနစ်ပိုင်းရော ၊ ကြံ့ခိုင်မှုပိုင်းကိုပါ သေချာ လေ့ကျင့်ကြရတာပါ။ MMA ကစားသမားတွေ လေ့ကျင့်တဲ့ Exercises တွေ အများကြီးရှိတဲ့ အထဲကမှ ဒိတ်ဒိတ်ကြဲ UFC အကျော်အမော် များစွာကို လေ့ကျင့်ပေးနေတဲ့ နာမည်ကြီး နည်းပြ Steven Sahyun ရဲ့ ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) Weighted Neck Training

Source : Armageddon Sports

MMA တိုက်ခိုက်ရေး ကစားသမား တစ်ယောက်အတွက် လည်ပင်းနဲ့ Jawline တွေ ကြံ့ခိုင်နေဖို့က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် Jawline နေရာကို လက်သီးချက်တစ်လုံး ထိထိမိမိ ထိမှန်သွားတာနဲ့ Knockdown ကျသွားနိုင်လို့ပါ။ ကြိုးဝိုင်းအတွင်းမှာ ပြိုင်ဘက်ရဲ့ ပြင်းထန်တဲ့ လက်သီးချက်တွေအောက် လဲကျမသွားစေဖို့ Neck နဲ့ Jawline ကို သေချာလေး လေ့ကျင့်ပေးဖို့လိုပြီး Neck နဲ့ Jawline ကြွက်သားတွေကြံ့ခိုင် သန်မာလာဖို့အတွက် အထိရောက်ဆုံးဖြစ်တဲ့ Weighted Neck Training လေ့ကျင့်ခန်းကို ကစားပေးနိုင်ပါတယ်။

(၂) The Incline Garhammer Raise

Source : MorganMuscle

Liver Punch လို့ခေါ်တဲ့ Body Shot ထိုးချက်တွေ ခံနိုင်ရည်ရှိဖို့ Abdominal Muscles တွေကို သေချာ လေ့ကျင့်ထားဖို့ လိုပါတယ်။ The Incline Garhammer Raise လေ့ကျင့်ခန်းက Abs ရဲ့အရှေ့ဘက် Rectus Abdominis ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတွေထဲကတစ်ခုပါ။ ဒီလေ့ကျင့်ခန်းကို များများကစားထားမယ်ဆိုရင် တော်ရုံတန်ရုံ Liver Punch တွေမှာ Knockdown ကျမှာ မဟုတ်တော့ပါဘူး။

(၃) Sledgehammer Pronation / Supination Twirls

Source : Testosterone Nation

တိကျသေချာတဲ့ လက်သီးချက်တွေနဲ့ ပါဝါ အပြင်းထန်ဆုံး လက်သီးချက်တွေကို ပစ်လွှတ်ထိုးနှက်နိုင်ဖို့ လက်ချောင်းတွေရဲ့ ကြံ့ခိုင်သန်မာမှုက အရေးကြီးဆုံး ဖြစ်ပါတယ်။ လက်ချောင်းတွေလို့ ဆိုရာမှာ လက်ကောက်ဝတ် ၊ လက်ဖျံ ၊ လက်မောင်းအရင်း ဆုံနေရာတွေ အားလုံး ပါဝင်ပါတယ်။ Sledgehammer Pronation / Supination Twirls လေ့ကျင့်ခန်းကတော့ လက်ကောက်ဝတ်တွေရဲ့ သန်မာမှုကို တိုးစေမှာဖြစ်သလို လက်ဖျံ ၊ လက်မောင်းတွေကို အားကောင်းစေပြီး ပါဝါ ခပ်ပြင်းပြင်း လက်သီးချက်တွေ ထိုးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

(၄) Deep Tier Squat Jumps

Source : Primitive Patterns

MMA ကစားသမား တစ်ယောက်အနေနဲ့ အောက်ပိုင်းကြံ့ခိုင်မှုနဲ့ ကန်ချက်တွေ အားကောင်းဖို့ Lower Body Strength အတွက်လည်း လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ Deep Tier Squat Jumps လေ့ကျင့်ခန်းက ရိုးရှင်းလွယ်ကူတဲ့‌ အောက်ပိုင်းလေ့ကျင့်ခန်း တစ်ခုပါ။ Squat နဲ့ Jumps လေ့ကျင့်ခန်း ၂ ခုကို ပေါင်းစပ်ပြီး ဟန်ချက်ညီညီ ထိန်းညှိကစားရတာ ဖြစ်ပါတယ်။

Source : Muscle & Fitness

Featured Photo : Evolve MMA