Overthinking ဖြစ်တာဟာ အပြုသဘောထက် အပျက်သဘောဆောင်တဲ့ အခြေအနေတွေကို ပိုမိုဖန်တီးပေးတယ်လို့ ပြောရင် မမှားဘူး ထင်ပါတယ်။ အတွေးတွေဟာ စာရေးသူတို့ရဲ့ စိတ်နဲ့ခန္ဓာအပေါ် ဆိုးကျိုး တိုက်ရိုက် သက်ရောက် နေတာပါ။ ကိစ္စတိုင်း ၊ အဖြစ်အပျက်တိုင်းကို စိုးရိမ်ပူပန်လွန်းပြီး အတွေးများနေမယ်ဆိုရင် လက်တွေ့ဘဝနဲ့ ကင်းကွာပြီး အဆိုးမြင် အတွေးပုံစံခွက်ထဲမှာ တဝဲလည်လည် နစ်မြုပ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အတွေးလွန် တဲ့ ပြဿနာကို ထိန်းညှိနိုင်ဖို့အတွက် အကြံပြုချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် သတိပြန်ကပ်ပါ

Overthinking

Photo : Nourished Wellness Group

အတွေးမှာ အကန့်အသတ် မရှိပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်တွေးနေတဲ့ အကြောင်းအရာအပေါ်မှာပင် သတိလက်လွှတ် ဖြစ်သွားတာမျိုး ရှိတက်ပါတယ်။ Overthinking ဖြစ်တယ်ဆိုတာ အဲ့ဒီကနေ စတာပါ။ တွေးတာဟာ အလေ့အကျင့်တစ်ခု ဖြစ်သွားတဲ့အခါ အတွေးတွေနောက်မှာ အချိန်တော်တော်များများ လိုက်ပါမြောသွား တက်ပါတယ်။ ဒါကြောင့် အရေးကြီးဆုံးက ကွီးတို့ တွေးတဲ့ အတွေးပုံစံကို ပြန်လည်သုံးသပ် သတိကပ်မိဖို့ပါ။ အတွေးတွေအကြောင်း သတိရှိနေရင် အတွေးလွန် ခြင်းဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အတွေးလွန်တဲ့ ပြဿနာကို ရပ်တန့်ဖို့ ကိုယ့်ရဲ့ အတွေးတွေအပေါ် သတိကပ်နေဖို့ လိုပါတယ်။

(၂) ပြဿနာကို အဖြေထုတ်ဖို့ လမ်းကြောင်းရှာပါ

Clay Work

Photo : Clay Studio

ပြဿနာအကြောင်း ထိုင်တွေးနေရုံနဲ့ ပြဿနာရဲ့ အဖြေဟာ ထွက်လာနိုင်ပါဘူး။ ပြဿနာတစ်ခု ကြုံလာရတဲ့အခါ ပြဿနာအကြောင်းကိုပဲ  တွေးတောနေတာထက် အဖြေတစ်ခု ထုတ်နိုင်ဖို့က အရေးကြီးတာပါ။ ဒါကြောင့် ပြဿနာကို ဖြေရှင်းနိုင်ဖို့ အထောက်အကူ မဖြစ်တဲ့ အတွေးတွေကို တွေးတောနေမယ့်အစား ရလဒ်တစ်ခု ထွက်နိုင်ခြေရှိတဲ့ အကောင်းဆုံး ဖြေရှင်းချက် ၅ ခုကို အရင်ဆုံး ရှာဖွေဖော်ထုတ် သင့်ပါတယ်။ ဒါမှသာ အတွေးလွန် ခြင်းဆိုတဲ့ ပိုက်ကွန်ထဲမှာ ညှိတွယ်နေတော့မှာ မဟုတ်သလို ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုကို စဉ်းစားမိနိုင်မှာ ဖြစ်ပါတယ်။

(၄) အတွေးတွေကို စိန်ခေါ်ပါ

challenge your thoughts

Photo : Play Your Way Sane

အဆိုးမြင်စိတ်တွေကနေ ရုန်းထွက်နိုင်ဖို့ ခက်တယ် ထင်ရပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အတွေးတွေကို စိန်ခေါ်နိုင်မယ်ဆိုရင် အဆိုးမြင် အတွေးကွန်ယက်ကနေ လွှတ်မြောက်ဖို့ လွယ်ကူနိုင်ပါတယ်။ ဥပမာအားဖြင့် အဆိုးမြင် အတွေးတွေနဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေ များနေတယ် ၊ ကိစ္စသေးသေးလေးတွေကအစ အတွေးလွန် နေမိပြီဆိုရင်  တွေးလက်စ အတွေးတွေကို ချက်ချင်း ရပ်တန့်ရှင်းထုတ် လိုက်ပါ။ အခြေအနေတစ်ခုအပေါ် မတူညီတဲ့ ရှုထောင့်ကနေ ပြန်လည်ရှုမြင် ကြည့်ပါ။ ရလဒ်တွေဟာ မတူနိုင်သလို အတွေးနဲ့ ခံစားမှုတွေ ပြောင်းလဲသွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၄) စိတ်ကို တည်ငြိမ်အောင် လေ့ကျင့်ပေးပါ

mindfulness

Photo : Nourished Wellness Group

စာရေးသူတို့ဟာ လက်ရှိရောက်တဲ့ ပစ္စုပ္ပန်ကာလကို အာရုံစိုက်ထားဖို့ လိုပါတယ်။ အတိတ်ကိုလည်း ပြန်မတွေးသင့်သလို အနာဂတ်ကိုလည်း တွေးပြီး မပူပန်သင့်ပါဘူး။ ဒါတွေကပဲ အတွေးလွန် ခြင်း ပြဿနာကို ဖန်တီးပေးတာပါ။ လက်ရှိ ရောက်နေတဲ့ နေရာ ၊ လက်ရှိ အခြေအနေကိုပဲ အာရုံစိုက်ပြီး စိတ်နဲ့အတွေးတွေကို အကောင်းဆုံး တည်ငြိမ်အောင် ထိန်းညှိထား သင့်ပါတယ်။ တရားထိုင်တာ ၊ ယောဂလေ့ကျင့်တာတွေ အပြင် နောက်ဆုံး အသက်ကို ဖြည်းဖြည်းနဲ့မှန်မှန် ရှုသွင်းရှုထုတ်လုပ်တာ စတဲ့ အလေ့အကျင့်တွေကနေ ကွီးတို့ရဲ့ စိတ်ကို တည်ငြိမ်အောင် လေ့ကျင့်ယူလို့ ရနိုင်ပါတယ်။

Source : The Muse

Featured Photo : Level Supermind