သီချင်းတွေက ကွီးတို့ကို ပျော်အောင်လုပ်ပေးနိုင်သလို အလိုလိုမျက်ရည် ကျစေနိုင်တဲ့အထိ စွမ်းအားကြီးပါတယ်။ သီချင်းတိုင်းတော့ မဟုတ်ပေမယ့် ဘဝတွေထဲက ဘဝတွေအကြောင်းကို ခံစားချက် အပြည့်နဲ့ ရေးသားဖွဲ့ဆိုထားတဲ့ အချို့သီချင်းတွေက တိုက်ဆိုင်မှု ရှိသူတိုင်းကို ဟက်ထိစေတာ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဂီတချစ်သူ ကွီးပရိသတ်တွေအတွက် ခံစားချက် နဲ့ ရင်းပြီး သံစဉ်စာသား နက်ရှိုင်းစွာ ရေးသားဖွဲ့ဆိုထားတဲ့ ၉၀ ခုနှစ်ဝန်းကျင်ကာလတွေဆီက အကောင်းဆုံး သီချင်း ဟောင်း သီချင်းကောင်း အချို့ကို ပြန်လည်ခံစားနားဆင်နိုင်ဖို့ ညွှန်းဆို ပေးချင်ပါတယ်။

(၁) “Dust In The Wind” – Kansas (1977)

Source : Kansas

Kansas ရဲ့ Dust In The Wind သီချင်းကတော့ လွမ်းဆွတ်မှုနဲ့ မမြဲခြင်း သဘောတရားကို ရေးသားဖွဲ့ဆိုထားတဲ့ သီချင်း ကောင်းတစ်ပုဒ်ပါ။ ဒီသီချင်းရဲ့ သံစဉ်ကို ဂီတချစ်သူတိုင်းအားလုံး ရင်းနှီးပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

(၂) “Old Man” – Neil Young (1972)

Source : neilyoungchannel

လေးနက်ပြင်းရှတဲ့ စာသားတွေနဲ့ ရေးဖွဲ့သီကုံးထားတဲ့ သီချင်း ခပ်အေးအေးလေး တစ်ပုဒ်ပါ။ ဒီသီချင်းက အသက်အရွယ် အပိုင်းအခြားတစ်ခုကို ရောင်ပြန်ဟပ်စေပြီး လူငယ်ရော လူကြီးတွေမှာတဲ့ တူညီတဲ့ လိုချပ်အပ်တွေ ရှိတဲ့အကြောင်းကို ရေးသားထားပါတယ်။

(၃) “Tears In Heaven” – Eric Clapton (1992)

Source : Epitaph

ကွယ်လွန်သွားတဲ့ ၄ နှစ်အရွယ် သားဖြစ်သူကို ရည်ညွှန်းဖွဲ့ဆိုထားတဲ့ Eric Clapton ရဲ့ကြေကွဲဖွယ် သီချင်း ဟောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းထဲမှာပါတဲ့ ” တကယ်လို့များ ကောင်းကင်ဘုံမှာ မင်းနဲ့ ပြန်ဆုံခဲ့ရင် ငါ့နာမည်ကို မင်းမှတ်မိနေဦးမှာလား ? ” ဆိုတဲ့ သီချင်းစာသားလေးက ခံစားချက်တွေ ၊ မျက်ရည်တွေနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ် ဆိုတာ ပေါ်လွင်စေပါတယ်။

(၄) “It’s So Hard To Say Goodbye” – Boyz II Men (1991)

Source : Boyz II Men

၉၀ ခုနှစ်ကာလတွေရဲ့ အကောင်းဆုံး R&B Boy Band Boyz II Men ရဲ့ သီချင်း ကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ Boyz II Men အဖွဲ့ဆိုတာ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ အသံပိုင်ရှင်တွေ စုစည်းထားတဲ့ Boy Band တစ်ဖွဲ့ပါ။ Boyz II Men အဖွဲ့ရဲ့ ဝမ်းနည်းဖွယ် သီချင်းကောင်းတစ်ပုဒ် ဖြစ်တဲ့ “It’s So Hard To Say Goodbye” သီချင်းလေးကို ခံစားနားဆင်ကြည့်လိုက်ပါဦး။

(၅) “Fade Into You” – Mazzy Star (1993)

Source : Mazzy Star

Mazzy Star အဖွဲ့ရဲ့ သီချင်းကောင်း တစ်ပုဒ်ကိုလည်း ရွေးချယ်တင်ဆက် ပေးလိုက်ပါတယ်။ ညို့အားပြင်း အသံပိုင်ရှင် Hope Sandoval ရဲ့ ခံစားချက်အပြည့်နဲ့ လွမ်းဆွတ်ပျံ့လွင့်ဖွယ် ဖွဲ့နွဲ့သီဆိုထားတဲ့ “Fade Into You” သီချင်းလေးက ကွီးတို့ရဲ့ နှလုံးသားတွေကို ညို့ယူဖမ်းစားနိုင်မယ့် သီချင်းကောင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။

(၆) “You’re Gonna Make Me Lonesome When You Go”‘ – Bob Dylan (1975)

Source : Bob Dylan

You’re Gonna Make Me Lonesome When You Go သီချင်း ကတော့ ဂီတသမိုင်းတစ်လျှောက်မှာ အကျော်ကြားဆုံးနဲ့ နာမည်အကြီးဆုံး ဂန္ထဝင်တေးရေးဆရာနဲ့ အဆိုရှင်ကြီး Bob Dylan ရဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းခေါင်းစဉ်အတိုင်းပဲ Bob Dylan ကတော့ ” နှုတ်ဆက်ခြင်းအနုပညာ” ကို ဒီသီချင်းနဲ့ အပြည့်အဝ ပုံဖော်ထားပါတယ်။ ဟာမိုနီကာနဲ့ ဂစ်တာသံစဉ်တွေ ပေါင်းဖွဲ့ဖန်တီးထားတဲ့ ဒီသီချင်းလေးက လွမ်းဆွတ်ဖွယ်ခံစားချက်တွေကို နှိုးဆွပေးနေတဲ့ သီချင်းတစ်ပုဒ်လို့ ပြောရင် မမှားနိုင်ပါဘူး။

(၇) “This Night Has Opened My Eyes” – The Smiths (1984)

Source : The Smiths

The Smiths အဖွဲ့ရဲ့ “This Night Has Opened My Eyes” သီချင်းလေးနဲ့ အဆုံးသတ် လိုက်ပါမယ်နော်။ ဒီသီချင်းလေးကတော့ တစ်ခေတ်တစ်ခါက အကောင်းဆုံး အဆွေးသီချင်းတွေထဲကတစ်ပုဒ် ဖြစ်ပါတယ်။ နားထောင်သူတိုင်းအတွက် ဝမ်းနည်းစရာ ၊ တွေးတောစရာတွေနဲ့ အဆွေးဓာတ်ခပ်ပါးပါးလွှမ်းတဲ့ ခံစားချက်တွေကို ယူဆောင်လာပေးမယ့် သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ နားဆင်ခံစား ကြည့်လိုက်ပါဦး။

Source : Forbes

Featured Photo : consequence.net