ဝမ်းဗိုက်တဝိုက်မှာ တောင်ကုန်းလို့ မို့မောက်နေတဲ့ အဆီပိုတွေကို ဖြုတ်ချ ချင်ပေမယ့် Gym သွားဖို့လည်း အချိန်မပေးနိုင်ဘူး ဆိုသူတွေအတွက် ဗိုက်အဆီ တွေ ထိထိရောက်ရောက် ကျပြီး ကျစ်လစ်သွယ်လျတဲ ဝမ်းဗိုက်ကြွက်သားပြင်ကို ရရှိစေမယ့် အကောင်းဆုံး အိမ်တွင်း လေ့ကျင့်ခန်း နည်း ၅ ခုကို မျှဝေပေးချင်ပါတယ်။

(၁) Bicycle Crunches

Source : Wodstar

Bicycle Crunches ကတော့ ဗိုက်အဆီ တွေကို ထိထိရောက်ရောက် လောင်ကျွမ်းစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက Rectus Abdominis နဲ့ Obliques ကြွက်သားအစိတ်အပိုင်း ၂ ခုလုံးကို ပစ်မှတ်ထားပါတယ်။ ကွီးတို့ ယောဂဖျာတစ်ချပ် ရှိရုံနဲ့ အိမ်မှာပဲ လွယ်လွယ်ကူကူ ကစားလို့ ရပါတယ်။

(၂) Mountain Climbers

Source : EDGE Fitness

ဝမ်းဗိုက်ကြွက်သားတွေကို ပြင်းပြင်းထန်ထန် လှုပ်ရှားကစားပေးရတဲ့ ဒီလေ့ကျင့်ခန်းကတော့ ဗိုက်အဆီတွေကို ကျစေရုံသာမက နှလုံးခုန်နှုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှု မြင့်မားပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၃) Bodyweight Russian Twist

Source : Functional Bodybuilding

ဝမ်းဗိုက်ဘေးလိုင်း Obliques ဧရိယာတဝိုက်က အဆီတွေကို ကျဆင်းစေပြီး ဗိုက်ကြွက်သားကျစ်လစ်မှုကို တိုးစေဖို့နဲ့ ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားကို မှန်ကန်စေဖို့ အထောက်အကူပြုတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဝမ်းဗိုက်ကို ဘယ်/ညာ လှည့်ပြီး ကစားရတဲ့ လှုပ်ရှားမှု ဖြစ်တဲ့အတွက် Core ကြွက်သားတွေရဲ့ သန်မာမှုနဲ့ Flexibility ကို မြှင့်တင်ပေးပါတယ်။

(၄) Leg Raises

Source : Health Hunt

Leg Raises လေ့ကျင့်ခန်းကတော့ ဝမ်းဗိုက်အောက်ပိုင်းကြွက်သားတွေကို အဓိက ပစ်မှတ်ထားတာပါ။ ခြေထောက်တွေကို နှိမ့်လိုက်မြှင့်တင်လိုက် ကစားရတဲ့အတွက် ဗိုက်အဆီ ကျပြီး ဗိုက်ချပ်လာစေမယ့်အပြင် ပေါင်နဲ့ တင်ပါးဆုံ ကြွက်သားတွေရဲ့ သန်မာမှုကိုလည်း တိုးစေပါတယ်။

(၅) Burpees

Source : CrossFit

Strength Training နဲ့ Cardio လှုပ်ရှားမှုတွေကို ပေါင်းစပ်ထားတဲ့ Burpees လေ့ကျင့်ခန်းက ပြင်းထန်ပြီး အဆီလောင်ကျွမ်းမှုလည်းများတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ခန္ဓာကိုယ် ခေါင်းအစ ခြေအဆုံး လှုပ်ရှားကစားရတဲ့ Full-Body Exercise ဖြစ်တာကြောင့် ဗိုက်အဆီ တွေတင်မကပဲ ခန္ဓာကိုယ်တစ်ခုလုံးက အဆီပိုတွေကို ထိထိရောက်ရောက် ကျစေပြီး ခန္ဓာကိုယ်ရဲ့ အလုံးစုံကြံ့ခိုင်မှုအဆင့်ကို မြှင့်တင်ပေးနိုင်ပါတယ်။

တကယ်တော့ ဗိုက်နေရာက အဆီတွေကိုပဲ ကွက်ပြီး ချလို့မရပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အဆီရာခိုင်နှုန်းကျမှသာ ဗိုက်မှာရှိတဲ့ အဆီတွေလည်း တဖြည်းဖြည်း လိုက်ကျမှာပါ။ ဒါကြောင့် လေ့ကျင့်ခန်းနဲ့အတူ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံ ရှိဖို့ကလည်း မဖြစ်မနေ လိုပါတယ်။ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို မျှမျှတတ လုပ်ဆောင်မှသာ အဆီကင်းကင်းနဲ့ ကျစ်လစ်သွယ်လျတဲ့ ဗိုက်သားပြင်ကို ရရှိမှာ ဖြစ်ပါတယ်။

Source : Healthshots

Featured Photo : Real Men Real Style