ကွီးတို့က ကိုယ့်မိန်းမနဲ့ ပုံမှန် ဒချိ ဖြစ်တဲ့သူတွေဆိုရင် ကွီးတို့ဟာ တခြားကွီးတွေထက် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ခံစားနေရမှာ သေချာပါတယ်။ ဒချိတာနဲ့ ကျန်းမာရေးကောင်းတာနဲ့ ဘာများ သက်ဆိုင်နေလဲလို့ ထင်နေတယ်ဆိုရင် ဒီစာကို အဆုံးအထိ ဖတ်ကြည့်လိုက်ပါ ကောင်းကောင်းကြီး နားလည်သွားပါလိမ့်မယ်။ ကဲ…ဒါဆို စမယ်။

တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် ပုံမှန်လေး ဒချိနိုင်မယ်ဆိုရင် ခုခံအားစနစ်ကို မြှင့်တင်ပေးတယ်လို့ လေ့လာ တွေ့ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် ပုံမှန် ဒချိနိုင်မယ့် ကွီးတွေကတော့ အခုလို ရာသီဥတု အေးလွန်းနေတဲ့ အခြေအနေမှာတောင် ကိုယ်ခံအားတွေ ကောင်းလွန်းလို့ နှာစေး ချောင်းဆိုတာတွေ ဖြစ်ဖို့ဆိုတာ အဝေးကြီးပါပဲ။

Photo : CNN

တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်လောက် ဒချိ ဖြစ်တဲ့ ကွီးတွေဟာ မဒချိဖြစ်တဲ့ ကွီးတွေထက် နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို လျော့နည်းစေပါသတဲ့။ ဘာကြောင့်လဲဆိုတော့ ဒချိတာကလည်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုလို ဖြစ်နေတဲ့အတွက် ဒါက နှလုံးကျန်မားရေးအတွက် အထောက်အကူ ပြုစေပါတယ်။

ဒချိခြင်းကနေ ဘာတွေ အကျိုးရှိစေသလဲဆိုတော့ သွေးဖိအားကို လျော့ကျစေနိုင်ပါသေးတယ်။ သွေးဖိအားများရင် သွေးတိုးမယ်၊ သွေးပေါင်ချိန်မြင့်ရင် နှလုံးဖောက်တာတွေ လေဖြတ်တာတွေ ဖြစ်နိုင်တယ်။ ဒါတွေတင်မကဘဲ ကွီးတို့ ညီလေးတွေ မထောင်မတ်တော့တာတွေ ဒချိချင်စိတ် မရှိတော့တာတွေပါ ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီလို မဖြစ်ရလေအောင် ပုံမှန်လေးတော့ ဒချိပေးပါ။

Photo : The Independent

ဒချိခြင်းကနေ ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲပျောက်ဆေးဖြစ်သော အန်ဒေါဖင်းကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲ့ဒီဓါတ်ကနေ ခေါင်းတစ်ခြမ်း ကိုက်ခဲခြင်းလိုမျိုး ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်တယ်လို့ အာရုံကြော အထူးကု ပညာရှင်တွေက လေ့လာ တွေ့ရှိထားပါတယ်။ ကဲ ခေါင်းကိုက်နေရင်လည်း သက်သာသွားအောင် ဒချိလိုက်ပါ။

ဒချိပြီဆိုရင် ကွီးတို့ ညီလေးကနေ သုတ်လွတ်ကြတယ်မလား။ မကြာမဏ သုတ်လွတ်တက်ရင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်းကို ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကရဲ့ လေ့လာချက်အရ တစ်လမှာ သုတ်ရည် (၂၁)ကြိမ်နဲ့အထက် သုတ်လွှတ်တဲ့ ကွီးတွေက တစ်လမှာ (၄)ကြိမ်ကနေ (၇)ကြိမ်အထိ သုတ်လွှတ်တဲ့ ကွီးတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ သုံးပုံတစ်ပုံထိ နည်းပါးပါတယ်။

Photo : Durex India

ဆက်ပြောရမယ်ဆိုရင်တော့ ပူံမှန် ဒချိခြင်းကနေ ကျန်းမားရေးအတွက် အကျိုးရှိလာစေတာက အများကြီး ရှိနေပါသေးတယ်။ စိတ်ဖိစီးမှုတွေ နည်းလာစေတာတို့ ၊ ကောင်းကောင်းမွန်မွန် အိပ်ပျော်စေတာတို့ ၊ ဦးနှောက်စွမ်းအင်တွေ တိုးမြှင့်လာစေတာတို့အပြင် အသက်ကိုလည်း ရှည်စေနိုင်ပါတယ်။ ဒါတွေက ပုံမှန်လေး ဒချိပေးမယ် ဒချိရင်းနဲ့လည်း စိတ်ကျေနပ်မှု ရမယ်ဆိုရင် ဒီအကျိုးကျေးဇူးတွေကိုပါ ရရှိစေမှာပဲ ဖြစ်ပါတယ်။

Source : Levitas Clinic

Featured Photo : Closer Magazine