ကိုယ်အလေးချိန် ကျဖို့အတွက်ဆို နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီ ပမာဏကို သင့်တင့်မျှတအောင် တွက်ချက်စားသောက်ဖို့ လိုအပ်သလို လေ့ကျင့်ခန်းကိုလည်း ပုံမှန် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဟာ ခန္ဓာကိုယ်ပေါ်က အဆီပိုတွေကို ထိထိရောက်ရောက်နဲ့ လောင်ကျွမ်းစေဖို့ ကူညီပေးပြီး ကျစ်လစ်ကြံ့ခိုင်စွာနဲ့ Fit ဖြစ်တဲ့ Body ကို ရစေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝိတ်ကျချင်သူတွေ ကစားသင့်တဲ့ ကယ်လိုရီ လောင်ကျွမ်းမှု များတဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကြိုးခုန်ပါ
Photo : elimpo.com
Jumping Rope လို့ခေါ်တဲ့ ကြိုးခုန်ခြင်းဟာဆိုရင် ပျှမ်းမျှအားဖြင့် ၃၀ မိနစ်ခန့်ကို ကယ်လိုရီ ၁၁၀၀ ဝန်းကျင် လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကြိုးခုန်လေ့ကျင့်ခန်း လုပ်တဲ့အခါ ပထမဆုံး သွေးပူဖို့အနေနဲ့ ၈ ကြိမ်ကနေ ၁၀ လောက် ခုန်ပေးပါ။ သွေးပူလာပြီဆိုရင် ၁၀ မိနစ်ခန့် ဆက်တိုက် ခုန်ပေးရပါမယ်။ အချိန်ပြည့်ရင် စက္ကန့် ၃၀ လောက် နားပေးပါ။ ပြီးရင်တော့ ခုနကအတိုင်း ၁၀ မိနစ် ပြန်ခုန်ပေးရပါမယ်။ စုစုပေါင်း ၁၀ မိနစ် ၃ ကြိမ်လောက် ခုန်ပေးပါ။
(၂) စက်ဘီးစီးပါ
Photo : Cycling Weekly
ဝိတ်ကျဖို့အတွက် လူကြိုက်များတဲ့ လေ့ကျင့်ခန်းလို့ ပြောရင် စက်ဘီးစီး လေ့ကျင့်ခန်းက မပါမဖြစ်ပါပဲ။ စက်ဘီးစီး လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ကြသူအများစုဟာ ခန္ဓာကိုယ်မှာ အဆီပိုတွေကင်းပြီး ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေ့ ရှိကြပါတယ်။ စက်ဘီးစီး လေ့ကျင့်ခန်းက အချိန်တိုအတွင်း ကယ်လိုရီများစွာ လောင်ကျွမ်းဖို့ ကူညီပေးပြီး ပေါင်နဲ့ တင်ပါးတစ်ဝိုက်က အဆီတွေကို အထိရောက်ဆုံး ကျစေပါတယ်။
(၃) ရေကူးပါ
Photo : David Lloyd Clubs
ဝိတ်ကျချင်တယ် ဒါပေမယ့် ချွေးထွက်တဲ့ အားကစားနည်းတွေကိုလည်း မကြိုက်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ အားကစားနည်း တစ်ခုကတော့ ရေကူးတာပါ။ ရေကူး အားကစားဟာ အဆီပိုတွေကို လျင်မြန်ထိရောက်စွာ ကျစေမှာဖြစ်သလို သက်လုံစွမ်းအားကိုလည်း တိုးစေပါတယ်။ ဒါတင်သာမက ခန္ဓာကိုယ်မှရှိတဲ့ ကြွက်သားတွေကို ကျစ်လစ်သန်မာလာအောင်လည်း ကူညီပေးပြီး ရင်အုပ်နဲ့ ပခုံးကြွက်သားတွေကို တောင့်တင်းကြံ့ခိုင်လာစေမှာပဲ ဖြစ်ပါတယ်။
(၄) ပြေးပါ
Photo : Men’s Health
အပြေးလေ့ကျင့်ခန်းကတော့ ရိုးရှင်းလွယ်ကူပြီး လူတိုင်း ကစားနိုင်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကယ်လိုရီ လောင်ကျွမ်းမှု များသလို ခန္ဓာကိုယ်ပေါ်က အဆီပိုတွေကို လျင်မြန်ထိရောက်စွာ ကျစေမယ့်အပြင် နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ မွန်းကြပ်မှုတွေ ပြေလျော့သက်သာစေကာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ပြန်လည် ပေါ့ပါးတည်ငြိမ်လာစေဖို့ ကူညီပေးနိုင်တဲ့ အထိရောက်ဆုံး လှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။
Source : Livestrong.com
Featured Photo : BenchMark Physical Therapy