ကွီးတို့ ကိုယ်ရဲ့ ချစ်ရဆုံးလေးတွေနဲ့ ချစ်တင်းနှော ပြီးချိန်တိုင်းမှာ ကွီးတို့ ပြုမှုတက်လေ့ရှိတဲ့ အပြုအမှုတွေ အများစုက လိုအပ်ချက်တွေ ရှိနေတက်တယ်။ ဒါကြောင့် ဘယ်အရာလေးတွေကို ဘယ်လိုသတိထားပြီး ပြုမှုရမလဲဆိုတာ ပြောပြသွားပါမယ်။ ဒီအတိုင်း လုပ်လိုက်ကြည့်ရင် ကွီးတို့ရဲ့ အသည်းကျော်လေးတွေကို ကွီးမှကွီး ဖြစ်နေပါလိမ့်မယ်။
Photo : mars by GHC
ချစ်တင်းနှောလို့ ပြီးသွားပြီဆိုရင် ကွီးတို့ရဲ့ ညီလေးကို ချက်ချင်းထုတ်လိုက်တာမျိုး ခပ်မြန်မြန် ထုတ်လိုက်တာမျိုးတွေ မလုပ်မိပါစေနဲ့။ စားပြီး ပြီးသွားပြီဆိုတဲ့ ပုံစံမျိုးတွေ မလုပ်ဘဲနဲ့ ဒီအတိုင်းလေး ခဏလောက်နေပါ။ နွေးထွေးမှုလေး မျှဝေခံစားပါ။ အနမ်းတိုလေးခြွေပြီး ချစ်တဲ့အကြောင်းတွေကို မျက်လုံးချင်းဆိုင်ပြီး ပြောပေးပါ။ ဆံနွယ်လေးတွေ လက်ချောင်းလေးတွေကို ကစားပေးပါ။
Photo : VOI
နောက်ပြီး သူမက ဘယ်လောက်အထိ ချစ်စရာကောင်းကြောင်း အဲ့ဒါကို ညာပြောတယ် အပိုပြောတယ်ဆိုရင်လည်း ဘယ်သူ့အတွက်မှ မဟုတ်ရင်တောင် ကိုယ့်အတွက်တော့ ချစ်စရာအကောင်းဆုံး ကိုယ်နဲ့အတူ ချစ်တင်းနှော နေချိန်မှာ ပိုပြီးတော့ကို ချစ်စရာကောင်းနေလို့ ကိုယ်အသက်ရှုဖို့တောင် တချက်တချက် မေ့သွားရတယ်ဆိုတာတွေ ပြောပေးပါ။ နောက်ပြီး အခုလို ခဏခဏ ချစ်တင်းနှောချင်တယ် အမြဲတမ်း ချစ်ချင်တယ်လို့ ပြောဖို့ မမေ့ပါနဲ့။
Photo : Carmesi
ချစ်တင်းနှော ထားကြတာဖြစ်လို့ ချွေးအနည်းငယ်လည်း ထွက်နေနိုင်ပေမယ့် အဲ့ဒီအတိုင်းလေးနဲ့ပဲ သူမကို ဖက်ထားပြီး အသားချင်းလည်း ထိထားပါ။ သူမရဲ့ မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ်က ဘယ်လောက်အထိ လှပကြောင်း ဘယ်လောက်တောင် စွဲဆောင်မှုရှိကြောင်း ပြောပြီးတော့ သူမ ခန္ဓာကိုယ်ကို ထိတွေ့ပေးပါ။ အဲ့ဒီကနေ နောက်တစ် round ကို အစပျိုးနိုင်ပါတယ်။ အဓိကတော့ ကိုယ်ချစ်ရတဲ့ ကိုယ့်အချစ်ရဆုံး မိန်းကလေးနဲ့ ချစ်တင်းနှောပြီးချိန်မှာ ကိုယ်ကစားလို့ဝသွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ မနေသင့်ဘဲနဲ့ သူမအပေါ် ဘယ်လောက်ချစ်သလဲဆိုတာနဲ့ သူမနဲ့ ခုလို အခိုက်အတန့်လေးကို ဖြတ်သန်းလိုက်ရတာ အရမ်းကို ချိုမြိန်ခဲ့ရတယ် ဆိုတာတွေ တဝကြီး ပြောရင်း နောက်တစ်ချီအတွက် အစပျိုးတာဖြစ်ဖြစ် ဖက်အိပ်လိုက်ကြတာပဲဖြစ်ဖြစ် ကွီးတို့ကြိုက်တာကို လုပ်နိုင်ပါတယ်။
Featured Photo :