သခွားသီး ဆိုတာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်သော အသီးအနှံ့တစ်မျိုး ဖြစ်သလို နွေရာသီမှာဆိုရင်လည်း လုံးဝ လက်လွတ်မခံသင့်ပါဘူး။ သခွားသီးတွေမှာ လူသားတို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်နေပြီးတော့ အဲ့ဒါတွေက နေ့စဉ်တိုင်း စားသုံးရမယ့် အာဟာရဓါတ်အတွက်လည်း လုံလောက်စေပါတယ်။ သခွားသီးမှာက ဗီတာမင် B B2 နဲ့ B6 တို့အပြင် ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓါတ်များလည်း ပါဝင်နေတာကြောင့် ကျန်းမာသော အမြင်အာရုံ အပါအဝင် ခန္ဓာကိုယ် လုပ်ငန်းဆောင်တာ အမျိုးမျိုးတို့မှာပါ အထောက်အကူပြုပါတယ်။

Photo : Annmarie Skin Care

သခွားသီးမှာက ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာနိသင် ရှိနေတာကြောင့် ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်သလို ရေဓါတ်ပါဝင်မှု မြင့်မားခြင်းကြောင့်လည်း အရေပြားကို ရေဓါတ်ဖြည့်ပေးပြီး မျက်လုံးတဝိုက် သွေးစီးဆင်းမှုကို လျော့နည်းစေပါတယ်။ နောက်ပြီးတော့ အသားအရေတွေ နုပျိုဖို့အတွက် သခွားသီး ကပ်ပေးသလိုမျိုး မျက်စိမှာပါ သခွားသီးကို ကပ်ပေးမယ်ဆိုရင်လည်း ပင်ပန်းန်ွမ်းနယ်နေသာ မျက်လုံးကို သက်သာစေနိုင်ပါတယ်။

Photo : Spa by Kelly

မျက်လုံးတွေမှာ dark circles ဆိုတဲ့ အညိုအမည်းတွေဟာ အသက်အရွယ်မရွေး လူတိုင်းမှာ ဖြစ်ပွားတက်ပြီး ဒါက သခွားသီးမှာ ပါဝင်တဲ့ antioxidants နဲ့ silica တွေက dark circles တွေရဲ့ ဖြစ်စဉ်တွေကိုပါ နှေးကွေးစေနိုင်ပါတယ်။ မျက်ကွင်းညိုခြင်းအတွက် အမြဲတမ်း ဖြေရှင်ပေးနိုင်မှာ မဟုတ်ပေမယ့်လည်း မျက်လုံးတဝိုက်ရှိ အသားအရေကို တောက်ပစေခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။ နောက်ပြီး သခွားသီး က မျက်လုံးအောက်က မျက်အိတ်တွေ ရောင်ရမ်းမှုကိုလည်း လျော့ချပေးနိုင်ပါသေးတယ်။

Photo : MasalaBox Blog

သခွားသီးမှာ သဘာဝ အစိုဓါတ်ထိန်းဆေးအဖြစ် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ မျက်လုံးတစ်ဝိုက်မှာရှိတဲ့ အရေပြားဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အပါးလွှာဆုံး အစိတ်အပိုင်းဖြစ်တာကို အားလုံးသိကြပြီး ဖြစ်တာကြောင့် သခွားသီး တွေကို မျက်လုံးပေါ်တင်ပေးခြင်းက အရေပြားကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကို လျော့ပေါ့စေပြီး သခွားသီးဟာ မျက်လုံးအစိုဓါတ်ထိန်ပေးနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်ပါတယ်။

Featured Photo : Life & Trendz