စာရေးသူတို့ ဝိတ်ချတဲ့အခါ ခန္ဓာကိုယ် ကိုယ်အလေးချိန် ကျသွားရင်တောင် မျက်နှာက ဖောင်းဖောင်းကြီး ကျန်နေတက်ပါတယ်။ ဒါက Face Fat လို့ခေါ်တဲ့ မျက်နှာပေါ်က အဆီတွေကြောင့်ပါ။ ကိုယ်အလေးချိန် တက်လာတာနဲ့အမျှ မျက်နှာပေါ်မှာ အဆီတွေ လျင်လျင်မြန်မြန်ပဲ စုဝေးလာတက်ပေမယ့် မျက်နှာအဆီတွေကို ပြန်လည်လျှော့ချဖို့ ဆိုတာတော့ မလွယ်ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့ မျက်နှာလေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်ခြင်းဖြင့် ဒီပြဿနာကို ထိန်းချုပ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ Face Fat တွေကြောင့် မျက်နှာကြီး ဖောင်းနေလို့ စိတ်ညစ်နေရတဲ့ ကွီးတို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်း အချို့ကို ပြောပြပေးပါမယ်။

(၁) Chin Lift

Chin Lift

Photo : Healthshots

ထိုင်ခုံမှာ မတ်မတ်အနေအထား ထိုင်ပြီး မေးစေ့ကို ဆန့်ထုတ်ကာ ဦးခေါင်းကို နှိမ့်ချည် မြင့်ချည် ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဦးခေါင်းကို မော့ထားပြီး ၅ စက္ကန့်လောက် ထိန်းထားပါ။ ဦးခေါင်းကို အောက်သို့ ငုံ့ချိန်မှာလည်း အလားတူ ၅ စက္ကန့်လောက် ထိန်းထားရပါမယ်။ ဒီနည်းအတိုင်း ၁၀ – ၁၅ ကြိမ် ကစားပါ။

(၂) Fish Face

Fish Face

Photo : Healthshots

ငါးတွေရဲ့ ပါးစပ်ကို မြင်ဖူးကြတယ်မလား။ အဲ့ဒီအတိုင်းပါပဲ ကွီးတို့ရဲ့ ပါးစပ်ကို စေ့ထားပြီး ငါးတွေရဲ့ ပါးစပ်လို ပါးပြင်ကို အတွင်းဘက်သို့ စုပ်လိုက်ပါ။ ထိုပုံစံအတိုင်း ၁၅ – ၂၀ စက္ကန့် ခန့် ထိန်းထားပြီးနောက် ပြန်လည်ဖြေလျော့ ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကို ၅ ကြိမ်ခန့် ကစားပါ။

(၃) Puff Your Cheeks

Puff Your Cheeks

Photo : Healthshots

ဒီလေ့ကျင့်ခန်းကတော့ လေရှုသွင်းရှုထုတ် လုပ်ရတဲ့ပုံစံ ဖြစ်ပါတယ်။ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားပြီး လေကို တဝကြီး ရှုသွင်းလိုက်ပါ။ ထို့နောက် လေရှုသွင်းထားတဲ့အတိုင်း ပါးစပ်ကိုထိန်းထားပြီး နှုတ်ခမ်းကို ဘယ်ဘက်သို့စောင်းကာ ၁၀ စက္ကန့်ကြာ ဖိထားပါ။ ထို့နောက် ညာဘက်ကိုလည်း ၁၀ စက္ကန့်ကြာ ဖိထားရပါမယ်။ ပြီးရင်တော့ ပါးစပ်ကို ကျယ်ကျယ်ပြန်ဟပြီး လေကို ဖြည်းဖြည်းချင်း ပြန်ရှုထုတ်ရပါမယ်။ ၅ ကြိမ်ခန့် ပြုလုပ်ပေးပါ။

(၄) Chewing Gum


Photo : Healthshots

နောက်ဆုံး လေ့ကျင့်ခန်းကတော့ အရမ်းကို ရိုးရှင်းပါတယ်။ လေ့ကျင့်ခန်းက ထွေထွေထူးထူးမဟုတ်ပဲ ပီကေဝါးရမှာပါ။ သကြားမပါတဲ့ Sugar Free ပီကေကို ရွေးချယ်ပါ။ တစ်ကြိမ်လျှင် ၁၅ – ၂၀ မိနစ်ခန့် ဝါးနိုင်ပါတယ်။ တစ်နေ့လျှင် ၂ ကြိမ်ခန့်လောက် ဝါးပေးပါ။ Face Fat တွေလျော့ကျပြီး မျက်နှာကြီး ဖောင်းတာ သိသိသာသာ လျော့ကျသက်သာ သွားပါလိမ့်မယ်။

Source : Healthshots

Featured Photo : GymJunkies | America’s #1 Fitness Blog