ရာသီဥတုအပူရှိန်က မြင့်လာပြီဆိုတော့ အပြင်တစ်ခါထွက်ရင် ဘာဝတ်ရမလဲ ရွေးရတာ နည်းနည်းလေး ခေါင်းစားရတဲ့အချိန် ရောက်လာပါပြီ။ သေချာတာကတော့ အခုလို နွေရာသီမျိုးမှာ သက်တောင့်သက်သာရှိပြီး ပေါ့ပါးလန်းဆန်းမှုအပြည့်နဲ့ စတိုင်ကျနေဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ ဖက်ရှင်ကျဖို့ နွေရာသီစာ Summer Outfit Ideas လေးတွေကို မျှဝေပေးပါမယ်။
Outfit (၁) Unbuttoned Button Up

Photo : Peter Manning
အားလပ်ရက် အပြင်ထွက်တဲ့အခါ ဝတ်ဆင်သင့်တဲ့ နွေရာသီစာ Outfit အိုင်ဒီယာ တစ်ခုပါ။ Tee နဲ့ Denim Shirt ကိုအပေါ်က ထပ်ဝတ်ပြီး Chinos နဲ့ အောက်က Suede Loafers တစ်ရံ တွဲဝတ်ပါ။ ရှင်းသန့်ကျော့မောပြီး ပေါ့ပါးလန်းဆန်းမှုအပြည့်နဲ့ ဖက်ရှင်ကျနေစေမှာ အသေအချာအပါပဲ။
Outfit (၂) Preppy Casual

Photo : Peter Manning
ပူပြင်းတဲ့ နွေရာသီမှာ စမတ်ကျချင်တယ် ဆိုရင်တော့ ဘောင်းဘီတို ၊ Button-Down Shirt နဲ့ Loafers ဖက်ရှင် အတွဲအစပ်ကိုသာ ရွေးချယ်လိုက်ပါ။ နာရီ ၊ မျက်မှန်နဲ့ ခါးပတ်တိုလို့ ဖက်ရှင် Accessories လေးတွေ ထည့်ဝတ်ဖို့ မမေ့ပါနဲ့။ ဒီ Outfit အိုင်ဒီယာလေးက သပ်သပ်ရပ်ရပ်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိစေမှာ ဖြစ်ပါတယ်။
Outfit (၃) Low Contrast Casual

Photo : Peter Manning
ပေါ့ပေါ့ပါးပါး Casual ဖက်ရှင်တွေကို နှစ်သက်ရင် အများကြီး ခေါင်းစားမခံပါနဲ့။ အရောင်ခပ်လွင်လွင် T-shirt တစ်ထည် ၊ ဘောင်းဘီတိုနဲ့ အဖြူရောင် Sneakers ကိုသာ တွဲဖက်ဝတ်ဆင်လိုက်ပါ။ အခုလို ပူပြင်းတဲ့ နွေရာသီ နေ့ရက်တွေအတွက် အထူးသင့်လျော်တဲ့ Outfit တစ်စုံ ဖြစ်ပါတယ်။
Outfit (၄) Summer Stripes

Photo : Peter Manning
Striped Polo ၊ Chinos နဲ့ Sneakers တစ်ရံကတော့ နွေရာသီနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်အတွဲအစပ်တွေထဲက တစ်ခုပါပဲ။ အထူးသဖြင့် အခုလို ပူပြင်းတဲ့ရာသီမှာ ခရီးသွားမယ့် သူတွေ ရွေးချယ်သင့်တဲ့ Outfit အိုင်ဒီယာတစ်ခု ဖြစ်ပါတယ်။
Source : Peter Manning
Featured Photo : Mirraw Blog
