ဒီနေ့မှာတော့ အဆီပိုကင်းတဲ့ ဝမ်းဗိုက်ကြွက်သားလေး ရရှိစေမယ့် လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြပါမယ်။ တခြားတော့ မဟုတ်ပါဘူး။ ကွီးတို့ အိမ်မှာပဲ မိနစ် ၂၀ / နာရီဝက်လောက် အချိန်ပေးပြီး ကစားနိုင်မယ့် ဗိုက်လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ကွီးတို့ အမှန်တကယ် ဗိုက်ခေါက်ပြုတ် ချင်တယ်ဆိုရင် အခုပြောပြမယ့် လေ့ကျင့်ခန်းတွေကို အိမ်မှာ လိုက်လုပ်ကြည့်ပါ။

(၁) Plank

Plank
Photo : Men’s Journal

ဗိုက်ခေါက်ပြုတ် စေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်းတွေ အကြောင်းပြောရင် Plank ကတော့ မပါမဖြစ်ပါပဲ။ Plank လေ့ကျင့်ခန်းဟာ ဝမ်းဗိုက် အဆီပိုတွေကို လျှော့ချပေးနိုင်တဲ့အပြင် Full-Body Workout တစ်ခုလည်း ဖြစ်တာကြောင့် Back ၊ Chest နဲ့ Shoulder ကြွက်သားတွေကိုပါ ကျစ်လစ်သန်မာစေဖို့ ကူညီပေးပါတယ်။

(၂) Bridge

Bridge
Photo : Yuri Elkaim

Yoga နဲ့ ရင်းနှီးပြီးသား သူတွေကတော့ Bridge လေ့ကျင့်ခန်းကို သိပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်ကို ဟန်ချက်ညီမျှအောင် ထိန်းညှိပြီး အဓိက ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ကာ ကစားရတာ ဖြစ်ပါတယ်။ ဝမ်းဗိုက်တဝိုက် အဆီပိုတွေကို ထိထိရောက်ရောက် လျှော့ချပေးနိုင်သလို ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားကို ကောင်းမွန်စေပါတယ်။

(၃) V-up

V-up
Photo : BODi

V-up ကတော့ ဝမ်းဗိုက်ကြွက်သားပြင် တစ်ခုလုံးကို ပစ်မှတ်ထား ကစားရတဲ့ ဗိုက်ခေါက်ပြုတ် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက် ဆန့်ထုတ်လိုက် ကစားရတာကြောင့် ဝမ်းဗိုက်ဧရိယာတဝိုက်က အဆီပိုတွေကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။

(၄) Mountain Climber

 Mountain Climber
Photo : Mint

အားလုံးသိပြီးသားဖြစ်တဲ့ Mountain Climber လေ့ကျင့်ခန်းကတော့ Core နဲ့ Cardio ကို ပေါင်းစပ်ထားတဲ့ Exercise တစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့် ဝမ်းဗိုက်အောက်ပိုင်း ကြွက်သားတွေနဲ့ ဝမ်းဗိုက်ဘေးဘက် Oblique Muscles တွေကို ထိရောက်မှုရှိပါတယ်။ အဆီပိုကင်းပြီး ချပ်လျပ်သွယ်လျတဲ့ ဗိုက်ကြွက်သားတွေကို ရချင်ရင်တော့ Mountain Climber လေ့ကျင့်ခန်းကို ကစားပေးပါ။

Source : Men’s Health

Featured Photo : BarBend