ငွေကုန်မှ ကျန်းမာကြံ့ခိုင်တဲ့ Lifestyle တစ်ခုကို တည်ဆောက်နိုင်တာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း လုပ်ချင်တယ် ဒါပေမယ့် Gym သွားဖို့လည်း အချိန်ကောင်းကောင်း မပေးနိုင်ဘူး။ ကျန်းမာကြံ့ခိုင်တဲ့ ဘော်ဒီ လည်း ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ ကွီးတို့အတွက် ငွေကုန်ကြေးကျ မရှိပဲ အိမ်မှာတင် ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ရအောင် လုပ်လို့ရမယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) တစ်ရက်တာအတွင်း တက်နိုင်သမျှ လမ်းများများ လျောက်ပါ

Walking

Photo :  Pacer Walking App

လမ်းလျောက်ခြင်းဟာ လွယ်ကူရိုရှင်းပြီး ထိရောက်မှုရှိတဲ့ အခြေခံ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် အဆီပိုတွေ လောင်ကျွမ်းစေပြီး ကြွက်သားများကျစ်လစ်သန်မာလာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ တစ်နေ့ကို ခြေလှမ်းပေါင်း ၁ သောင်းလောက်အနည်းဆုံး လမ်းလျောက်ပေးသင့်ပြီး လမ်းလျောက်ဖို့ သီးသန့်အချိန် မပေးနိုင်သူတွေ အနေနဲ့ ရုံးတက်ရုံးဆင်း ချိန်တွေမှာ Bus နဲ့ တခြားယာဉ်တွေ စီးမယ့်အစား လမ်းလျောက်ခြင်းကို အစားထိုးဖို့ အကြံပြုချင်ပါတယ်။

(၂) Youtube Workout Videos တွေနဲ့  ကစားပါ

Workout Videos

Photo : Greatist

Youtube မှာ Free ကြည့်လို့ရတဲ့ Workout Videos တွေနဲ့ လေ့ကျင့်ခန်း ကောင်းကောင်းလုပ်လို့ ရပါတယ်။ ခေါင်းအစခြေအဆုံး ခန္ဓာကိုယ်တစ်လုံးက ကြွက်သားတွေကို ထိထိရောက်ရောက် ကစားနိုင်တဲ့ သင်ကြားရေး ဗီဒီယိုတွေ အများကြီး ရှိပါတယ်။ ဒီနည်းလမ်းက Gym ရုံသွားစရာမလို ၊ Gym နဲ့ ပတ်သတ်တဲ့ စက်ကိရိယာတွေမလိုပဲ အချိန် ၊ နေရာမရွေး လေ့ကျင့်ခန်း လုပ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။

(၃) အားကစား ကိရိယာတွေမလိုတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ

Home Workouts
Photo : Nebraska Medicine

အားကစားကိရိယာတွေ ဘာတစ်ခုမှမလိုပဲ အိမ်မှာတင် လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ ဒိုက်ထိုးခြင်း ၊ Plank ထောက်ခြင်း ၊ ကြိုးခုန်ခြင်း ၊ Squats ထိုင်ခြင်း ၊ Belly ရိုက်ခြင်း ၊ Jumping Jacks ခုန်ခြင်း စသည်ဖြင့်ပေါ့။ ရေချိုးခါနီး မိနစ်၂၀ ၊ နာရီဝက်လောက်အချိန်ပေးပြီး အဆိုပါ လေ့ကျင့်ခန်းတွေ လုပ်ပေးရုံနဲ့ ကွီးတို့ ခန္ဓာကိုယ်က ကြွက်သားတွေ ကြံ့ခိုင်သန်မာလာမှာဖြစ်ပြီး တောင့်တင်းသန်မာတဲ့ ဘော်ဒီ ကို ရရှိနိုင်ပါတယ်။

Source : WebMD

Featured Photo : Exercise Right