Stay at Home မိနေချိန်ဆိုတော့ အားလုံးပဲ ကိုယ့်အိမ်ထဲမှာကိုယ် အေးရာအေးကြောင်း နေနေကြရပါတယ်။ ဒီအချိန်မှာ Gym ဝါသနာအိုးတွေလည်း ပုံမှန် Workout မလုပ်ရလို့ တိုင်ပတ်နေကြမှာပါ။ ဒါကြောင့် အခုချိန်မှာ Gym သွားစရာ မလိုဘဲ အိမ်ထဲမှာပဲ လုပ်လို့ရတဲ့ Workout တစ်ချို့ကို ညွှန်းချင်ပါတယ်။ အဓိကကတော့ 6 Pack သမားတွေအတွက် Abs Workout ပါ။ တစ်နေ့ ၁၀ မိနစ်နှုန်းနဲ့ ပုံမှန်ကစားပေးလို့ရမယ့် အားကစားနည်းတွေ ဖြစ်ပြီး ဘယ်မှ သွားစရာမလိုဘဲ ကိုယ့်အိမ်ထဲမှာပဲ ကစားလို့ ရနိုင်မယ့် နည်းလမ်းတွေလည်း ဖြစ်ပါတယ်။

(၁) Plank

Photo: valetmag

Planking ကတော့ အမျိုးစုံပါတယ်။ Straight Arm Plank လို တံတောင်ထောက်လေ့ကျင့်ခန်းကနေ တစောင်းထောက် Low Side Plank ၊ ပက်လက်လှန် ထောက် Reverse Plank နဲ့ လက်ကို အရှေ့ဆန့်ထုတ်ထားရတဲ့ Extended Plank အထိ ရှိပါတယ်။ အခြေခံအကျဆုံး ဖြစ်တဲ့ တံတောင်ထောက်လေ့ကျင့်ခန်းကိုပဲ လုပ်ဖို့ အကြံပေးချင်ပါတယ်။ တစ်ခါလုပ်ရင် စက္ကန့် ၆၀ ကြာ ၃ ကြိမ်ကစားပေးသင့်ပါတယ်။

(၂) Dead Bug

Photo: openfit

ပက်လက်လှန်ပြီး ခြေနှစ်ဖက် လက်နှစ်ဖက် လေပေါ်မြှောက်တဲ့ လေ့ကျင့်ခန်းပါ။ အရမ်းကြီး ပြင်းပြင်းထန်ထန်မလုပ်လည်း ရပါတယ်။ ပက်လက်ကနေ ခြေရော လက်ပါ စုံမြှောက်ရင်းနဲ့ ညာလက်က ဘယ်ဒူးနဲ့ ဘယ်လက်က ညာဒူးကိုလည်း ထိပေးနိုင်ပါတယ်။ ၄၅ စက္ကန့် ကြာ ၃ ကျော့ ကစားပေးသင့်ပြီး တစ်ကြိမ်ပြီးတိုင်း ၁၅ စက္ကန့်လောက် နားပေးသင့်ပါတယ်။

(၃) Leg Raises

Photo: coachmag

ခြေမြှောက်လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် ခါးမထိသွားအောင်လည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ Leg Raises မှာ ပုံမှန် ပက်လက်အနေအထားကနေ ခြေထောက်တွေကို တစ်ဖြောင့်တည်းထားပြီး ရင်ခေါင်းဘက်ဆီ မြှောက်ပေးရမှာပါ။ အပေါ်က Dead Bug ကစားနည်းလိုပဲ ၄၅ စက္ကန့် ၃ ကျော့နှုန်း ကစားပေးသင့်ပါတယ်။

(၄) Bicycle Crunch

Photo: Freepik

Bicycle Crunch က အခြေခံအကျဆုံး Ab Workout ထဲမှာ ပါပါတယ်။ ပက်လက်နေပြီး ဒူးနဲ့ တံတောင်ချင်း မြှောက်ပြီး ထိရမှာပါ။ ဘယ်ဒူးနဲ့ ညာတံတောင် ၊ ညာဒူးနဲ့ ဘယ်တံတောင် ထိပြီး ကစားပေးရမှာပါ။ သူကတော့ စက္ကန့် ၆၀ ၊ ၃ ကျော့ ကစားပေးသင့်ပြီး တစ်ကျော့ပြီးတိုင်း ၁၅ စက္ကန့် နားပေးဖို့ လိုပါတယ်။