ယောကျ်ားလေးတိုင်းကတော့ ကြွက်သားအပြိုင်းပြိုင်းနဲ့ ကိုယ်လုံးကိုယ်ပေါက် လိုချင်ကြတာပါပဲ။ ရင်အုံကောင်းကောင်း ၊ လက်မောင်းလက်ဖျံတောင့်တောင့် ပုခုံးအိမ်ကျယ်ကျယ် နဲ့ ဘော်ဒီမိတဲ့သူဆိုရင် မိန်းကလေးတွေကလည်း ကြည်သလို ယောကျ်ားချင်းလည်း လေးစားကြပါတယ်။

ဒါပေမဲ့ အားကစားလုပ်တိုင်းလည်း ဘော်ဒီလှတာမဟုတ်ပါဘူး။ နည်းစနစ်နဲ့ အသေအချာ အချိန်ပေးဆော့သူတွေကတော့ သေချာပေါက် ရလဒ်ကောင်း ရတာပါပဲ။ တကယ်လို့ ဘော်ဒီကစားတော့မယ်ဆိုရင် အရေးကြီးတဲ့ အဓိကအချက် ၃ ချက်ကို အရင်သိထားဖို့ လိုပါလိမ့်မယ်။

(၁) မှန်ကန်တဲ့ ကယ်လိုရီပမာဏစားပေးပါ

Photo: Freepik

ကိုယ်အလေးချိန် Weight မရှိရင် ကြွက်သားတွေ ထိထိရောက်ရောက် တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က လောင်ကျွမ်းနိုင်တာထက် ပိုများတဲ့ ကယ်လိုရီမစားဘဲနဲ့ ကြွက်သားတစ်သျှုးသစ်တွေကို ကိုယ်ခန္ဓာက မဖွဲ့စည်းနိုင်ပါဘူး။ ဒါကြောင့် ဝိတ်တက်လာအောင် အရင်ဆုံး စားပေးရပါတယ်။

ဒုတိယအချက် သိထားရမှာက စတီးရွိုက်လို ဆေးအကူမသုံးရင် သင့်ကိုယ်ခန္ဓာဟာ တစ်ပတ်မှာ ကြွက်သားသစ် ၀.၅ ပေါင်ပဲ တည်ဆောက်နိုင်ပါတယ်။ အခုမှ စပြီး Weight မ တဲ့သူကတော့ ကြွက်သားတွေ တက်လာတာ မြန်နိုင်ပါတယ်။ ကြွက်သားတွေ ကြီးသထက်ကြီးလာရင် ကြွက်သားသစ် ဖွဲ့စည်းမှုကလည်း နှေးသထက် နှေးလာပါတယ်။

(၂) Weight များများ ကစားပေးပါ

Photo: Freepik

ကြွက်သားသစ်တွေ တက်လာဖို့ ခပ်ပြင်းပြင်းကစားပေးဖို့ လိုပါလိမ့်မယ်။ Gym ကို သွားတိုင်း အရင်အပတ်က မခဲ့တဲ့ အလေးချိန်နဲ့ အကြိမ်ရေအတိုင်း မ,နေတယ်ဆိုရင် ကြွက်သားတက်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အကြီးကြီးတွေပဲ ဆက်တိုက်မနေမယ်ဆိုရင်လည်း ကြွက်သားတစ်သျှူးသစ်တွေ ဖွဲ့စည်းမှု ရပ်သွားနိုင်ပါတယ်။

ကြွက်သားအတွက် ကစားဖို့ အားကစားနည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဘယ်ကစားနည်းပဲ ဖြစ်ဖြစ် Weight အများဆုံးတင်ပြီး မ,နိုင်မယ့် လေ့ကျင့်ခန်းပဲ ရွေးကစားပါ။ ဒီလို လေ့ကျင့်ခန်းတွေဟာ ကြွက်သားတစ်သျှူးထဲက အမျှင်တွေအများစုကို ဖွဲ့စည်းဖို့ လှုံ့ဆော်နိုင်လို့ ဖြစ်ပါတယ်။  လေ့ကျင့်နည်းစနစ်ကိုတော့ Trainer ဆီက စနစ်တကျ သင်ထားပါ။ အဓိကကစားပေးသင့်တဲ့ အားကစားအတွဲတွေကတော့ Squats ၊ Bench Press, Dips, Pull Ups, Deadlifts, Shoulder Press နဲ့ Rows တို့ ဖြစ်ပါတယ်။

(၃) အနားယူတတ်ပါစေ

Photo: Freepik

Weight မ, တိုင်း ကြွက်သားတက်လာတာ မဟုတ်ပါဘူး။ အနားမယူဘဲ အားကစားဘဲ ဆက်တိုက်လုပ်နေရင် ကြွက်သားလည်း မဖြစ် လူလည်း ထိခိုက်မှု ရှိလာနိုင်ပါတယ်။ အိပ်စက်ချိန်မှာ လူ့ကိုယ်ခန္ဓာက Anabolic ဟော်မုန်းတွေ ထုတ်ပါတယ်။ ဒီဟော်မုန်းဟာ ကြွက်သားပရိုတိန်းပြိုကွဲမှုနှုန်းကို တက်လာစေအောင် တာဝန်ယူပါတယ်။

ဒါကြောင့် ဝိတ်ကစားပြီးတိုင်း ကောင်းကောင်းအိပ်စက်အနားယူပါ။ တစ်ညကို အိပ်ချိန် ၇ နာရီ နဲ့ ၈ နာရီအကြား ရှိပါစေ။ အိပ်ရေးပျက်စေမယ့် ညဘက်ဂိမ်းကစားတာတွေ ၊ ဖုန်းသုံးတာတွေ ရှောင်ပါ။ အခုပြောခဲ့တဲ့ အချက် ၃ ချက်ကို လိုက်နာမယ်ဆိုရင် Body Building ခရီးမှာ အောင်မြင်မှုတွေ ရမှာ အမှန်ပါပဲ။