ရေဓာတ်က လူ့ခန္ဓာကိုယ်အတွက်မရှိလိုအပ်တဲ့ ဓာတ်တစ်မျိုးပါပဲ။ ခန္ဓာကိုယ်အတွက်တစ်နေ့တာလုံလောက်တဲ့ ရေဓာတ်ပမာဏကို ဖြည့်တင်းပေးဖို့ကအရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပါ ၊ ရေသောက်ဖို့ မမေ့ပါနဲ့ဆိုတဲ့ သတိပေးစကားတွေ မကြာခဏကြားနေရတာပါ။ သို့သော် ခန္ဓာကိုယ်ကလိုအပ်တဲ့ရေဓာတ်ပမာဏထက်ကျော်လွန်ပြီး သောက်မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီနေ့တော့ လူတိုင်းသတိထားသင့်တဲ့ ရေအလွန်အကျွံသောက်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေ အကြောင်းပြောပြပေးချင်ပါတယ်။
(၁) Hyponatremia ဖြစ်စေနိုင်တယ်

Source : Medical News Today
Hyponatremia ဆိုတာ ရေအလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်ပေါ်တက်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှ ဆိုဒီယမ်ပမာဏကို လျော့ကျသွားစေတာ ဖြစ်ပါတယ်။ ဆိုဒီယမ်က ဆဲလ်တွေနဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေအတွက် အရေးကြီးတဲ့ဆားဓာတ်ဖြစ်တာကြောင့် ဆိုဒီယမ်ပမာဏလျော့ကျသွားသည်နှင့်တပြိုင်နက် ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ခေါင်းကိုက်ခြင်းတွေ ခံစားရနိုင်တဲ့အပြင် သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။
(၂) ဦးနှောက်ထိခိုက်စေတယ်
![]()
Source : Healthline
ရေအလွန်အကျွံသောက်သုံးခြင်းကနေတဆင့် Hyponatremia သို့မဟုတ် သွေးတွင်းဆိုဒီယမ်ပမာဏလျော့ကျစေနိုင်ပြီး ဦးနှောက်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ လျှာလေးအာလေးဖြစ်ပြီး စကားပြောရခက်ခြင်း ၊ လေဖြတ်ခြင်း ၊ ပြင်းထန်တဲ့ စိတ်ဝေဒနာခံစားရနိုင်ခြင်းနှင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။
(၃) ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်တယ်

Source : HonestDocs
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ပမာဏထက် ပိုလျှံစွာသောက်သုံးမိမယ်ဆိုရင် hypokalemia သို့မဟုတ် ခန္ဓာကိုယ်တွင်း ပိုတက်စီယမ် ions ဓာတ်များကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ပိုတက်စီယမ် ions ဓာတ်ကျဆင်းတဲ့အခါ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အလွန်အကျွံ ချွေးထွက်များခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
(၄) နှလုံးကိုထိခိုက်စေတယ်

Source : Dnevnik.hr
ရေသောက်များခြင်းက နှလုံးပျက်စီးခြင်းကို ဦးတည်နေပြီး နှလုံးကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစီးဆင်းဖို့အတွက် အဓိကအရေးပါတဲ့ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုဖြစ်ပါတယ်။ ရေအလွန်အကျွံသောက်တဲ့အခါ သင့်ခန္ဓာကိုယ်အတွင်းရှိ သွေးပမာဏများတိုးပွားစေတာကြောင့် သွေးကြောများနှင့် နှလုံးကို မလိုလားအပ်တဲ့ ဖိအားတွေဖြစ်ပေါ်စေနိုင်ပါတယ်။
(၅) အူမကြီးကင်ဆာ ဖြစ်စေနိုင်တယ်

Source : HonestDocs
သောက်သုံးရေတွေကို သန့်စင်စေရန် ကလိုရင်းကို အသုံးပြုလေ့ရှိပါတယ်။ ကလိုရင်းက ရေကိုသန့်စင်ပေးတဲ့ဓာတ်တစ်မျိုးဖြစ်သော်လည်း ရေအလွန်အကျွံသောက်မယ်ဆိုရင်တော့ သင့်အနေနဲ့ ကလိုရင်းအလွန်အကျွံသုံးစွဲမှု အန္တရာယ်ရှိလာစေနိုင်ပြီး ၎င်းက ဆီးအိမ်နှင့် အူမကြီးကင်ဆာ ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းပိုများစေပါတယ်။
