ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းပြီး ဗိုက်ပူလာလို့ စိတ်ညစ်နေပြီလား။ ဝမ်းဗိုက်တဝိုက်အဆီများစုဝေးလာရခြင်းက အစားအသောက် ၊ နေထိုင်မှုပုံစံတွေနဲ့ အများကြီးသက်ဆိုင်မှုရှိပါတယ်။ ဒီနေ့မှာတော့ ကြည့်ရဆိုးတဲ့ ဝမ်းဗိုက်အဆီတွေကိုအချိန်တိုအတွင်း အပြတ်ဖြုတ်နိုင်မယ့် ထိရောက်တဲ့ အိမ်တွင်းလေ့ကျင့်ခန်းတွေ မျှဝေပေးချင်ပါတယ်။
လေ့ကျင့်ခန်း (၁)
Source : NnamdiDo
- ဒီလေ့ကျင့်ခန်းအတွက်ကြမ်းပြင်ပေါ်မှာ ပလက်အနေထားနေရာယူပြီး ခြေထောက်နဲ့ လက်ကို အနည်းငယ်ဘေးကိုကား၍ဆန့်ထုတ်ထားပေးရပါမယ်။
- ထို့နောက် ဆန့်ကျင်ဘက်ဖြစ်တဲ့ ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်လက်ကို ထိပေးရပါမယ်။ပြီးရင်တော့ ညာဘက်ခြေထောက်နဲ့ ဘယ်ဘက်လက်ကိုထိပေးရပါမယ်။
- ထိုနည်းအတိုင်း ဘယ်ညာတစ်ဖက်စီ ၂ မိနစ်ခန့် ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၂)
Source : Muscle & Fitness
- ဒီလေ့ကျင့်ခန်းအတွက် လက်နှစ်ဖက်ကိုကြမ်းပြင်ပေါ်ထောက်ပြီး လေးဘက်ထောက်အနေအထား ပုံစံယူပေးရပါမယ်။
- ကျောကိုလည်း အရမ်းကြီးကုန်းမနေစေပဲ တစ်ဖြောင့်တည်းရှိနေဖို့ သတိပြုရပါမယ်။
- ထို့နောက် ဒူးနှစ်ဖက်ကို တောင်တက်တဲ့ပုံစံအတိုင်း ရှေ့ကတံတောင်းဆစ်ကို ထိတဲ့အထိ ဘယ်ညာခပ်မြန်မြန်လေးပြုလုပ်ပေးရပါမယ်။
- ထိုနည်းအတိုင်း ၂ မိနစ်ခန့် ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၃)
Source : MPORT.UA
- ဒီလေ့ကျင့်ခန်းအတွက်ကတော့ Planks ထောက်တဲ့အနေအထားအတိုင်း ကြမ်းပြင်ပေါ်ဘေးထောက်ထားရပါမယ်။
- ထို့နောက်ညာဘက်ခြေထောက်ကို ရှေ့က ထောက်ထားတဲ့ တံတောင်ဆစ်နဲ့ ထိပြီး ပုံမှာပြထားတဲ့အတိုင်း ၁၅ စက္ကန့် ငြိမ်ငြိမ်လေးနေရပါမယ်။
- ထို့နောက် ဘယ်ဘက်ခြေထောက်ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပေးရပါမယ်။
- ခြေထောက်ဘယ်ညာစုစုပေါင်း ၁ မိနစ်စီ ၂ ကြိမ်ခန့်ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၄)
Muscle & Fitness
- ဒီလေ့ကျင့်ခန်းအတွက် အရင်ဆုံးကြမ်းပြင်မှာ လှဲပြီးခြေထောက်နှစ်ဖက်ကို ထောင်ထားရပါမယ်။
- ကိုယ့်ရဲ့ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ ဘေးတစ်ဘက်တစ်ချက်စီမှာကပ်ထားပေးပါ။
- ပြီးရင်တော့ ထောင်ထားတဲ့ ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ အနီးကပ်ဆုံးချပြီး ဗိုက်ကြွက်သားကိုအသုံးပြုကာ ဖြည်းဖြည်းချင်းပြန်မတင်ပေးရပါမယ်။
- ထိုနည်းအတိုင်း ၂ မိနစ်ခန့်ပြုလုပ်ပေးပါ။