သင်စိတ်ဝင်စားတဲ့လူတစ်ယောက်ရဲ့ အာရုံစိုက်မှု (သို့) သတိပြုမှု ရအောင် လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ first impression ကောင်းရဖို့အတွက် ယုံကြည်မှုတွေ body language တွေနဲ့ လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့က အချိန်ယူရပါတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ အာရုံစိုက်မှုကို မြန်မြန်ရယူချင်တယ်ဆိုရင် အခုဆောင်းပါးကိုသာ ဆုံးအောင်ဖတ်လိုက်ပါ။
ပြုံးပါ

Source: Dating-Relationships
ဒီအချက်က ရိုးရှင်းပြီးတော့ အားစိုက်ထုတ်မှု သိပ်မလုပ်ရတဲ့ အချက်ပါ။ လေ့လာမှုတွေအရ လူတစ်ယောက်ရဲ့အပြုံးကို တစ်ခြားလူတွေ လျစ်လျူရှုမထားနိုင်ပါဘူး။ သူစိမ်းတစ်ယောက်ဖြစ်နေရင်တောင် ပြုံးပြတာနဲ့ ခေါင်းညိတ်ပြတာတွေက တစ်စုံတစ်ယောက်ရဲ့အာရုံစိုက်မှုကို ရရှိနိုင်တဲ့ အကောင်းဆုံးနည်းလို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။
အာရုံစိုက်မှုရအောင် အာရုံစိုက်ပေးလိုက်ပါ

Source: Romper
တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်မှုလိုချင်တယ်ဆိုရင် သင်လည်းအလားတူ အာရုံစိုက်ပေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးနည်းကတော့ အဲ့ဒီလူကို မေးခွန်းမေးပြီး သူပြန်ဖြေမယ့် အဖြေကို ဂရုတစိုက်နားထောင်ပေးလိုက်တာပါပဲ။ လူအများစုက သူတို့အကြောင်းပြောရတာကိုကြိုက်ပြီး သူတို့ပြောတာကို နားထောင်ပေးတဲ့လူကိုလည်း သဘောကျနှစ်သက်ကြတယ်။ ဒါ့ကြောင့် တစ်ခြားလူဆီကအာရုံစိုက်မှု လိုချင်တယ်ဆိုရင် ပထမဆုံး သူများကိုအာရုံစိုက်တက်ဖို့ သင်ယူပါ။
မျောက်လိုကျင့်ပါ

Source: Jesus Daily
မျောက်လိုကျင့်ပါဆိုလို တစ်မျိုးမထင်လိုက်ပါနဲ့။ ကိုယ်အာရုံစိုက်မှု လိုချင်တယ် လူလုပ်သလို လိုက်လုပ်ဖို့ ပြောတာပါ။ အဲ့ဒီလူ စကားပြောပုံ အမူအရာ၊ အမူအကျင့်တွေကို အတုခိုးပြီး လိုက်လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက အဲ့ဒီလူရဲ့ အာရုံစိုက်မှုကို ရနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ ကော်ပီကူးတာမျိုးမလုပ်ဖို့တော့ လိုအပ်ပါတယ်။
နှုတ်ဆက်စကားပြောပါ

Source: Taking On Healthy
တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်တာခံချင်ရင် အလွယ်ကူဆုံး နည်းလမ်းကတော့ အဲဒီလူကို နှုတ်ဆက်စကားပြောတာပါပဲ။ “ဟယ်လို”၊ “ဟိုင်း” လို့ပြောပြီး နှုတ်ဆက်လိုက်ခြင်းက တစ်ဖက်လူဆီကနေ တုံ့ပြန်မှုရရှိဖို့ အသေအချာဆုံး နည်းလမ်းတစ်ခုပါ။ ဒီလိုနှုတ်ဆက်စကားပြောလိုက်ခြင်းက သင်ရှိနေတယ်ဆိုတာကို တစ်ဖက်လူသိရှိသွားသလို အပြန်အလှန်စကားပြောဖို့လည်း အခွင့်အရေးရရှိသွားပါလိမ့်မယ်။
အကြိုက်ချင်းမျှဝေတာ

Source: Inc. Magazine
အသွင်သူအကြိုက်ချင်းတူတဲ့လူတွေက ရှေ့သွားနောက်လိုက်ညီကြတယ်။ ဒီလိုလုပ်ဖို့အတွက် တစ်ဖက်လူရဲ့အကြိုက်ကို လေ့လာထားရပါတယ်။ အကယ်၍ တစ်ဖက်လူက စာအုပ်ဖတ်တာကြိုက်နှစ်သက်တယ်ဆိုရင် သူနဲ့တွေ့တဲ့အချိန်မှာ သူကြိုက်တဲ့ စာရေးဆရာရေးထားတဲ့ စာအုပ်သယ်သွားတာမျိုးက အဲ့ဒီလူရဲ့ အာရုံကိုဖမ်းစားဖို့ အကောင်းဆုံးနည်းလမ်းပါ။ ဒါပေမယ့် ကိုယ်သယ်သွားတဲ့ စာအုပ်အကြောင်းတော့ သိအောင်လုပ်ထားဖို့ လိုသေးတယ်နော်။
