ဝိတ်ချခြင်းဆိုတာ ဇွဲရှိဖို့လိုသလို နေ့စဉ်လူနေမှုဘဝမှာလည်း အပြောင်းအလဲတွေကိုလုပ်ဆောင်ရပါတယ်။ အစားအသောက်ထိန်းတာ အချိန်မှန်အိပ်တာ ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေက ကိုယ်အလေးချိန်လျော့ချခြင်းရဲ့အခြေခံကျတဲ့အဆင့်တွေပါ။ ဒီနေ့တော့ ဝိတ်ချချင်သူတွေအတွက် အသုံးဝင်စေမယ့် ကယ်လိုရီများများလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတွေကိုပြောပြပေးချင်ပါတယ်။
(၁) ပြေးခြင်း

Source : Men’s Health
ပြေးခြင်းက ကိုယ်အလေးချိန်ကျစေဖို့ အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းအတွက် တခြားသောပစ္စည်းကိရိယာတွေဘာတစ်ခုမှမဝယ်ရပဲ နေရာမရွေးပြုလုပ်လို့ရပါတယ်။ မိနစ် (၃၀) ခန့်ပြေးရုံဖြင့် ကယ်လိုရီစုစုပေါင်း (၁၆၇) လောင်ကျွမ်းစေပါတယ်။ တစ်ပတ်ကို ၃ ရက်နှင့် တစ်ရက်ကို မိနစ် (၃၀) ခန့် အပြေးလေ့ကျင့်ခန်းပြုလုပ်ပါ။
(၂) ကခုန်ခြင်း

Source : Getty Images
အကဝါသနာပါတဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ကခုန်ခြင်းလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်က အဆီပိုတွေကိုလောင်ကျွမ်းမှုနှုန်းများစေပြီး ကိုယ်အလေးချိန်လျော့ချချင်သူတွေအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်သွယ်လျစေတဲ့အပြင် သက်လုံလည်းပိုကောင်းလာစေတဲ့ အကောင်းဆုံး စိတ်အပန်းဖြေနည်းတစ်မျိုးလည်းဖြစ်ပါတယ်။
(၃) ဝိတ်မခြင်း

Source : Men’s Health
ဝိတ်မခြင်းကတော့ လူကြိုက်များတဲ့ ကိုယ်အလေးချိန်လျော့ချတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဝိတ်မခြင်းက ခန္ဓာကိုယ်ကအဆီတွေကို လောင်ကျွမ်းစေပြီး အဆီနေရာမှာကြွက်သားများပြန်လည်အစားထိုးပေးတာကြောင့် ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်စေတဲ့ အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒါ့ထက်ပိုပြီးလူကြိုက်များစေတဲ့အချက်က တခြားသောလေ့ကျင့်ခန်းတွေထက်စာရင် ဝိတ်မတဲ့လေ့ကျင့်ခန်းက ခန္ဓာကိုယ်ကိုဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေရုံသာမက လေ့ကျင့်ခန်းလုပ်ပြီးနောက်ထပ်နာရီများစွာတိုင်ကယ်လိုရီဆက်လက်လောင်ကျွမ်းနေစေတာဖြစ်ပါတယ်။
(၄) လက်ဝှေ့ကစားခြင်း

Source : Everypixel
လက်ဝှေ့လေ့ကျင့်ခန်းက သင့်ရဲ့ခန္ဓာကိုယ်ကိုအရင်ကထက် ပိုမိုကြံ့ခိုင်လာစေဖို့ ကူညီပေးပြီး ကိုယ်အလေးချိန်လျော့ကျခြင်းအတွက်လည်း ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရ လက်ဝှေ့လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန်ကိုမြန်မြန်လျော့ကျစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့အပြင် ကြွက်သားများသန်မာခြင်း နှလုံးကျန်းမာရေးကောင်းမွန်ခြင်း အမောခံနိုင်ခြင်းစတဲ့ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ရစေတယ်လို့ဆိုပါတယ်။ အခုလို ဘယ်ကနေဘယ်လို အန္တရာယ်တွေရောက်လာနိုင်မလဲ မသိတဲ့ခေတ်ကြီးထဲမှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်တဲ့ ကိုယ်လုံပညာရပ်တစ်မျိုးအဖြစ်လည်း တက်မြောက်ထားရင်အမှားမရှိနိုင်ပါဘူး။
