ယောဂလေ့ကျင့်ခန်းက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုကိုလျော့ကျသက်သာစေတာကြောင့် ညအချိန်မှာပြုလုပ်မယ်ဆိုရင် ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးမှာပါ။ ဒီနေ့တော့ သင့်ရဲ့ အိပ်စက်ခြင်းအရည်အသွေးကို မြင့်တင်ပေးမယ့် အိပ်ရာဝင်ခါနီးပြုလုပ်ပေးသင့်တဲ့ ယောဂလေ့ကျင့်ခန်း (၄) ခုကိုတင်ဆက်ပေးချင်ပါတယ်။
လေ့ကျင့်ခန်း (၁)

Source : Freepik
- အရင်ဆုံး တရားထိုင်တဲ့ပုံစံထိုင်ပေးပါ။
- ပခုံးတွေကိုပင့်ထားစရာမလိုပဲ သက်တောင်သက်သာဖြေလျော့ထားရပါမယ်။
- စိတ်ကိုအတက်နိုင်ဆုံးရှင်းထုတ်ထားပါ။
- မျက်လုံးကိုမှိတ်ထားပြီး အသက်ကိုဖြေးဖြေးချင်းရှုသွင်းရှုထုတ်လုပ်ပေးပါ။
- ထိုနည်းအတိုင်း ၂ မိနစ်ခန့် ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၂)

Source : Global Spa Online
- နံရံနဲ့ ၅လက်မ (သို့) ၆လက်မလောက်ခွာပြီးထိုင်ပေးပါ။
- ထို့နောက်ခန္ဓာကိုယ်ကိုကြမ်းပြင်သို့ လှဲချပြီး ခြေထောက် ၂ ချောင်းကိုနံရံပေါ်သို့ ၉၀ ဒီဂရီထောင်မတ်ပေးရပါမယ်။
- လက်နှစ်ဖက်ကိုတော့ ခန္ဓာကိုယ်ရဲ့ ဘေးဘက် တစ်ဖက်တစ်ချက်စီသို့ သက်တောင့်သက်သာအနေအထား ချထားပေးပါ။
- ထိုနည်းအတိုင်း ၂ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၃)

Source : Stocksy United
- ခြေဖနောင့်ပေါ်မှာထိုင်လျက်အနေအထားပုံစံယူပေးပါ။
- ထို့နောက်ခါးကိုဖြေးဖြေးချင်းရှေ့ကိုကိုင်းချပါ။
- နဖူးကို ကြမ်းပြင်နဲ့ကပ်လျက်အနေအထားနေပြီး လက်နှစ်ဖက်ကိုလည်း ဦးခေါင်းအရှေ့ဖက်သို့ဆန့်ထုတ်ထားပါ။
- ထိုနည်းအတိုင်း ၂ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၄)

Source : Sarah Louise Gibbs
- ကြမ်းပြင်ပေါ်မှာပလက်အနေအထားပုံစံယူလိုက်ပါ။
- ပြီးရင်တော့ ပုံမှာမြင်ရတဲ့အတိုင်း ညာဘက်ဒူးကိုကွေးပြီးခါးကိုလှည့်ကာ စောင်းချလိုက်ပါ။
- ဘယ်ဘက်လက်နှင့် ကွေးထားတဲ့ဒူးကိုကိုင်ထားပေးရမှာဖြစ်ပြီး ညာဘက်လက်ကိုတော့ ကြမ်းပြင်ပေါ်ကိုပဲသက်တောင်သက်သာချထားပါ။
- ထိုနည်းအတိုင်း ဘယ်ညာပြောင်းပြီး တစ်ဖက်ကို ၁ မိနစ်စီပြုလုပ်ပေးရပါမယ်။
