မကြာသေးခင်က လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အကြောလျှော့တာနဲ့ပတ်သတ်ပြီး အကျိုးရှိမရှိကို ငြင်းခုံမှုဖြစ်ခဲ့ပါတယ်။ တချို့ကတော့ လုပ်စရာမလိုဘူးလို့လည်းပြောကြပါတယ်။ သိုပေမယ့် လေ့လာချက်တွေအရတော့ လေ့ကျင့်ခန်းလုပ်ပြီးချိန် အကြောလျှော့တာဟာ ကောင်းကျိုးများစွာရှိတာကို တွေ့ရပါတယ်။ အားကစားလုပ်ပြီးတဲ့အခါ ကြွက်သားနာကျင်တာတွေ၊ တင်းမာတာတွေကို သက်သာစေဖို့ အကြောလျှော့သင့်ပါတယ်။
(၁) ချိတ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးတယ်

Source : Popular Science
ခန္ဓာကိုယ်ရှိ အရိုးအဆစ်တစ်ခုချင်းစီကြားမှာ ချိတ်ဆက်ထားတဲ့ တစ်ရှူးတွေရှိပါတယ်။ လုံလောက်တဲ့အသုံးပြုမှုမရှိတဲ့အခါ ဒီတစ်ရှူးတွေက အားနည်းလာတတ်ပါတယ်။ အဆစ်ကိုဝန်းရံထားတဲ့ကြွက်သားတွေကို အသုံးပြုပြီးကောင်းစွာဆန့်ထုတ်ခြင်းအားဖြင့် အဆစ်ချိတ်ဆက်တစ်ရှူးတွေကို ကြံ့ခိုင်လာစေပါတယ်။
(၂) လှုပ်ရှားမှုနဲ့ ခန္ဓာကိုယ်ပုံစံကို တိုးတက်စေတယ်

Source : Lumo Bodytech
တကယ်လို့ သင်ကလေ့ကျင့်ခန်းလုပ်ပြီးချိန် အကြောမလျှော့ဘဲထားမယ်ဆိုရင် ကြွက်သားတွေပျော့ပြောင်းမနေဘဲ တင်းမာနေတတ်ပါတယ်။ ဒါက သင့်ကြွက်သားတွေရဲ့လုပ်နိုင်စွမ်းကိုအပြည့်အဝ အသုံးမပြုနိုင်အောင်တားဆီး ထားသလိုပါပဲ။ သင့်ရဲ့ကြွက်သားတွေကို အသုံးပြုတဲ့အနေနဲ့ လေ့ကျင့်ခန်းလုပ်ပြီး တိုင်းဆန့်ထုတ်တာက ပိုကောင်းတဲ့လှုပ်ရှားမှုတွေကို လုပ်နိုင်လာပါလိမ့်မယ်။
(၃) ကြွက်သားဒါဏ်ရာရတာကို ကာကွယ်ပေးတယ်

Source : Men’s Journal
အကယ်၍ သင်ရဲ့ကြွက်သားရှိတဲ့နေရာကို ရုတ်တရတ်ဆန့်ထုတ်လိုက်တယ်ဆိုရင် တင်းမာသွားတာ သို့မဟုတ် စုတ်ပြဲသွားတာမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့သာ သင်ကကြွက်သားတွေလှုပ်ရှားနိုင်တဲ့ အတိုင်းအတာကို တိုးချဲ့ပေးတဲ့အခါ သင့်မှာဒါဏ်ရာရနိုင်ခြေ လျော့နည်းသွားပါလိမ့်မယ်။ လေ့ကျင့်ခန်းမလုပ်မီဖြစ်စေ၊ လုပ်ပြီးတဲ့အခါဖြစ်စေ အကြောလျော့ပေးတာကကြွက်သားတွေဆီကို သွေးစီးဆင်းစေပြီး တင်းမာမှုကိုကြောင့် ဒါဏ်ရာရနိုင်တာကို ကာကွယ်ပေးပါတယ်။
(၄) သွေးလည်ပတ်မှုကောင်းစေတယ်

Source : Smashing Fifty
လေ့ကျင့်ခန်းတစ်ခုလုပ်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးကသွေးတွေကို နှလုံးဆီကိုမြန်မြန်ရောက်အောင်ပို့ပေးတဲ့အတွက် နှလုံးခုန်မြန်လာပါတယ်။ အကြောဆန့်ပေးတဲ့အခါ ခန္ဓာကိုယ်ကိုတည်ငြိမ်စေပြီး နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေတဲ့ အပြင် ကြွက်သားတွေကိုအနားရစေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကောင်းတဲ့အတွက် ကြွက်သားတွေဆီကို အောက်ဆီဂျင်နဲ့ အဟာရဓါတ်တွေလည်း ရစေပါတယ်။
