ကျန်းမာရေးသုတေသီတွေကတော့ ရောဂါပိုးမွှားတွေအများဆုံးရှိနေနိုင်တဲ့နေရာတွေထဲမှာ Gym ကိုလည်း ထည့်သွင်းထားပါတယ်။ ဟုတ်ပါတယ် Gym ဆိုတာ လူအများဆုံး ဝင်ထွက်သွားလာတဲ့နေရာတွေထဲ တစ်ခုဖြစ်တာကြောင့် မမြင်နိုင်တဲ့ ကပ်ပါလာနိုင်တယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ Gym ကစားမယ်ဆိုရင် အခုပြောပြမယ့်အခြေခံအချက်လေးတွေကိုလိုက်နာဖို့အကြံပြုချင်ပါတယ်။
(၁) ရေဗူးယူသွားပါ

Source: BP Guide India
Gym သွားတဲ့အခါ မဖြစ်မနေယူသွားရမယ့် ပစ္စည်းတွေထဲမှာ ကိုယ်ပိုင်ရေဗူးကလည်း နံပါတ်တစ်ပါပဲ။ ရေဗူးယူဖို့မေ့လာရင်လည်း ၁ လီတာ ရေသန့်ဗူးအသစ်တစ်ဗူး ဝယ်သွားပါ။ Gym မှာထားပေးတဲ့ ရေဗူးရေခွက်တွေမှာ ပိုးမွှားပေါင်းစုံကပ်ညှိနေနိုင်တဲ့အတွက် အကောင်းဆုံးကတော့ ကိုယ်ပိုင်ရေဗူးဆောင်သွားတာဟာ ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါပဲ။
(၂) အဝတ်အစားဂရုစိုက်ပါ

Source: Oxii.vn
Gym ဆော့ရင်ဝတ်တဲ့ အဝတ်အစားတွေကို တစ်ရက်လျှင်တစ်စုံသာ ဝတ်ဆင်သင့်ပါတယ်။ Gym ၁ နာရီလောက် ဆော့တုန်းလေးဝတ်တာပဲ နောက်နေ့ ပြန်ဝတ်လို့ရဦးမှာပါဆိုပြီးတော့ နောက်ရက်မှာ လုံးဝပြန်မဝတ်လိုက်ပါနဲ့။ Gym ဆော့ပြီး အိမ်ပြန်ရောက်တာနဲ့ သေချာလျှော်ဖွတ်ပြီး လှန်းထားမှသာ အနံ့အသက်ကင်းစင်တဲ့ အဝတ်အစားတွေဖြစ်မှာပါ။ လူတစ်ယောက်မှာ Gym ဆော့ရင်ဝတ်ဖို့ အနည်းဆုံးအဝတ်အစား ၃ စုံလောက်တော့ ရှိထားသင့်ပါတယ်။
(၃) တဘက်တစ်ထည်ယူသွားပါ

Source: Muscle & Fitness
Gym ဆော့တဲ့အခါ ချွေးကအနည်းနဲ့ အများထွက်လာမှာသေချာပါတယ်။ ဒီလိုချွေးထွက်လာတဲ့အခါ လက်နဲ့သုတ်ချမယ်ဆိုရင်တော့ ဘယ်လိုမှအဆင်ပြေမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့လက်ဟာ Gym မှာရှိတဲ့ စက်ပစ္စည်းကိရိယာတွေကို ကိုင်တွယ်ထားတဲ့အတွက် မမြင်နိုင်တဲ့ပိုးမွှားတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့်အကောင်းဆုံးက အိမ်ကယူလာတဲ့ သဘက်လေးနဲ့ ချွေးသုတ်မယ်ဆိုရင် အသင့်တော်ဆုံးဖြစ်မှာပါ။
(၄) Gym ကစားပြီးတိုင်း ကိုယ်လက်သန့်စင်ပါ

Source: Era Organics
Gym ဆော့ပြီးပြီဆိုတာနဲ့ အိမ်တန်းပြန်ဖို့ပဲ စိတ်ကူးမနေပါနဲ့။ အရင်ဆုံးကိုယ်လက်သန့်စင်ပြီးမှသာ အိမ်ပြန်ပါ။ Gym မှာရှိတဲ့ ပစ္စည်းကိရိယာတွေဟာ လူအများနဲ့ အတူတူကိုင်တွယ်အသုံးပြုရတာဖြစ်တဲ့အတွက် ကိုယ်ရဲ့လက်တွေမှာ ဘက်တီးရီးယား ပိုးမွှားတွေများစွာရှိနေနိုင်ပါတယ်။ ဒါကြောင့် Gym ဆော့ပြီးတိုင်းမှာ မဖြစ်မနေဆပ်ပြာနဲ့ သေချာစွာဆေးကြောဖို့လိုပါတယ်။
