လူတစ်ယောက်ကို စပြီး တွေ့လိုက်ချိန်တိုင်း သူ့ရဲ့ ရုပ်ရည်နဲ့ လှုပ်ရှားပြောဆိုပုံကို ကျွန်တော်တို့ဟာ ချက်ချင်းအကဲဖြတ်လေ့ရှိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း တခြားသူတွေရဲ့ အမြင်မှာ ခန့်ညားပြီး ကြည့်ကောင်းစေချင်ကြတာပါပဲ။ ရုပ်ရည်ကို ပိုပြီး ကြည့်ကောင်းအောင် ခန့်ညားဖို့ဆိုရင် အခုပြောမယ့်အချက်လေးတွေ လုပ်ပေးလို့ရနိုင်ပါတယ်။
(၁) ကိုယ်လုံးကိုယ်ပေါက်ကို ပြုပြင်ခြင်း

Photo: Freepik
သိပ်ပိန်လွန်းတာကလည်း အဝလွန်တာလိုပဲ ကြည့်ရတာ ရုပ်ဆိုးစေပါတယ်။ရုပ်မလှရင်တောင် ကိုယ်လုံးကိုယ်ပေါက်က ကြံ့ခိုင်သန်စွမ်းပြီး ကြွက်သားဖွဲ့စည်းပုံခန့်ညားရင် ကြည့်ကောင်းမှာ အမှန်ပါပဲ။
(၂) သန့်သန့်ပြန့်ပြန့် နေခြင်း

Photo: Freepik
ပိုပြီး ဆွဲဆောင်မှုကောင်းချင်ရင် ကိုယ့်ရဲ့ Grooming Skills ကို မြှင့်တင်ဖို့ လိုပါတယ်။ သန့်သန့်ပြန့်ပြန့်နဲ့ ကြည့်ကောင်းအောင် လုပ်ဖို့က မခက်ပါဘူး။ ဒီဘက်ခေတ်မှာ ဆံပင်ပုံစံကနေ ကိုယ်နံ့သင်းပျံ့ဖို့အထိ အကူအညီပေးမယ့် အလှကုန်ပစ္စည်းတွေလည်း အများကြီးရှိပါတယ်။ အနည်းဆုံးတော့ နေ့စဉ်ရေမိုးချိုးပါ။ တတ်နိုင်သလောက် Skin Care ပါ။
(၃) တက်ကြွထက်သန်မှု ရှိခြင်း

Photo: Freepik
ယောင်္ကျားတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့အချက်တစ်ခုက သူ့ရဲ့ ပြင်းပြထက်သန်တဲ့ စိတ်နဲ့ သွက်လက်လှုပ်ရှားမှုရှိခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ရုပ်ရည်လှတာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ထက်သန်နိုးကြားတဲ့သူတွေကို ပိုနှစ်သက်သဘောကျကြပါတယ်။
(၄) အကောင်းမြင်စိတ် ရှိခြင်း

Photo: Freepik
အပြုသဘောဆန်တဲ့ စိတ်နေစိတ်ထားဟာ လှပတဲ့အရာဖြစ်ပါတယ်။ လူတွေအကြားမှာ အကောင်းမြင်စိတ်ရှိသူဟာ လူချစ်လူခင်များလေ့ရှိပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းအားဖြင့် ပြုံးနိုင်ရယ်နိုင်တာကြောင့် ရုပ်ရည်လည်းပိုပြီး ကြည့်ရတာ ဆွဲဆောင်မှုရှိတတ်ပါတယ်။
