ဆောင်းတွင်းမှာ လူအများစုကတော့ စောင်ထဲမှာပဲ ကွေးနေချင်ကြတယ်။ အိပ်ရာစောစောထပြီး လမ်းလျှောက်တာ gym သွားတာမျိုးတွေ မလုပ်ချင်ကြဘူး။ အခုလိုဆောင်းတွင်းမှာ ပိုပြီးအိပ်ချင်တာကြောင့် လေ့ကျင့်ခန်းလုပ်ချိန်တွေ လျှော့သွားတာ မလုပ်တာတွေ ရှိကြတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဆောင်းတွင်းမှာ အားကစားလုပ်ချင်စိတ်လေးရှိလာအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
Indoor workout လုပ်ကြည့်ပါ

Source: Raw Pressery
အပြင်မထွက်ချင်ဘူးဆိုရင်တော့ အိမ်ထဲမှာပဲ ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ကြည့်ပေးပါ။ တက်ကြွနေစေဖို့အတွက် ပစ္စည်းကိရိယာတွေ မလိုအပ်ပါဘူး။ အဓိက က ခန္ဓာကိုယ်လှုပ်ရှားပြီး ကယ်လိုရီလောင်ကျွမ်းဖို့နဲ့ ကြွက်သားတွေ လှုပ်ရှားနေဖို့ပါပဲ။ အိမ်တွင်းမှာ ယောဂကျင့်တာ စတဲ့ ရိုးရှင်းတဲ့လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပေးပါ။
Activities အသစ်တွေ ပြုလုပ်ကြည့်ပါ

Source: Best Health Magazine
နေ့စဉ်တူညီတဲ့ လေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်နေခြင်းက ပျင်းရိဖွယ်ကောင်းပြီးတော့ တက်ကြွနေဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် Activities အသစ်တွေမှာ ပါဝင်လှုပ်ရှားပေးပါ။ ဥပမာ လုပ်နေကျမဟုတ်တဲ့ အကသင်တန်း (သို့) ကိုယ်ခံပညာသင်တန်းတက်ကြည့်ပါ။ ဒါတွေစိတ်မဝင်စားဘူးဆိုရင် မာရသွန်ပြိုင်ပွဲတွေ စက်ဘီးစီးပြိုင်ပွဲတွေ ဝင်ပြိုင်ကြည့်ပါ။
ဘာကြောင့်လုပ်နေရတာလဲဆိုတာကို ရေးချပါ

Source: Aaptiv
လေ့ကျင့်ခန်းလုပ်ရန် တက်ကြွနေစေဖို့အတွက်က ရေးချထားဖို့ပါပဲ။ စာရွတ်တစ်ရွတ်ယူပြီး ဘာကြောင့် လေ့ကျင့်ခန်းတွေလုပ်နေရတာလဲဆိုတာကို ရေးချထားလိုက်ပါ။ အဲ့တာကို အိပ်ရာဘေးမှာ (သို့) ရှေ့မှာ ကပ်ထားလိုက်ပါ။ အိပ်ယာနိုးတာနဲ့ အဲ့စာရွတ်ကို အလွယ်တကူမြင်နိုင်မှာပါ။ စိတ်ပညာရှင်တွေကတော့ ဒီနည်းက လေ့ကျင့်ခန်းလုပ်ဖို့အတွက် စိတ်ကိုနိုးကြားစေတယ်လို့ ပြောထားပါတယ်။
သူငယ်ချင်းနဲ့ အဖော်ပြုပြီး လေ့ကျင့်ခန်းလုပ်ပါ

Source: Times of India
သင့်သူငယ်ချင်း (သို့) အပေါင်းအသင်းတွေကလည်း တက်ကြွနေစဖို့ အကူအညီပေးနိုင်ပါတယ်။ သူတို့တွေက သင့်ကို တက်တက်ကြွကြွနဲ့ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ တွန်းပို့ပေးနေပါလိမ့်မယ်။ သင့်သူငယ်ချင်းတွေနဲ့ Gym အတူတူဆော့တာကလည်း သင့်ကို လေ့ကျင့်ခန်းလုပ်ချင်စိတ်ဖြစ်စေသလို Workout မလုပ်ဖြစ်မဲ့ အခွင့်အရေးလည်း နည်းသွားမှာဖြစ်ပါတယ်။
