နှစ်တစ်နှစ်ကုန်ခါနီးဆိုတာ တစ်နှစ်တာကာလလုံးကို ပြန်ပြောင်းစဉ်းစားရမယ့် အချိန်ဆိုပေမယ့် ပိုအရေးကြီးတာက အနာဂတ်အတွက်ကြိုတင်စီစဉ်ဖို့ဖြစ်ပါတယ်။ လူတော်တော်များများက နှစ်သစ်ရောက်ပြီဆိုတာနဲ့ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး နှစ်သစ်ရည်မှန်းချက်တွေ ချမှတ်ကြပါတယ်။ ဒီနေ့ပြောပြပေးမှာက သင့်အနေနဲ့နှစ်သစ်မှာ ချမှတ်သင့်တဲ့ ရည်မှန်းချက်တွေအကြောင်း ပြောပြပေးမှာပါ။ ရည်မှန်းချက်တွေဆို ပေမယ့် ခက်ခဲတဲ့အရာတွေ မဟုတ်ဘဲ လွယ်လွယ်ကူကူနဲ့အရေးကြီးတဲ့ အချက်လေးတွေဖြစ်ပါတယ်။ သင်လုပ်နိုင်တဲ့အရာသေးသေးလေး တွေကစတင်မှ သင့်ဘဝကိုပြောင်းလဲနိုင်မှာပါ။ ကဲဒါဆို အခုပဲဖတ်ကြည့်လိုက်ပါဦး။
(၁) ကျန်းမာစေမယ့် အစားအသောက်တွေကို ရွေးချယ်ပါ

Source : The Hope Hermitage
ပထမဆုံးအချက်ကတော့ သင့်ကိုကျန်းမာစေတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးဖို့ဖြစ်ပါတယ်။ Time မဂ္ဂဇင်းရဲ့အဆိုအရ ဒီရည်မှန်းချက်က အကျိုးအများဆုံးရည်မှန်းချက်ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူတော်တော်များများက လအနည်းငယ်လောက်ပဲ ထိန်းထားနိုင်ပြီး နောက်ပိုင်းကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်စားစာတွေ၊ အချိုရည်တွေကိုပဲ ပြန်စားကြတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သင့်လျော်တဲ့ကိုယ် အလေးချိန်ကိုထိန်းထားနိုင်ပြီးကျန်းမာစေဖို့တစ်နှစ်တာလုံး ကောင်းမွန်မှန်ကန်တဲ့အစားအသောက်တွေကို ရွေးချယ်စားဖို့ကြိုးစားသင့်ပါတယ်။
(၂) လေ့ကျင့်ခန်း ပိုလုပ်ပါ

Source : Hardworkout
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေရွေးချယ်စားတာလိုပဲ သင့်ခန္ဓာကိုယ်ကြံ့ခိုင်အောင်အားကစားလုပ်တာကလည်း အရေးကြီးနှစ်သစ်ရည်မှန်းချက်တစ်ခုပါပဲ။ အခုခေတ်မှာ လူတော်တော်များများအားကစားလုပ်ကြ တာ ၊ GYM သွားကြတာကိုလည်း မြင်ရမှာပါ။ ဒါပေမယ့် ဒီရည်မှန်းချက်က အလုပ်တစ်ဖက်၊ မိသားစုတစ်ဖက်နဲ့ တစ်နှစ်တာလုံးလုပ်ဆောင်ဖို့ လက်လျှော့တတ်ကြတဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်မှာကျန်းမာကြံ့ခိုင်ဖို့ ရည်မှန်းချက်ချမှတ်ထားတယ်ဆိုရင် အသေးစိတ်အစီအစဉ်တွေ ချမှတ်ထားပြီး ပုံမှန်လုပ်ဆောင်ဖို့လိုပါတယ်။
(၃) ငွေစုပါ (သို့) အသုံးစရိတ်လျှော့ပါ

Source : USC Credit Union
နှစ်ဟောင်းကုန်ပြီးတဲ့နောက် နှစ်သစ်မှာလူတွေဟာသူတို့ရဲ့ ကိုယ်ပိုင်ဘဏ္ဍာရေးကို ထိပ်ဆုံးမှာရှိဖို့မျှော်လင့်တက် ကြပါတယ်။ တချို့က ငွေစုစာအုပ်ထဲမှာငွေတွေပိုတိုးဖို့ ကြိုးစားကြသလို တချို့ကလဲပေးစရာရှိတဲ့ အကြွေးကိုမြန် မြန်ဆပ်ဖို့လုပ်ကြပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း နှစ်သစ်ကစပြီး မလိုအပ်တဲ့ငွေကြေးသုံးစွဲမှုတွေကို ဖယ်ထုတ်ပြစ်ကာ စီစစ်သုံးစွဲဖို့ အကြံပြုချင်ပါတယ်။
(၄) ဆေးလိပ်ဖြတ်ပါ

Source : Greenizone
တကယ်လို့ သင်ကဆေးလိပ်သောက်တတ်သူတစ်ဦးဆိုရင် သင့်ရဲ့နှစ်သစ်ရည်မှန်းချက်တွေထဲမှာထည့်သင့်တာက ဆေးလိပ်လျှော့သောက်ဖို့ ဒါမှမဟုတ် ဖြတ်ဖို့ပါ။ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာများရဲ့အဆိုအရ ဆေးလိပ်ဖြတ်ဖို့ စောလွန်းတယ်ဆိုတာမရှိပါဘူး။ ပျမ်းမျှအားဖြင့် ဆေးလိပ်ဖြတ်ဖို့ကြိုးစားသူတွေဟာ (၄) ကြိမ်လောက်ပဲကြိုးစားပြီး လက်လျှော့လိုက်ကြလေ့ရှိတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့နှစ်သစ်မှာ ဆေးလိပ်ဖြတ်ဖို့ရည်မှန်းချက်ထားမယ်ဆိုရင် လွယ်လွယ်ကူကူလက်မမြောက်လိုက်ဖို့ အကြံပေးချင်ပါတယ်။
(၅) မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ပိုဖြုန်းပါ

Source : The Active Times
နှစ်သစ်ရည်မှန်းချက်တွေထဲက အရေးကြီးဆုံးတစ်ခုကတော့ သင့်မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေကိုပိုအချိန်ပေးဖို့ဖြစ်ပါတယ်။ သင့်ရဲ့အချိန်တွေကအလွန်တန်ဖိုးရှိပြီး အများစုက အလုပ်တွေကျောင်းတွေနဲ့ပဲ လုံးပန်းနေရတဲ့အတွက် မိသားစုကိုအချိန်ပေးဖို့မေ့နေတတ်ကြပါတယ်။ သင်ချစ်ရသူတွေနဲ့အတူတူအချိန်ကုန်ဆုံးတာက ဘဝအတွက်အမြဲတမ်းအမှတ်တရတွေကို ပေးနိုင်မှာပါ။ ဒါ့ကြောင့်နှစ်သစ်ရည်မှန်းချက်တွေချမှတ်မယ်ဆိုရင် သင့်မိသားစု၊ သူငယ်ချင်းတွေကိုအချိန်ပေးနိုင်ဖို့ကိုလဲမမေ့ပါနဲ့ဦး။
