ပြီးခဲ့တဲ့နှစ်မှာ Gymရုံတွေ ပိတ်လိုက်ပေမယ့် ဒီနှစ်မှာ အားကစားခန်းမတွေထဲ ပြန်သွားရဖို့ ရှိပါတယ်။ နှစ်သစ်မှာ Plan သစ်တွေနဲ့ သွားကြတဲ့ ထုံးစံအတိုင်း ဒီနှစ်မှာ Workout Plan သစ်နဲ့ Gym ခန်းတွေထဲ ဝင်ရအောင်ပါ။ ဒီတော့ ဒီနှစ်အတွက် ဘယ်လို Workout Plan သစ်တွေ နဲ့ အားကစားလုပ်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ အကြံတချို့ ပေးချင်ပါတယ်။

(၁) အိပ်ချိန်ပေးဖို့ မမေ့ပါနဲ့

Photo: Freepik

အားကစားလုပ်တော့မယ်ဆိုရင် အိပ်ရေးဝဖို့လည်း လိုပါတယ်။ အခြေခံဆိုပေမယ့် အိပ်ရေးဝဝ အိပ်ဖို့ကလည်း အရေးကြီးတာ မမေ့ပါနဲ့။ အရင်လို ဖုန်းကိုင်ပြီး အိပ်ရာဝင်တာမျိုး ရှောင်ပါ။ ဂိမ်းကစားချင်ရင်တောင် နေ့လည်ဘက်ပဲ ကစားပါ။ ညဘက်တွေမှာ စောစောအိပ်ပြီး အိပ်ချိန်အပြည့်ယူဖို့ အစီအစဉ်ဆွဲပါ။

(၂) Gym Plan ရှိပါစေ

Photo; Freepik

Gym Plan ဆိုလို့ များများစားစား မဟုတ်ပါဘူး။ သွေးပူ Warm-Up ကစားတာ ၊ အားကစား Workout လုပ်တာ ၊ အဆုံးသတ်ကစားတာကနေ သွေးအေးပြီး ချွေးတိတ်ဖို့အတွက် အချိန်ပေးဖို့ ဖြစ်ပါတယ်။ ဥပမာ သွေးပူလေ့ကျင့်ခန်းအတွက် ၇ မိနစ် ၈ မိနစ်အထိ လှုပ်ရှားမှုပေးပြီး အားကစား Workout အတွက် မိနစ် ၂၀ /အစိတ်လောက် အချိန်ပေးဖို့ပါ။ ပေါ့ပေါ့ပါးပါး Abs ကစားတာ လေးငါးမိနစ်နဲ့ အကြောလျှော့ရင်း ချွေးတိတ်သွားအောင် ကစားတာ ၁၅ မိနစ်လောက် အချိန်ချန်ထားသင့်ပါတယ်။

(၃) Strength ပိုကစားပေးပါ

Photo: Freepik

ပြီးခဲ့တဲ့နှစ်က အားကစားမလုပ်ခဲ့ဘဲ အဆီတက်ခဲ့လို့ ဒီနှစ် တွန်းပြီး ကစားပေးရမှာပါ။ နေ့တိုင်း ၄၅ မိနစ်အားကစားလုပ်ရုံနဲ့ မထိရောက်ပါဘူး။ ကိုယ့်ရဲ့ နှလုံးခုန်နှုန်း အနားရပြီး စွမ်းအင်တက်လာအောင် အချိန်ပေးဖို့နဲ့ ကိုယ်အများဆုံး မ,နိုင်တဲ့ ဝိတ်ရဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ လေးတာမဖို့လိုပါတယ်။

အားကစားတစ်မျိုးစီကိုလည်း ၃ ကျော့ကနေ ၄ ကျော့ ကစားပေးသင့်ပါတယ်။ အားကစားလုပ်ရာမှာလည်း ဝိတ်မတာ ၊ Squat ထိုင်တာ ၊ Shoulder ကစားတာအထိ လှုပ်ရှားမှုစုံအောင် ကစားပေးဖို့ လိုပါတယ်။ အားကစားတစ်ခု လုပ်တိုင်းမှာလည်း ဝိတ်ပဲမမ, Abs Workout ပဲလုပ်လုပ် ကိုယ်လုပ်တဲ့အားကစားပေါ်မှာ စိတ်စိုက်ထားပြီး လှုပ်ရှားရမှာပါ။

(၄) သန့်ရှင်းပြီး လတ်ဆတ်တဲ့ အစားအသောက် ရွေးစားပါ

Photo: Freepik

အားကစားလုပ်တဲ့သူဟာ ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ အဆီများ/အငံများတဲ့ အစားအသောက်တွေ အစား အစိမ်းရောင်အသီးအရွက်တွေနဲ့ ကောက်ပဲသီးနှံအစေ့အဆံတွေ ပိုပြီးစားပေးသင့်ပါတယ်။ အကောင်းဆုံးက Diet Plan ထားပြီး စားပေးဖို့ပါပဲ။ ဒီအတိုင်း Workout Plan နဲ့ ကစားသွားမယ်ဆိုရင် နှစ်သစ်မှာ အမိုက်စားဘော်ဒီပိုင်ရှင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရမှာ ဖြစ်ပါတယ်။